ကွီးတို့ရဲ့ ညီလေးသည် အရွယ်အစား၊ အရောင်၊ ဒီဇိုင်းကာလာအနေအထားသည် တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ အချို့ကလည်း ထူထူထဲထဲ ဆိုဒ်ပြည့် ဂိုက်ပြည့်ရှိပေမယ့် တချို့ကျတော့ အလယ်အလတ်အရွယ်အစားမျိုး ပိုင်ဆိုင်ထားကြပါတယ်။ တချို့ကျတော့လည်း ဆိုဒ်ပြည့် ဂိုက်ပြည့် မရှိလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းနေတတ်ကြပါတယ်။ ဒီကြားထဲမှာမှ ကွီးတို့ စကီလေးက ကြီးမား တောင့်တင်း နေမှ ချစ်တင်းနှော ချင်တာလို့ ပူဆာနေရင်တော့ သွားပါလေရော။
တကယ်လို့ ကွီးတို့က ကိုယ့် ညီလေး အရွယ်အစားနဲ့ ပတ်သတ်ပြီး ကွန်းဖီးဒန့် ကျနေတယ်၊ ကိုယ့် ညီလေးကို ကြီးမား တောင်းတင်း မှ ချစ်တင်းနှော ချင်တဲ့ ရှော်တီလေးရဲ့ အကြိုက်ကို လိုက်ချင်နေတယ်၊ အရွယ်အစား ကြီးလာအောင် ကြိုးပမ်းချင်တယ်ဆိုရင် ဘာမှ လျှောက်ပြီး လက်တည့်မစမ်းခင် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီး ကွီးတို့ရဲ့ ခံစားနေရတဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုပါ။ ကွီးတို့ရဲ့ ဆရာဝန်ကလည်း ကွီးတို့နဲ့ သင့်တော်မယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးပါလိမ့်မယ်။
တကယ်လို့ ကွီးတို့က ခွဲစိတ်မှုတွေ ဘာတွေ မလုပ်ချင်ဘူး၊ သဘာဝအတိုင်း နည်းလမ်းကောင်းတွေရာ မရှိဘူးလားဆိုရင်…
သဘာဝ နည်းလမ်းတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကွီးတို့ ထင်သလောက် ရလဒ်က မြန်ဆန်မှာ မဟုတ်သလို၊ တစ်သက်လုံး အရွယ်အစားက ကြီးနေမှာမဟုတ်ဘဲ ယာယီသာ ကြီးနေမှာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ ကိုယ်တိုင် စမ်းကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် နည်းလမ်းများနဲ့ စမ်းသပ်နိုင်ပါတယ်။
ဆွဲဆန့်ခြင်း နည်းလမ်း
ကွီးတို့ လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက်မှာ အကြောလျော့ လေ့ကျင့်ခန်းများကို ပြုလုပ်ဖူးကြပါလိမ့်မယ်။ အခုပြုလုပ်မယ့် နည်းလမ်းကလည်း ထိုနည်းလမ်းနဲ့ ဆင်တူပါတယ်။ ဒီနည်းလမ်းက ကွီးတို့ရဲ့ ညီလေးကို ယာယီ အရွယ်အစား ထူထူထဲထဲလေးနဲ့ ရှည်လာအောင် ကူညီပေးပါလိမ့်မယ်။
ပြုလုပ်ရမယ့် နည်းကတော့
အဆင့် (၁) ကွီးတို့ ညီလေးရဲ့ ခေါင်းပိုင်းကို တင်းတင်းကြပ်ကြပ်လေး ကိုင်ထားပါ။
အဆင့် (၂) ထို့နောက် ညီလေးကို ဆွဲဆန့်လိုက်ပါ။ ၁၀ စက္ကန့်ခန့် ဆွဲဆန့်ထားပေးလိုက်ပါ။
အဆင့် (၃) ထို့နောက် ဆွဲဆန့်လျက်သား အနေအထားနဲ့ပဲ ဘယ်ဘက်သို့ လားရာပြောင်းကာ ၁၀ စက္ကန့်ခန့် ဆွဲဆန့်ပါ။
အဆင့် (၄) ထို့နောက် ထိုအနေအထားအတိုင်းပဲ ညာဘက်သို့ လားရာပြောင်းကာ ၁၀ စက္ကန့်ခန့် ဆွဲဆန့်ပါ။
ထိုအနေအထားအတိုင်း ၅ မိနစ်ခန့် ဆက်တိုက် ပြုလုပ်ပေးလိုက်ပါ။ တစ်ရက်လျှင် ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
စောစောက ပြောခဲ့သလိုပဲ ဒီနည်းလမ်းက တစ်သက်လုံး အရွယ်အစား ကြီးလာအောင် လုပ်ပေးတာမဟုတ်ပါဘူး။ ယာယီသာ ကြီးလာစေတာမို့လို့ မျှော်လင့်ချက် ကြီးကြီးမားမား မထားမိဖို့တော့ လိုပါတယ်။ အဓိကက ကွီးတို့ ညီလေး ကျန်းမာနေဖို့က အရေးအကြီးဆုံးပါ။ ကွီးတို့ ညီလေး ကျန်းမာမှသာလျှင် စိတ်သွားတိုင်း ကိုယ်ပါပြီး ချစ်တင်းနှောနိုင်မှာပါ။ ကွီးတို့ ညီလေးက ကျန်းမာရေး ကောင်းကောင်းနဲ့ ချစ်တင်းနှော နိုင်ဖို့ဆိုရင် ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ အညီ ပြုမူနေထိုင်မှသာလျှင် ဒေါင်ဒေါင်မြည်ကာ ကျန်းမာနေပြီး စိတ်သွားတိုင်း ညီလေး ပါနေမှာပါ။
Source: Healthline
Featured Image: Citymagazine.si