အမျိုးသား အများစု စိတ်ပူရတဲ့ ပြဿနာတစ်ခုကတော့ Erectile Dysfunction လို့ခေါ်တဲ့ ညီလေး ကောင်းကောင်း မနိုးထနိုင်တာပါပဲ။ လုံလောက်တဲ့ ညီလေး ထောင်မတ်မှု ရှိမှသာလျှင် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် အဆင်ပြေမှာပါ။ တစ်ခါတစ်ရံမှာ ညီလေးမနိုးထနိုင်တဲ့ အခြေအနေမျိုး ကြုံရနိုင်ပေမယ့် ဒါက သဘာဝပါပဲ။ ဒါပေမယ့် အမြဲတမ်းလိုလို ဖြစ်လာပြီဆိုရင်တော့ သင့်ကိုယ်သင် လေးစားမှု ၊ ဆက်ဆံရေးနဲ့ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာကျန်းမာရေးတွေအပေါ် ထိခိုက်မှု ရှိလာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်အရာတွေက ကွီးတို့ရဲ့ ညီလေးကို ကောင်းကောင်း မနိုးထနိုင်စေတာလဲဆိုတာနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကျန်းမာရေး အခြေအနေများ

diabetes

Photo : The Times of Israel

နှလုံးသွေးကြောဆိုင်ရာရောဂါ ၊ ဆီးချိုရောဂါ ဒါမှမဟုတ် အဝလွန်ခြင်းတွေကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေဟာ သွေးစီးဆင်းမှု သို့မဟုတ် အာရုံကြောအချက်ပြမှုတွေကို အနှောင့်အယှက်ဖြစ်စေပြိး ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေက ကွီးတို့ရဲ့ ညီလေး ထောင်မတ်မှုနဲ့ သတ်ဆိုင်နေတဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ ဒီလို ကျန်းမာရေး အခြေအနေတွေ ရှိနေတယ်ဆိုရင်တော့ ညီလေး ကောင်းကောင်း နိုးထနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

(၂) စိတ်ပိုင်းဆိုင်ရာ အခြေအနေများ

Emotional

Photo : Global News

အမျိုးသားတွေမှာ ညီလေး ထောင်မတ်မှု ပြဿနာနဲ့ သက်ဆိုင်တဲ့ အဓိက အကြောင်းအရင်းတွေထဲက တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေပါပဲ။ စိတ်ဖိစီးမှု ၊ စိုးရိမ်စိတ် ၊ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ လိင်အင်္ဂါမသန်စွမ်းမှုနဲ့ပတ်သတ်ပြီး အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီအခြေအနေတွေဟာ သင့်ရဲ့စိတ်ခံစားမှုတွေအပေါ် ထိခိုက်စေပြီး ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုအချို့ကို ဖြစ်ပေါ်စေနိုင်တာပါ။ အကျိုးဆက်အနေနဲ့တော့ ညီလေးရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကို အဟန့်အတား ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ်။

(၃) ဆေးဝါးမှီဝဲရမှု အခြေအနေများ

Medicines

Photo : Verywell Health

အချို့သော ဆေးဝါးတွေ ဥပမာအားဖြင့် သွေးတိုးကျဆေး ၊ စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ ဆေးတွေနဲ့ ဆီးကျိတ်နဲ့ဆိုင်တဲ့ ဆေးဝါးတွေဟာ ညီလေး မသန်စွမ်းမှုကို ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါ့အပြင် ဆေးလိပ် ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ မှီဝဲသုံးစွဲခြင်းဟာလည်း အလိင်အင်္ဂါမသန်စွမ်းမှု ပြဿနာကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။

(၄) ညံ့ဖျင်းတဲ့ နေထိုင်မှုပုံစံ အခြေအနေများ

Lifestyle and Habits

Photo : IDEA Health & Fitness Association

အထိုင်များခြင်း ၊ ကျန်းမာတဲ့ စားသောက်မှုပုံစံ မရှိခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း ၊ အရက်အလွန်အကျွံ သောက်သုံးခြင်းစတဲ့ ညံ့ဖျင်းတဲ့ နေထိုင်မှုပုံစံတွေဟာ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ ညီလေး ကျန်းမာရေး တနည်းအားဖြင့် ညီလေး ထောင်မတ်နိုင်စွမ်းကို ထိခိုက်လာစေနိုင်တာပဲ ဖြစ်ပါတယ်။

(၅) ပါတနာနဲ့ ဆက်ဆံရေး အခြေအနေများ

Relationship Dynamics

Photo : Medium

သင့်လက်တွဲဖော် ပါတနာနဲ့ ဆက်ဆံရေး အခြေအနေဟာလည်း ညီလေး ထောင်မတ်နိုင်စွမ်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ နှစ်ဦးသား မကြာခဏ ရန်ဖြစ်စကားများတာ ၊ ပဋိပက္ခတွေ ဖြစ်တာ စတဲ့ ဆက်ဆံရေးပြဿနာအချို့ဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်တွေကို တိုးစေပြီး လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု လျှော့ကျတာ ၊ ချစ်တင်းနှော နေစဉ်အတွင်း ညီလေးကောင်းကောင်း မထောင်မတ်နိုင်တာတွေ ဖြစ်စေနိုင်ပါတယ်။

Source : My Fit Brain

Featured Photo : IFLScience