အမျိုးသားထုကြီးတို့သည် ကိုယ့်ရဲ့ ယေဘုယျကျန်းမာရေးကို ဂရုစိုက်ကြပေမယ့် ကိုယ့် ညီလေးရဲ့ ကျန်းမာရေးကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ကွီးတို့ ညီလေးက ကျန်းမာမှသာလျှင် ချစ်တင်းနှော တဲ့အခါမှာ အိုကေ စိုပြေ မှာပါ။

ကွီးတို့ ညီလေးက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အချက်များလည်း အများအပြားရှိပါတယ်။

  • လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ
  • သွေးတိုးရောဂါ
  • Testosterone Level နိမ့်နေခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
  • ညီလေးရဲ့ အရေပြား ရောဂါများ ခံစားနေရခြင်း အစရှိတဲ့ ကျန်းမာရေး ပြဿနာများကလည်း ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို အခုဖော်ပြမယ့် နည်းလမ်းများနဲ့ ကျန်းမာရေးကောင်းအောင် ဂရုစိုက်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ

ကွီးတို့ စားသုံးတဲ့ အစားအစာပေါ် မူတည်ပြီး ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးသည်လည်း ပြောင်းလဲဿွားတတ်ပါတယ်။ ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်သော အစားအစာများ၊ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်သော အစားအစာများကို စားသုံးခြင်းအားဖြင့် ကွီးတို့ရဲ့ သွေးလှည့်ပတ်စီးဆင်းမှု ကောင်းမွန်လာစေပြီး ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ

ချစ်တင်းနှော စိုပြေ

ကွီးတို့ ညီလေး ကောင်းမွန်စွာ ထောင်မတ်နိုင်ဖို့အတွက် မဖြစ်မနေ ပြုလုပ်သင့်တဲ့ အရာတစ်ခုကတော့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းအားဖြင့် ကွီးတို့ ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းမွန်လာပြီး ကွီးတို့ ညီလေးဆီသို့ သွေးစီးဆင်းမှာ ကောင်းမွန်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ရောဂါများလည်း မခံစားရမှာပါ။ ဒါ့ကြောင့် တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ရေဓာတ် ပြည့်ဝအောင် နေထိုင်ပါ

ချစ်တင်းနှော စိုပြေ

ရေဓာတ် ခမ်းခြောက်ခြင်းသည်လည်း ကွီးတို့ ချစ်တင်းနှော ဖို့ရာမှာ မအိုခေ မ စိုပြေ အောင် တားဆီးနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက်တဲ့အခါမှာ ကွီးတို့ ညီလေးကလည်း ကောင်းစွာ ထောင်မတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကွီးတို့ ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝအောင်လို့ ရေများများ သောက်သုံးဖို့ လိုအပ်ပါတယ်။

အိပ်ရေး ဝဝ အိပ်စက် အနားယူပါ

ချစ်တင်းနှော စိုပြေ

ကွီးတို့ အိပ်ရေး ဝဝ အိပ်စက်နိုင်ခြင်းကလည်း ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ကွီးတို့ ခန္ဓာကိုယ်သည် ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ရန်အတွက် တစ်နေ့လျှင် အနည်းဆုံး ၇ နာရီခန့် အိပ်စက်သင့်ပါတယ်။ ဒါသည် သိပ္ပံနည်းကျ သက်သေပြထားတဲ့ အချက်များကို အခြေခံပြီး ပြောပြထားတာပဲဖြစ်ပါတဘ်.​တစ်ကယ်လို့ ကွီးတို့သည် လိုအပ်ချိန်ထက် မအိပ်ဘဲနေမယ်ဆိုရင်တော့ နှလုံးရောဂါ၊ စိတ်ကျရောဂါတို့ကို ခံစားရနိုင်ပါတယ်။ ထိုရောဂါများကနေတဆင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကိုပါ လာထိနိုင်ပါတယ်။

ကွီးတို့ရော တစ်ညလျှင် အချိန်ဘယ်လောက်ကြာကြာ အိပ်စက် အနားယူလေ့ရှိပါသလဲ။

၇ နာရီ ပြည့်အောင်ရော အိပ်စက် အနားယူနေရဲ့လား။

Source : Hims.com

Featured Photo : Antiagingvancouver