အမျိုးသားများသည် သူတို့ရဲ့ အငယ်ကောင် အရွယ်အစားနဲ့ ပတ်သက်ပြီး များစွာ စိတ်မလုံမခြုံ ခံစားရလေ့ရှိတတ်ကြပါတယ်။ ချစ်တင်းနှော နေရင်းနဲ့ အမောမခံနိုင်တော့ဘဲ လမ်းတစ်ဝက်မှာ အငယ်ကောင် သေးသွားမှာကိုလည်း စိုးရိမ်ပူပန်တတ်ကြပါတယ်။
ဒီလိုမျိုး ချစ်တင်းနှော နေရင်းနဲ့ လမ်းတစ်ဝက်မှာတင် ကွီးတို့ရဲ့ အငယ်ကောင် သေးသွားရခြင်း အကြောင်းအရင်း များစွာ ရှိပါတယ်။ ဒီလိုမျိုး သေးသွားရခြင်းက ကွီးတို့ရဲ့ သက်လုံနဲ့လည်း သက်ဆိုင်သလို၊ ခံစားနေရတဲ့ ကျန်းမာရေး အခံကြောင့်လည်း သက်ဆိုင်ပါတယ်။
ကွီးတို့ရဲ့ အငယ်ကောင် သေးသွားရခြင်း အဓိက အကြောင်းအရင်းကတော့ (၄) ချက် ရှိပါတယ်။
(၁) အသက်အရွယ်
ကွီးတို့ အသက်အရွယ်ရလာသည်နှင့်အမျှ ကွီးတို့ရဲ့ အငယ်ကောင် အရွယ်အစားသည်လည်း တဖြည်းဖြည်း သေးသွားတတ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ သွေးကြောလေးတွေထဲမှာ အဆီများ စုပုံတတ်လာပြီး ညီလေးဆီသို့ သွေးစီးဆင်းမှုကို လျော့ကျသွားစေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကွီးတို့ညီလေးသည် အားနည်းသွားတတ်ကာ အရွယ်အစား သေးသွားရခြင်းပဲဖြစ်ပါတယ်။
(၂) အဝလွန်ခြင်း
အဝလွန်ခြင်းကြောင့် ကွီးတို့ ညီလေးက သေးသွားရတာမျိုး မဟုတ်ဘဲနဲ့ ကွီးတို့ ခန္ဓာကိုယ်က အဆီတွေ တဖြည်းဖြည်း စုလာပြီး ဝလာတဲ့အတွက်ကြောင့် ညီလေးက အရွယ်အစား သေးသွားတဲ့ပုံ ပေါ်သွားရတာဖြစ်ပါတယ်။ ဒါ့အပြင် အဝလွန်သူများအနေနဲ့ ဆီးသွားတဲ့အခါမှာ အခက်အခဲ ကြုံရတာမျိုးလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။
(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းက ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေး တစ်ခုလုံးကို ဆိုးရွားစေရုံသာမကဘဲ အဆုတ်ကင်ဆာရောဂါကိုလည်း ခံစားရစေပါတယ်။ ဒါ့အပြင် ဆေးလိပ် အသောက်များခြင်းကြောင့် ပန်းသေ ပန်းညှိုး ရောဂါကိုလည်း ခံစားရေစနိုင်ပါတယ်။
(၄) ဆီးအိတ် ခွဲစိတ်မှု ခံယူထားခြင်း
ဆီးကျိတ်ကင်ဆာ ရောဂါကို ခံစားရတဲ့ အမျိုးသားများသည် ခွဲစိတ်မှု အပြီးမှာ သူတို့ရဲ့ ညီလေး သေးငယ်သွားတယ်လို့ ပြောကြားထားကြပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ ခွဲစိတ်မှုအပြီးမှာ ယာယီ ပန်းသေ ပန်းညှိုးခြင်းကို ခံစားရလို့ပဲဖြစ်ပါတယ်။ ယာယီ ပန်းသေ ပန်းညှိုခြင်းကြောင့် ကွီးတို့ရဲ့ ညီလေးကလည်း အရွယ်အစား ကျုံ့သွားပြီး သေးငယ်သွားရတာဖြစ်ပါတယ်။
ချစ်တင်းနှော နေရင်းနဲ့ လမ်းတစ်ဝက်မှာ ကွီးတို့ အငယ်ကောင် သေးမသွားဖို့အတွက် ဘယ်လိုကာကွယ်နိုင်မလဲ။
ကွီးတို့ အငယ်ကောင် သေးမသွားဖို့အတွက်တော့ ကွီးတို့ရဲ့ နေထိုင်မှုပုံစံတစ်ခုလုံးကို ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အခုဖော်ပြပေးမယ့် အချက်များအားလုံးကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။
(၁) ဆေးလိပ် ဖြတ်ပါ။
(၂) ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။
(၃) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို များများ စားသုံးပါ။
(၄) အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ။
(၅) မူမမှန်စရာတစ်ခုခု တွေ့ရှိပါက ဆရာဝန်ထံ ကုသမှု အမြန်ဆုံး ခံယူပါ။
ကွီးတို့ရော ကိုယ့် အငယ်ကောင်ရဲ့ အရွယ်အစားကို စိတ်ပူတဲ့အထဲမှာ ပါပါသလား။
Source: Blog.ochsner.org
Featured Image: Menshealth