ကွီးတို့ ရှော်တီလေးက ကွီးတို့ကို တကယ် ချစ်လား မချစ် ဘူးလား ဆိုတာကို မ သိ ချင်ဘူးလား။ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်များနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။​ ကွီးတို့ ရှော်တီလေးက ကွီးတို့ကို တကယ် ချစ်လား မချစ် ဘူးလားဆိုတာကို သိ သိသာသာ ကွက်ကွက်ကွင်းကွင်းကြီးကို မြင်တွေ့ရပါလိမ့်မယ်။

ကွီးတို့ကို မခေါ်ဘဲ မနေနိုင်ဘူး

ကွီးတို့ကို မခေါ်ဘဲ မနေနိုင်ဘူး

တကယ်လို့ ကွီးတို့ကောင်မလေးနဲ့ ကွီးတို့သည် ၄၈ နာရီကျော် ကြာသည်အထိ အဆက်အသွယ်မလုပ်ဘူး၊ စကားမပြောဖြစ်ဘူး၊ မက်ဆေ့ချ်မပို့ဖြစ်ဘူး၊ ဖုန်းမပြောဖြစ်ဘူးဆိုရင် သေချာပါတယ် ကွီးတို့နှစ်ယောက်ကြားက အခြေအနေတွေသည် အန္တရာယ်ရှိကြောင်းကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတာကတော့ နှစ်ယောက်ထဲက တစ်ယောက်က အခြားတစ်ယောက်အပေါ်  စိတ်မဝင်စားတာမျိုး၊ မကြိုက် မနှစ်သက်တော့တာမျိုးလည်း ဖြစ်နိုင်သလို၊ မာနတွေ တင်းခံနေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

တကယ်ချစ်တယ်ဆိုရင် မာနတွေသည် ဘေးသို့ အလိုလို ရောက်သွားပါပြီ။ တကယ်ချစ်တဲ့သူတွေသည် ၄၈ နာရီကို တောင့်ခံဖို့မပြောနဲ့ ၁၂ နာရီ၊ ၂၄ နာရီအတွင်းမှာတောင် အဆက်အသွယ်မလုပ်ဘဲ မနေနိုင်ကြပါဘူး။ တကယ်လို့ ကွီးတို့ရဲ့ ကောင်မလေးက ကွီးတို့ကို တဂွမ်ဂွမ်နဲ့ ဖုန်းဆက်နေတယ် ၊ တဒေါင်ဒေါင်နဲ့ မက်ဆေ့ချ် ပို့နေတယ်ဆိုရင် ကွီးတို့ကို စိတ်ဝင်စားလို့၊ စိတ်ပူလို့ပဲ ဖြစ်ပါတယ်။

လမ်းခွဲစကားကို လွယ်လွယ်မပြောဘူး

မချစ် သိ

ထစ်ခနဲရှိ လမ်းခွဲစကား ခဏ ခဏ ပြောတတ်နေတဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထားပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ချစ်သူက ကွီးတို့ကို တကယ် မချစ် ဘူးဆိုတာ သိ သာပါတယ်။ တကယ်ချစ်တဲ့သူက လမ်းခွဲစကားကို ပြောရဲတဲ့ သတ္တိမရှိပါဘူး။ မတော်လို့ လမ်းခွဲစကားပြောမိလို့ ကွီးတို့က လမ်းခွဲလည်း ရတာပဲဆိုတာကို ပြန်ပြောမယ်ဆိုရင် သူ(မ) အသည်းကွဲပြီး ကျန်ခဲ့မှာကို ကြောက်လို့ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ရည်းစားသက်တမ်းကို ပြန်ပြောင်းစဥ်းစားကြည့်ပါ။ လွန်ခဲ့တဲ့ ၅ လအတွင်း လမ်းမခွဲခဲ့ဘူးဆိုရင်တော့ အခြေအနေကောင်းပါတယ်။ ရန်ဖြစ်တဲ့အခါမှာလည်း တစ်ယောက်တင်းရင် အခြားတစ်ယောက်က လျော့ပေးတယ်။ ကိုယ် အရမ်းစိတ်တိုနေရင် သူ(မ) ဘက်က ပြန်လျော့ပေးတယ်။ ဒီလိုမျိုး အပေးအယူမျှတစွာ လုပ်ဆောင်တတ်ရင်တော့ ထိုသမီးရည်းစားဆက်ဆံရေးသည် ရေရှည်တည်တံ့ခိုင်မြဲမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရှေ့မှာ အကောင်းမြင်ခံချင်ကြတယ်

မချစ် သိ

ကွီးတို့ ကောင်မလေးသည် ကွီးတို့ရှေ့မှာ အသည်းအသန်တွေ အလုပ်ကြိုးစားပြတာမျိုး (သို့) အသည်းအသန် စာကြိုးစားပြတာမျိုး (သို့) တစ်စုံတစ်ခုမှာ တော်ကြောင်း ပြချင်တာမျိုးတွေကို ကြုံဖူးပါသလား။ ဒီလိုမျိုး ကွီးတို့ရှေ့မှာ တော်ကြောင်း ပြချင်တယ်ဆိုတာ ကြွားဝါချင်လို့၊ ဆရာကြီးလုပ်ချင်လို့၊ တတ်ကြောင်းပြချင်လို့ မဟုတ်ပါဘူး။ ကွီးတို့ဆီက ချီးကျူးစကားကြားချင်တာဖြစ်ပြီး ၊ ငါ့ကောင်မလေးက အရမ်းတော်ပါလားဆိုတဲ့ ဂုဏ်ယူဝံ့ကြွားမှုမျိုးကို ကွီးတို့ကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။

ကဲ… ကွီးတို့ ကောင်မလေးကရော ကွီးတို့ကို တကယ်ချစ်ရဲ့လား။

Source: Mensjournal

Featured Image: Unsplash