ကွီးတို့ အသက်အရွယ်ကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပေါ်ခြင်းက ကွီးတို့ရဲ့ ချစ်တင်းနှောခြင်း ဖြစ်စဥ်အပေါ် အကျိုးသက်ရောက်မှု ရှိစေတယ်ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ ကိုယ့်ရှော်တီလေးနဲ့အတူတူ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ ချစ်တင်းနှော ခြင်းကို ပိုင်ဆိုင် ဖို့အတွက်ဆိုရင် ကွီးတို့သည် သိထားသင့်တာတွေ သိထားဖို့ လိုအပ်ပါတယ်။

အခုဖော်ပြမယ့် အချက်များကို သိထားမယ်ဆိုရင် ကွီးတို့ ရှော်တီလေးနဲ့အတူတူ သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ ချစ်တင်းနှော ခြင်းကို ပိုင်ဆိုင် နိုင်မှာ အသေအချာပါပဲ။

(၁) နှိုက်နှိုက် ချွတ်ချွတ် လေ့လာထားပါ

နှိုက်နှိုက် ချွတ်ချွတ် လေ့လာထားပါ

ဘယ်လိုအရာမျိုးကို လေ့လာထားရမလဲဆိုရင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို နှိုက်နှိုက် ချွတ်ချွတ် လေ့လာထားရပါမယ်။ ကိုယ့် ကျန်းမာရေးတစ်ခုတည်း အတွက်တင် မကပါဘူး။ ကွီးတို့ ရှော်တီလေးရဲ့ ကျန်းမာရေးအတွက်ပါ လေ့လာရပါမယ်။ ဒါမှသာလျှင် နှစ်ဦးသားစလုံးအတွက် ပျော်ရွှင်ဖွယ်ကောင်းပြီး ကျန်းမာရေး မထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

(၂) အချိန် တစ်ခု ယူပါ

အချိန် တစ်ခု ယူပါ

ကွီးတို့သည် အသက်အရွယ် ရလာသည်နှင့်အမျှ ကွီးတို့ ညီလေးရဲ့ လုပ်ဆောင်မှုသည်လည်း နှေးကွေးသွားတတ်ပါတယ်။ ထိုအချိန်မျိုးမှာ ကွီးတို့ နှစ်ယောက်စလုံးသည် ခန္ဓာကိုယ်ရဲ့ ပြောင်းလဲသွားမှုကို လက်ခံဖို့ လိုအပ်ပါတယ်။ မျိုးပွားအင်္ဂါ လုပ်ဆောင်မှုက နှေးကွေးသွားတဲ့အတွက်ကြောင့် စိတ်ကြွလာဖို့အတွက်လည်း အချိန်ယူရပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့သည် ချစ်တင်းမနှောခင်မှာ အချိန်တစ်ခုယူဖို့ လိုအပ်ပါတယ်။

(၃) ချောဆီ အသုံးပြုပါ

ချစ်တင်းနှော ပိုင်ဆိုင်

ချစ်တင်းမနှောခင်မှာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကနေ သဘာဝ ချောဆီများ ထွက်ရှိလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ သဘာဝ ချောဆီ မထွက်တဲ့အခါမျိုးမှာဆိုရင် ထုတ်လုပ်ထားတဲ့ ချောဆီများကို အားကိုးဖို့ လိုအပ်လာပါတယ်။ ဈေးကွက်ထဲမှာ ချောဆီ အရည်နှင့် ဂျယ် ချောဆီဆိုပြီး အမျိုးအစား နှစ်မျိုးရှိပြီး အနံ့တွေကတော့ အမျိုးမျိုး ကွဲသွားတတ်ပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ အနံ့ပေါ် မူတည်ပြီး ချောဆီ အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတဘ်။

(၄) အထိအတွေ့နဲ့ အစပြုပါ

ချစ်တင်းနှော ပိုင်ဆိုင်

ကွီးတို့ ရှော်တီလေးကပဲ ဖြစ်ဖြစ်၊ ကွီးတို့ ကိုယ်တိုင်ကပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်နေတဲ့အခါမျိုးမှာ၊ စိတ်ဖိစီးမှု များနေတဲ့အခါမျိုးမှာ ချစ်တင်းနှောဖို့လည်း စိတ်ပါမှာ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ သာယာကြည်နူးဖို့ကောင်းတဲ့ ချစ်တင်းနှော ခြင်းမျိုးကိုလည်း ပိုင်ဆိုင် နိုင်မှာ မဟုတ်တော့ပါဘူး။ ထိုအချိန်မျိုးမှာဆိုရင် အပွေ့အဖက်၊ အထိအတွေ့တွေက စကားပြောလာပါပြီ။ ပွေ့ဖက်လိုက်မယ်၊ နူးညံ့တဲ့ အထိအတွေ့လေးနဲ့ ထိတွေ့ပေးလိုက်မယ်၊ နမ်းရှုံ့ပေးလိုက်မယ်ဆိုရင်ပဲ စိတ်ညစ်စရာများ ပြေပျောက်သွားပါလိမ့်မယ်။ ထိုမှတဆင့် ကွီးတို့သည် ချစ်တင်းနှောဖို့ကို တဖြည်းဖြည်းချင်း အဆင့်တက်နိုင်ပါတယ်။

(၅) စိတ်ပြေလက်ပျောက်ဖြစ်စေမယ့် အရာတစ်ခုခုကို အတူတူ ပြုလုပ်ပါ

ချစ်တင်းနှော ပိုင်ဆိုင်

ကွီးတို့ နှစ်ဦးသားစလုံးအတွက် စိတ်ပြေလက်ပျောက် ဖြစ်စေမယ့် အရာတစ်ခုခုကိုလည်း ချစ်တင်းမနှောခင်မှာ အတူတူ ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ ရုပ်ရှင်အတူတူ ကြည့်တာပဲဖြစ်ဖြစ်၊ ရိုမန့်တစ်ဆန်တဲ့ ညစာ အတူတူ စားတာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ နှစ်ဦးသားစလုံး ဝါသနာပါတဲ့ အရာတစ်ခုခု ပြုလုပ်ပြီးလည်း အတူတူ အချိန်ကုန်ဆုံးနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရှော်တီလေးနဲ့အတူတူ ပျော်ရွှင် ကြည်နူးဖွယ်အတိပြီးတဲ့ ချစ်တင်းနှော ခြင်းကို ပိုင်ဆိုင် နိုင်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားလေ့ရှိပါသလဲ။

Source : Health.harvard.edu

Featured Photo : Business Insider