vivo ကနေ Entry-Level ဘတ်ဂျတ်ဖုန်းအသစ် Y03 ကို ဒီနေ့မှာ မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းမှာ MediaTek ရဲ့ Helio G85 SoC မောင်းနှင်ထားပါတယ်။ 4GB LPDDR4x RAM နဲ့ 64GB / 128GB တိုးချဲ့နိုင်တဲ့ eMMC 5.1 Storage အတွဲအစပ်နဲ့ လာပြီး နောက်ထပ် 4GB RAM ထပ်မံတိုးချဲ့နိုင်ဦးမှာ ဖြစ်ပါတယ်။

vivo Y03

Photo : Gizmochina

vivo Y03 ဖုန်းမှာ ၆.၅၆ လက်မ 720×1612 LCD Touchscreen ကို တပ်ဆင်ပေးထားပြီး 90 Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ ကျောဘက်မှာ 13 MP ကင်မရာနဲ့ QVGA Decorative ကင်မရာ ၂ လုံး တွဲဖက် တပ်ဆင်ပေးထားပြီး ရှေ့ဘက်မှာတော့ 5 MP ဆယ်လ်ဖီကင်မရာ ပါဝင်ပါတယ်။

ဘက်ထရီအနေနဲ့ 15W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000 mAh ဘက်ထရီ ပါရှိပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု Funtouch OS 14 အသုံးပြုထားပြီး ရေဒဏ်ဖုန်ဒဏ်ခံ IP54 စံနှုန်း ပါရှိပါတယ်။

အရောင်တွေအနေနဲ့ Space Black နဲ့ Gem Green ဆိုပြီး အရောင် ၂ မျိုးဖြင့် ထုတ်လုပ်ထားပြီး ဈေးနှုန်းကတော့ 4/64GB မော်ဒယ်ကို ၈၃ ဒေါ်လာ ( ၇၆ ယူရို ) ခန့်နဲ့ 4/128GB ဗားရှင်းကတော့ ၉၆ ဒေါ်လာ ( ၈၈ ယူရို ) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

vivo Y03

Photo : GSMArena.com

vivo Y03 ဖုန်းကို အခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံမှာ ပွဲဦးထွက် မိတ်ဆက်ခဲ့တာဖြစ်ပြီး မကြာမီအချိန်အတောအတွင်း အခြားနိုင်ငံ ဈေးကွက်တွေမှာလည်း ဝယ်ယူရရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Featured Photo : CrazReview