ကို​ယ်ချစ်ရတဲ့ ချစ်သူလေးကို တစ်သက်လုံး တင့်တောင်းတင့်တယ်ထားပြီး ပေါင်းသင်းနေထိုင်ချင်ကြတာကတော့ လူကြီးလူကောင်း ဆန်တဲ့ ပုရိသတွေရဲ့ ဆန္ဒတစ်ခုပါပဲ။ ဒီလိုမျိုး လက်ထပ်ဖို့ဆိုတာကလည်း ပြင်ဆင်ရမှာတွေ အများကြီးရှိပါတယ်။ ထိုအထဲကမှ လက်ထပ်ခွင့် တောင်းခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးဆီကနေ “Yes” ဆိုတဲ့ အဖြေကို လိုချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ပြင်ဆင် ပြီးမှ လက်ထပ်ခွင့် တောင်းသင့်ပါတယ်။

စေ့စပ်လက်စွပ်ကို သေချာရွေးထားပြီးပြီလား

man propose

ကွီးတို့ ချစ်သူ ကောင်မလေးရဲ့ လက်အတိုင်းအဆက ဘယ်လောက်ရှိသလဲ၊ သူ(မ)က ဘယ်လို လက်စွပ်မျိုးကို ဘဘောကျသလဲ စတာတွေကို အကုန် စီစဥ်ထားဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် လက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ် ပြန်လုပ်လေ့ရှိပါတယ်။​ ကွီးတို့တစ်ယောက်တည်း သူ(မ) မသိအောင် တိတ်တိတ်လေး စီစဥ်ချင်တာဆိုရင်တော့ သူ(မ)ရဲ့ အကြိုက်ကို သေချာ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

ရက်ကောင်းရက်မြတ် ရွေးထားပြီးပြီလား

man propose

ရက်ကောင်းရက်မြတ်ဆိုတာထက် နှစ်ဦးသားစလုံးအတွက် အဓိပ္ပါယ် ရှိတဲ့ ရက်တစ်ရက်ဆိုရင်တော့ ပိုကောင်းပါတယ်။ ဥပမာ ချစ်သူသက်တမ်း နှစ်ပတ်လည် ရက်တွေမှာ လုပ်နိုင်ပါတယ်။ တကယ်လို့ ထိုနေ့မှာ နှစ်ယောက်စလုံးက မအားဘူးဆိုရင်တော့ နှစ်ယောက်စလုံး အားတဲ့ ရက်တစ်ရက်ကို သေချာ ရွေးသင့်ပါတယ်။

ဘယ်နေရာမှာ လက်ထပ်ခွင့် တောင်းမှာလဲ

man propose

လက်ထပ်ခွင့် တောင်းမယ့် နေရာကိုလည်း သေချာ ရွေးချယ်သင့်ပါတယ်။ နေရာ အရွေးမတော်ရင်တော့ ရိုမန့်တစ် မဆန်ဘဲ ဖြစ်သွားပါလိမ့်မယ်။ အကုန်လုံး ပြင်ဆင် ပြီးခါမှ နေရာက ရိုမန့်တစ် မဆန်ဘူးဆိုရင်တော့ ကွီးတို့ တစ်သက်လုံး တစ်ဗျစ်တောက်တောက် အပြောခံရပြီလို့သာ မှတ်လိုက်ပါတော့။

အချိန်ရော သတ်မှတ်ထားပြီးပြီလား

ပြင်ဆင် လက်ထပ်ခွင့်

များသော အားဖြင့်တော့ ညပိုင်းအချိန်တွေမှာ လက်ထပ်ခွင့် တောင်းကြပါတယ်။ ညပိုင်းမှာ ရောင်စုံမီးလုံးများနဲ့ အလှဆင်ထားနိုင်တာကြောင့် ပိုမို လှပပြီး ပိုမိုအသက်ဝင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။​ ဖြစ်နိုင်မယ်ဆိုရင်တော့ ညနေ နေဝင်ရီတရော (သို့) ညအချိန်မှာ ပြုလုပ်တာ အကောင်းဆုံးပါပဲ။

သင့်တော်တဲ့ ဝတ်စုံကိုရော ရွေးချယ်ပြီးပြီလား

ပြင်ဆင် လက်ထပ်ခွင့်

ကွီးတို့ကိုယ်တိုင်ကလည်း ဖက်ရှင်ကျကျနဲ့ သားသားနားနား ဝတ်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ပြီးတော့ ကွီးတို့ ချစ်သူကိုလည်း သာမန် ချိန်းတွေ့တယ်လို့သာ ပြောထားပြီး လှလှပပ ဝတ်ဆင်လာဖို့လည်း တစ်ဖက်လှည့်နဲ့ ပြောဖို့ လိုအပ်ပါလိမ့်မယ်။ ဘယ်လောက်ပဲ စပရိုက် တိုက်တိုက် သူ(မ)က ထိုနေ့ရက်လေးကို ပြန်လည် သတိရ တမ်းတတဲ့အခါ သူ(မ) လှလှပပ ဖြစ်နေတာမျိုးကိုပဲ ပြန်လည် အမှတ်ရချင်မှာမဟုတ်လား။

သူ(မ) မိဘများကိုရော ခွင့်တောင်းပြီးပြီလား

ပြင်ဆင် လက်ထပ်ခွင့်

ကွီးတို့ ယောက္ခမလောင်းဆီက အသိအမှတ် ပြုခံရပြီးပြီလား။ အရင်ဦးဆုံး ယောက္ခမလောင်းတွေဆီက အသိအမှတ် ပြုခံရတာမျိုးကို ပြုလုပ်ပြီးမှသာ လက်ထပ်ခွင့်တောင်းသင့်ပါတယ်။ ဒါမှ အဆင့်ကျော်တယ်လို့ အပြောမခံရမှာပါ။ လက်ထပ်ခွင့် မတောင်းခင်မှာ သူ(မ) အိမ်ကို ဝင်ထွက် သွားလာတာမျိုးတွေ၊ သူ(မ) မိဘနဲ့ တွေ့ဆုံတာမျိုးတွေ ပြုလုပ်ရပါမယ်။

ကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကိုရော ငှားရမ်းပြီးပြီလား

ပြင်ဆင် လက်ထပ်ခွင့်

ကွီးတို့ရဲ့ ချစ်ကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်လေးကို တစ်သက်လုံး အမှတ်တရဖြစ်သွားအောင် သိမ်းထားချင်တယ်ဆိုရင်တော့ ကျွမ်းကျင်ပိုင်နိုင်တဲ့ ဓာတ်ပုံဆရာကောင်းကောင်းတစ်ယောက် ငှားရမ်းသင့်ပါတယ်။ မကျွမ်းကျင်တဲ့ ဓာတ်ပုံဆရာတွေဆိုရင်တော့ ကွီးတို့ ဓာတ်ပုံ ထွက်လာတဲ့အခါ ဒေါသ ချောင်းချောင်းထွက်သွားရပါလိမ့်မယ်။

ကွီးတို့ရော ကိုယ့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ။

Source: Upsidedownevents

Featured Image: Freepik