ကာရာဘောင်းဖလား ဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ချဲလ်ဆီးပရိသတ်တွေ တောင်းဆိုခဲ့ကြပါတယ်။
Photo : Goal.com
အရန်ကစားသမား ၊ လူငယ်ကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ ယာဂင် ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ အသင်းခေါင်းဆောင် ဗန်ဒိုက်ရဲ့ ၁ လုံးတည်းသော အဖိုးတန်သွင်းဂိုးနဲ့ ဒီရာသီ ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်လာခဲ့တာပါ။ ဒီရလဒ်အပေါ် ချဲလ်ဆီးပရိသတ်တွေကတော့ အင်မတန် ပေါက်ကွဲနေကြပြီး ဒါဟာ နည်းပြပိုချက်တီနိုရဲ့ ” ရှက်ဖို့အကောင်းဆုံး ရလဒ် ” ပဲလို့ ပြောဆိုနေကြပါတယ်။
လီဗာပူး နောက်ခံလူ ဗန်ဒိုက်ဟာ ဒုတိယပိုင်း အချိန်ပိုပြီးဆုံးခါနီး ပွဲချိန် ၁၁၈ မိနစ် အရောက်မှ ဆီမီကတ်စ် ကန်တင်ပေးပို့လိုက်တဲ့ ထောင့်ကန်ဘောကနေတဆင့် အလှပဆုံး
ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။
အဆိုပါ ရှုံးပွဲကြောင့် ချဲလ်ဆီးအသင်းဟာ အင်္ဂလန်သမိုင်းတစ်လျှောက် ပြည်တွင်းရှုံးထွက်ဖလား ဗိုလ်လုပွဲ ၆ ကြိမ်ဆက်တိုက် ရှုံးနိမ့်တဲ့ ပထမဆုံးကလပ်အသင်း ဖြစ်လာခဲ့ပြီး နည်းပြ ပိုချက်တီနိုကိုလည်း ရာထူးကနေ ချက်ချင်းထုတ်ပယ်ဖို့ ပရိသတ်တွေက တောင်းဆိုလာခဲ့ကြတာပါ။
ဒါပေမယ့်လည်း ပရိသတ်တချို့ကတော့ နည်းပြ ပိုချက်တီနို အပေါ် ကိုယ်ချင်းစာပေးခဲ့ကြပြီး အခုလို ဆိုးရွားလှတဲ့ ရလဒ်အတွက် သူ့ကို အပြစ်မတင်သင့်ဘူးလို့ ငြင်းခုံခဲ့ကြပါတယ်။
Photo : CNN
ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်း အနေနဲ့ အကောင်းဆုံး ကြိုးစား ကစားသွားခဲ့ပြီး ဂိုးရရှိနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ကောင်းကောင်း အသုံးမချနိုင်ခဲ့သလို လီဗာပူးလူငယ်ဂိုးသမား ကယ်လက်ဟာရဲ့ အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်မှုကလည်း ချဲလ်ဆီးတို့ ဂိုးရဖို့အတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်စေခဲ့ကာ ဒီရာသီ ဆုဖလား ၁ လုံးကို လက်လွှတ်ဆုံးရှုံး လိုက်ရတာပဲ ဖြစ်ပါတယ်။
Featured Photo : The Irish Sun