ကွီးတို့အသားအရေသည် ဂရုစိုက်ရင် ဂရုစိုက်ပေးသလိုပဲ နုဖတ် သွားပြီး ဆယ်ကျော်သက် အရွယ် လို ပြန်ဖြစ်သွားမှာပါ။ ကိုယ့်အသားအရေကို အဲ့ဒီလိုမျိုး နုဖတ် သွားပြီး ဆယ်ကျော်သက် အရွယ် လို ပြန်လည် ကြည့်ကောင်းသွားစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများနဲ့ ပြုလုပ်နိုင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပြုလုပ်ပြီးတိုင်းမှာ မျက်နှာသစ်ပါ

Asian young man washing his face

မနက် နိုးရင် တစ်ခါ၊ အိပ်ခါနီး (သို့) ရေချိုးတဲ့အချိန်မှာ တစ်ခါ မျက်နှာ သစ်ပေးဖို့ လိုအပ်ပါတယ်။ အနည်းဆုံးတော့ အပြင်က ပြန်လာတာနဲ့ မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် မျက်နှာပေါ်မှာ ကပ်ငြိနေတဲ့ ကြေးညှော်များ ပျောက်ကင်းမှာပဲ ဖြစ်ပါတယ်။ မျက်နှာသစ်ဆေး ရွေးချယ်တဲ့အခါမှာလည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို သေချာ ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။

(၂) မျက်နှာကို တစ်ပတ် ၂ ကြိမ် ပေါင်းတင်ပါ

မျက်နှာကို တစ်ပတ် ၂ ကြိမ် ပေါင်းတင်ပါ

ယနေ့ခေတ်မှာ မျက်နှာပေါင်းတင်တဲ့ Sheet Mask တွေက အမျိုးအစား အမျိုးမျိုး ရှိနေပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာ အမျိုးအစားကို သေချာ ရွေးချယ်ကာ ကပ်နိုင်ပါတယ်။ မျက်နှာ ပေါင်းတင် ကပ်ခွာကိုတော့ တစ်ပတ်ကို အနည်းဆုံး (၂) ကြိမ်မှ အများဆုံး (၃) ကြိမ်အထိ ကပ်နိုင်ပါတယ်။

(၃) ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ တိုနာ အသုံးပြုပါ

နုဖတ် အရွယ်

မျက်နှာသစ်ပြီးတဲ့အခါ မဖြစ်မနေ ပြုလုပ်ရမယ့်အချက်ကတော့ တိုနာ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။​ တိုနာက ချွေးပေါက်အထဲသို့ သန့်စင်ပေးပြီး ကွီးတို့ အသားအရေကို ပိုမို နူးညံ့လာစေမှာပါ။ မျက်နှာသစ်ဆေးက မဖယ်ရှားပေးနိုင်တဲ့ အညစ်အကြေးများကိုလည်း ဖယ်ရှားပေးပြီး အသားအရေကိုလည်း ရေဓာတ် ဖြည့်ပေးပါတယ်။

(၄) Moisturizer အသုံးပြုဖို့ မမေ့ပါနဲ့

နုဖတ် အရွယ်

ကွီးတို့က အမျိုးသမီးတွေလို Skincare အဆင့်တွေ အများကြီး လိုက်မလုပ်နိုင်ဘူးဆိုရင်တောင်မှ Moisturizer လေးကိုတော့ သေချာ လိမ်းကျံပေးသင့်ပါတယ်။ ကိုယ်က ဘယ်လိုအသားအရေ ပိုင်ရှင်မျိုးပဲ ဖြစ်နေပါစေ၊ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်ဆိုပြီး မလိမ်းဘဲ နေလို့ မရပါဘူး။ လိမ်းကို လိမ်းသင့်ပါတယ်။ Moisturizer လိမ်းကျံပေးမှသာလျှင် အသားအရေက ပိုမို ဝင်းပ စိုပြေလာမှာ ဖြစ်ပါတယ်။

(၅) နေလောင်ကာခရင်မ် မှန်မှန် လိမ်းပါ

နုဖတ် အရွယ်

နေပူထဲ ထွက်တော့မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ်ကို မှန်မှန် လိမ်းကျံပေးသင့်ပါတယ်။ မိနစ် ၃၀ ခန့် ကြိုတင် လိမ်းကျံပေးထားရင်တော့ အကောင်းဆုံးပါပဲ။ ဒါမှသာလျှင် အသားအရေက နေလောင်ဒဏ်ကြောင့် ပျက်စီးတာမျိုး မဖြစ်တော့ဘဲ ကြည့်ကောင်းနေမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြား ကင်ဆာဖြစ်ပွားခြင်းမှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။​

ကွီးတို့ရော ကိုယ့်အသားအရေကို နုဖတ် သွားပြီး ဆယ်ကျော်သက် အရွယ် လိုမျိုး ပြန်လည် ပျိုမျစ်သွားတာမျိုး မလိုချင်ဘူးလား။

Source: Aad.org

Featured Image: Freepik