ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ Free To Play ကစားလို့ရမယ့် အမိုက်စား Android ဂိမ်းတွေကို ညွှန်းပေးချင်ပါတယ်။ အပိုထပ်ဆောင်း ဝယ်ရတာဘာညာ မရှိပဲ တပြားမှမကုန် ဖရီးကြုံး လို့ရတဲ့ ဂိမ်းမိုက်မိုက်လေးတွေ ဖြစ်တာကြောင့် ကွီးတို့ စမ်းသပ်ဆော့ကစား ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘယ်လိုအမိုက်စား ဂိမ်းတွေ ပါလာမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) Brawl Stars

Source : Brawl Stars

Clash of Clans နဲ့ Clash Royale တို့လို လူကြိုက်များတဲ့ ဂိမ်းတွေ ဖန်တီးခဲ့တဲ့ Supercell ဂိမ်းကုမ္ပဏီရဲ့ နောက်ထပ် ခြေလှမ်းသစ်ပါ။ Brawl Stars ဂိမ်းက အရင်ထွက်ခဲ့တဲ့ ဂိမ်းတွေနဲ့ တော်တော်လေး ကွဲပြားပါတယ်။ ချစ်စရာကောင်းတဲ့ ကာတွန်း ဇာတ်ကောင်လေးတွေနဲ့ 3v3 Battles တွေကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမှာပါ။ Controls တွေက ရိုးရှင်းပြီး Graphic ပိုင်းကလည်း တော်တော်လေး မိုက်ပါတယ်။ မြေပုံအသစ်တွေ ၊ ဂိမ်း Modes အသစ်တွေ အမြဲပေးနေပြီး ဇာတ်ကောင်အသစ်တွေကိုလည်း Unlock လုပ်နိုင်မှာပါ။ အပြိုင်အဆိုင် နွဲရတဲ့ ဂိမ်းပုံစံတွေကြိုက်ရင်တော့ ဖရီးကြုံး လို့လည်းရမယ့် Brawl Stars ဂိမ်းလေးကို စမ်းကြည့်လိုက်ပါ။

(၂) Disney Mirrorverse

Source : Disney Mirrorverse

Disney Mirrorverse က ထင်မထားလောက်အောင် တော်တော်လေးမိုက်တဲ့ မိုဘိုင်း Gacha ဂိမ်းတစ်ခုပါ။ Action RPG Mechanics တွေကိုသုံးပြီး စစ်မြေပြင်မှာ ပြေးလွှားကာ ရန်သူတွေနဲ့ အပြီဖိုက်ရမှာပါ။ ဒီဂိမ်းလေးမှာက အဓိကအားဖြင့် Disney ဇာတ်ကောင်တွေ အများကြီး ပါဝင်ပြီး အွန်လိုင်း PvP နဲ့ စိန်ခေါ်တိုက်ပွဲတွေ အများကြီးကို ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ တခြားဂိမ်းတွေနည်းတူ လိုအပ်ချက်လေးတွေ နည်းနည်းပါးပါး ရှိပေမယ့် Controls ပိုင်း ၊ Graphic ပိုင်းတွေက အရမ်းအဆိုးကြီး မဟုတ်ပါဘူး။ Free To Play ဖရီးကြုံး နိုင်မယ့် ဂိမ်းလေးဖြစ်တာကြောင့် ကွီးတို့ စမ်းကြည့်ဖို့ ညွှန်းလိုက်ပါတယ်။

(၃) Vampire Survivors

Source : IGN

Vampire Survivors ဂိမ်းလေးကတော့ အရမ်းကို ရိုးရှင်းတဲ့ Retro စတိုင် Rogue-Lite Bullet Hell ဂိမ်း ဖြစ်ပါတယ်။ ဂိမ်းပုံစံကတော့ သိပ်ပြီးမစိမ်းလှတဲ့ အရင်ခေတ်ဂိမ်းပုံစံတွေ အတိုင်းပါပဲ။ ကိုယ့်ရဲ့ဇာတ်ကောင်က ရန်သူတွေကို အလိုအလျှောက် တိုက်ခိုက်နေမှာဖြစ်ပြီး သေသွားတဲ့ ရန်သူတွေက ချပေးတဲ့ Items တွေကို ကောက်ယူကာ ပါဝါပိုကြီးလာအောင် လုပ်ရမှာပါ။ Unlock လုပ်ဖို့ ဇာတ်ကောင်တွေလည်း အများကြီး ရှိပါတယ်။ တချို့ Levels တွေက တစ်ပွဲပြီးဖို့ မိနစ် ၃၀ လောက်အထိ ကြာနိုင်ပါတယ်။ Retro ပုံစံ ခေတ်ဟောင်းဂိမ်းတွေကြိုက်တယ်ဆိုရင် ဖရီးကြုံး နိုင်မယ့် Vampire Survivors ဂိမ်းလေးကို Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၄) Legends of Runeterra

Source : Legends of Runeterra

Card ဂိမ်းကောင်းကောင်း ကစားချင်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက်ပါ။ Legends of Runeterra ဂိမ်းက ရေပန်းစားပြီးသားဖြစ်တဲ့ Hearthstone နဲ့ တူပါတယ်။ Cards တွေ စုဆောင်းပြီး Deck တွေ Build လုပ်ကာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် ယှဉ်ပြိုင်ကစားရမှာပါ။ ဗျူဟာကျကျ ဆော့ကစားရမှာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်လေးတစ်ခု ဖြစ်ပါတယ်။ Legends of Runeterra ဂိမ်းလေးကလည်း အခမဲ့ ဖရီးကြုံး နိုင်မယ့် Android ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။

Featured Photo : Legends of Runeterra