ကွီးတို့ရဲ့ ရှော်တီလေးနဲ့ LDRS ဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ကွီးတို့ရဲ့ ရှော်တီလေးက စိတ်မပါလို့ ချစ်တင်းမနှောချင်တဲ့ အချိန်မှာပဲဖြစ်ဖြစ် ကွီးတို့က လက်သိုင်းနဲ့ပဲ နှစ်ပါးသွားရတဲ့အဖြစ်မျိုး တစ်ခါတလေ ကြုံဖူးကြပါလိမ့်မယ်။ လက်သိုင်းကျင့်တာပဲလေဆိုပြီး အထင်မသေးလိုက်ပါနဲ့။ လက်သိုင်း ကျင့် ရုံနဲ့တင် အခုဖော်ပြပေးမယ့် ကောင်းကျိုး များကို ခံစားရရှိနိုင်ပါတယ်။

(၁) အချိန်ကြာကြာ ချစ်တင်းနှော နိုင်အောင် ကူညီပေးခြင်း

အချိန်ကြာကြာ

ရှော်တီလေးနဲ့ ချစ်တင်းမနှောခင် လက်သိုင်းကျင့်ခြင်းအားဖြင့် ကွီးတို့ ရှော်တီလေးနဲ့ ချင်းတင်းနှော ချိန်မှာ အချိန်ကြာကြာ ချစ်တင်းနှော နိုင်အောင် ကူညီပေးပါလိမ့်မယ်။ လက်သိုင်းကျင့်ပြီး ကွီးတို့ရဲ့ အာရုံခံစားနိုင်စွမ်းကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ကွီးတို့အတွက်ပါပဲ။

(၂) စိတ်ဖိစီးမှုများ၊ စိတ်ပူပန်မှုများအား လျော့ချပေးနိုင်ခြင်း

စိတ်ဖိစီးမှုမျာ

ခေါင်းထဲမှာ ရှုပ်ထွေးနေတဲ့ အတွေးတွေ၊ စိတ်ဖိစီးစရာတွေ၊ စိတ်ပူပန်စရာတွေကို လက်သိုင်းကျင့်ခြင်းနဲ့ ဖယ်ရှားပေးနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးပြီလား။ လက်သိုင်း ကျင့်ခြင်းအားဖြင့် ကွီးတို့ ခေါင်းထဲမှာ ပြည့်နှက်နေတဲ့ အတွေးတွေ၊ စိတ်ရှုပ်ထွေးစရာတွေကို ဖယ်ရှားနိုင်တာကလည်း ကောင်းကျိုး များထဲက တစ်ခုပဲဖြစ်ပါတယ်။

(၃) ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

လက်သိုင်း ကောင်းကျိုး

ကွီးတို့ လက်သိုင်းကျင့်ပြီးနောက် သုတ်ထွက်လာတဲ့တစ်ပြိုင်နက်တည်းမှာပဲ ကွီးတို့ခန္ဓာကိုယ်ထဲကနေ Oxytocin နှင့် Cortisol လို့ခေါ်တဲ့ ဟော်မုန်းများ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ထိုဟော်မုန်းများသည် ကွီးတို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးဖို့ အကူအညီ ဖြစ်စေပါတယ်။ ဒီအချက်ကတော့ သက်သေမရှိဘဲ လျှောက်ပြောထားတာတော့ မဟုတ်ပါဘူး။ ထုတ်ဝေပြီးသားဖြစ်တဲ့ သုတေသန လေ့လာချက်များအရ သုံးသပ်ထားတာပဲ ဖြစ်ပါတယ်။

(၄) စိတ်ခံစားချက်များကို ကောင်းမွန်စေခြင်း

လက်သိုင်း ကောင်းကျိုး

ကွီးတို့ရဲ့ ပြီးမြောက်မှု အထွတ်အထိပ်အထိ ရောက်ပြီးသွားတဲ့အချိန်မှာ ကွီးတို့ ဦးနှောက်ထဲကနေ Endorphins လို့ခေါ်တဲ့ ဟော်မုန်းများ ထွက်ရှိလာပြီး ကွီးတို့ရဲ့ ခံစားချက်ကို ပိုမိုကောင်းမွန်လာအောင် ကူညီပေးပါတယ်။ ဒါ့အပြင် Dopamine နှင့် Oxytocin တို့သည် ကွီးတို့ကို အာရုံစူးစိုက်နိုင်စွမ်း ကောင်းမွန်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။

(၅) နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျအောင် ကူညီပေးခြင်း

လက်သိုင်း ကောင်းကျိုး

တကယ်လို့ ကွီးတို့က ညဘက်မှာ အိပ်မောကျဖို့ ခက်ခဲနေတယ်ဆိုရင်တော့ အိပ်ရာ မဝင်ခင်မှာ လက်သိုင်း ကျင့်ကြည့်လိုက်ပါ၊ ကောင်းကျိုး ကို ချက်ချင်း ခံစားရမှာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ လက်သိုင်းကျင့်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်က နေလို့ ထောင်လို့ ကောင်းသွားမှာဖြစ်ပြီး စိတ်ရော ကိုယ်ပါ အေးချမ်းကာ ပြီးပြည့်စုံသွားတဲ့ ခံစားချက်ကို ခံစားရမှာပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ စိတ်အေးစေတဲ့ ဟော်မုန်းများ ထွက်ရှိလာမှာဖြစ်ပြီး ကွီးတို့ကို အိပ်မောကျအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ အကျိုးကျေးဇူးတွေကို အကုန်လုံး ခံစားဖူးပါသလား။

Source : Premiermensmedical

Featured Photo : Healthline