ချစ်တင်းနှော တဲ့အခါ ပုရိသတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ အဓိက ပြဿနာ (၂) မျိုးရှိပါတယ်။ အမြဲတမ်း ကြုံတွေ့ရတဲ့ ပြဿနာမျိုး မဟုတ်ပေမယ့် ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင်တော့ ကြုံတွေ့ရမှာပါပဲ။ အထူးသဖြင့် ကိုယ့် ကျန်းမာရေးကို ပစ်စလက်ခတ်ထားတဲ့သူမျိုးတွေပေါ့။ ကွီးတို့လည်း ထိုအမျိုးအစားထဲမှာ ပါတယ်ဆိုရင်တော့ ကိုယ့်ကျန်းမာရေးကို သေသေချာချာ ပြန်လည် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုအပ်နေပါပြီ။
ချစ်တင်းနှော တဲ့အခါ ပုရိသတိုင်း ကြုံတွေ့ရတဲ့ ပြဿနာ (၂) မျိုးကတော့
(၁) စောစီးစွာ ပြီးမြောက်သွားခြင်း
(၂) ညီလေး မနိုးထနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
စောစောစီးစီး ပြီးမြောက်သွားခြင်း
ပထမဦးဆုံး ပြဿနာကတော့ စောစောစီးစီး ပြီးမြောက်ခြင်း (သို့) စောစီးစွာ သုတ်ထုတ်လွှတ်ခြင်း ပြဿနာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်လည်း (၃) မိနစ် မင်းသားတွေ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ။ အမျိုးသား (၃) ယောက်မှာ (၁) ယောက်လောက်က ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။
ဒီပြဿနာကို ကုသဖို့အတွက်ဆိုရင်တော့ အလေ့အကျင့်များများ လိုအပ်တာပဲ ဖြစ်ပါတယ်။ ဒီပြဿနာကတော့ ဒုတိယ ပြဿနာလောက် သိပ်မဆိုးသေးပါဘူး။ ကွီးတို့သာ ဆရာဝန်ထံ အကြံဥာဏ် ရယူမယ်ဆိုရင်တော့ အလွယ်လေး ပျောက်ကင်းသွားမယ့် ပြဿနာပဲ ဖြစ်ပါတယ်။
ညီလေး မနိုးထနိုင်ခြင်း
ညီလေး မနိုးထနိုင်ခြင်း ဆိုတာကတော့ တစ်နည်းအားဖြင့် ဆိုရမယ်ဆိုရင် ပန်းသေ ပန်းညှိုးရောဂါကို ဆိုလိုတာပါ။ စိတ်ဖိစီးမှုများ၊ စိတ်ပူပန်စရာများ၊ သောက်သုံးနေတဲ့ ဆေးဝါးများ အစရှိတဲ့ အခြေအနေများကြောင့် ပန်းသေ ပန်းညျိုးခြင်းကို ခံစားရနိုင်ပါတယ်။ ဒီကျန်းမာရေး ပြဿနာသည် ယာယီဖြစ်တာမျိုးလည်း ဖြစ်နိုင်သလို သေရာပါအထိ ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ ခံစားနေရသူများသည် ခန္ဓာကိုယ်တွင်း သွေးလှည့်ပတ် စီးဆင်းမှု အားနည်းတဲ့အတွက်ကြောင့် ညီလေး မနိုးထနိုင်တဲ့ အဖြစ်မျိုးနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
ညီလေး မနိုးထနိုင်တဲ့ ဖြစ်စဥ်ကို ထပ်မံပြီးတော့ (၃) မျိုး ခွဲခြားထားနိုင်ပါသေးတယ်။ ပထမအခြေအနေကတော့ လုံးဝ မနိုးထတာမျိုးပါ။ ဒုတိယ အမျိုးအစားကတော့ ညီလေး နိုးတော့ နိုးပါရဲ့ ဒါပေမဲ့ ချစ်တင်းနှော လို့ရလောက်တဲ့အခါ တောင့်တောင့်တင်းတင်းလေး ဖြစ်မနေတာမျိုးပါ။ နောက်ဆုံး အခြေအနေကတော့ တောင့်တောင့်တင်းတင်းလေးနဲ့ နိုးတော့ နိုးထပါရဲ့၊ ဒါပေမဲ့ ချစ်တင်းနှောနေစဥ်အတွင်း ဘယ်အချိန် ပြန် အိပ်ပျော်သွားမလဲဆိုတာကို ခန့်မှန်းလို့ မရတဲ့ အခြေအနေမျိုးပါ။
ညီလေး မနိုးထနိုင်ခြင်းကို ကုသဖို့အတွက်
ရွေးချယ်စရာ ကုသနည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ ကွီးတို့ရဲ့ လူနေမှု ဘဝ၊ စားသောက်မှု အစားအစာများကိုပဲ ပြောင်းလဲပစ်မလား။ ဒါမှမဟုတ် ဆေးဝါးများ မှီဝဲမလား။ ဒါမှမဟုတ် ခွဲစိတ် ကုသမှု ခံယူမလား စတဲ့ နည်းလမ်းများထဲကမှ ရွေးချယ်စရာအမျိုးမျိုးကို ရွေးချယ်နိုင်ပါတယ်။ ကုသမှု အမျိုးမျိုးကလည်း ကွီးတို့ ကျန်းမာရေးအခံနဲ့လည်း များစွာ သက်ဆိုင်ပါသေးတယ်။
ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာ နှစ်မျိုးထဲက တစ်မျိုးမျိုးကို ကြုံတွေ့နေရပြီလို့ သံသယရှိရင်တော့ ချက်ချင်းပဲ ကုသမှု ခံယူသင့်ပါတယ်။
ကွီးတို့ရော ချစ်တင်းနှော နေစဥ်မှာ ဘယ်လိုမျိုး ကျန်းမာရေး ပြဿနာ တွေကို ကြုံတွေ့ရပါသလဲ။ ပြဿနာ ကြုံတွေ့ရတဲ့အခါမှာ ဆရာဝန်ဆီ မပြေးဘဲ ဆေးမြီးတိုတွေနဲ့ ရမ်းသမ်းကုသနေတာလား။
Source: Primemalemedical
Featured Image: Lorijen.center