ကွီးတို့ ချစ်တင်းနှော တဲ့အခါ ကျန်းမာတဲ့ သုတ်ပိုး များကို ထုတ်လွှတ်သလား၊ မထုတ်လွှတ်ဘူးလားဆိုတာကို ကွီးတို့ မသိချင်ဘူးလား။

ကွီးတို့ရဲ့ သုတ်ရည်ထဲတွင် ကျန်းမာတဲ့ သုတ်ပိုးများ ပါ မပါကိုရော ဘယ်လိုသိနိုင်မလဲ။

အခုဖော်ပြပေးမယ့် အချက်များနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်လိုက်ပါ။ ဒီအချက်များကို မြင်တွေ့ရမယ်ဆိုရင်တော့ ကွီးတို့သည် ချစ်တင်းနှော တဲ့အခါမှာ ကျန်းမာတဲ့ သုတ်ပိုး များ ထုတ်လွှတ်နေကြောင်း ဖော်ပြပေးနေပါတယ်။

(၁) ကွီးတို့ ခန္ဓာကိုယ်ထဲက ထုတ်လွှတ်တဲ့ သုတ်ရည်ရဲ့အရောင်က အဖြူရောင် (သို့) မီးခိုးရောင်ဖျော့ဖျော့

couple

ကွီးတို့ ထုတ်လွှတ်လိုက်တဲ့ သုတ်ရည်က အဖြူရောင် (သို့) မီးခိုးဖျော့ရောင်လေးဆိုရင်တော့ ကွီးတို့သည် ကျန်းမာတဲ့ သုတ်ပိုးများ ထုတ်လွှတ်တယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ကွီးတို့ သုတ်ရည်ရဲ့ အရောင်က အညိုရောင် (သို့) အစိမ်းရောင်လိုလို မြင်တွေ့နေရတယ် ဆိုရင်တော့ ပိုးဝင်နေတာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ အနီရောင် (သို့) အညိုရောင် ဆိုရင်တော့ သုတ်ရည်ထဲတွင် သွေးပါခြင်းပဲ ဖြစ်ပါတယ်။​ ဒါဆိုရင်တော့ အမြန်ဆုံး ဆရာဝန် သွားပြသင့်ပါပြီ။

(၂) ကွီးတို့ စားသုံးတဲ့ အစားအစာများက ကြာရှည်ခံ အစားအစာများနဲ့ ပြည့်နှက်မနေဘူး

unhealthy food

ဟားဗက်ဒ် တက္ကသိုလ်က သုတေသနပညာရှင်များ ပြုလုပ်ထားတဲ့ လေ့လာချက်အရ ကြာရှည်ခံ အစားအစာများ စားသုံးမှု နည်းတဲ့ ပုရိသများသည် ကြာရှည်ခံ အစားအစာများ အလွန်အကျွံ စားသုံးတဲ့ အမျိုးသားများထက် မျိုးအောင် နိုင်ခြေ ပိုမိုမြင့်မားတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း ကြာရှည်ခံအစားအစာများကို လျော့စားသင့်ပါတယ်။​

(၃) သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အောက်ခံ ဘောင်းဘီမျိုး ဝတ်ဆင်ထားခြင်း

ချစ်တင်းနှော သုတ်ပိုး

ကွီးတို့က ကြပ်ထုပ်လွန်းတဲ့ အောက်ခံ ဘောင်းဘီတွေ ဝတ်ဆင်မယ်ဆိုရင်တော့ ကွီးတို့ညီလေးရဲ့ ဖွားဖက်တော် အပူချိန်ကို မြင့်တက်လာစေပြီး ဖွားဖက်တော်ထဲရှိ သုတ်ကောင်များကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် သက်သာချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အောက်ခံ ဘောင်းဘီမျိုးကိုသာ ဝတ်ဆင်သင့်ပါတယ်။

(၄) လှုပ်ရှားမှုရှိတဲ့ သွက်လတ်တဲ့ ဘဝမျိုး ပိုင်ဆိုင်ထားခြင်း

ချစ်တင်းနှော သုတ်ပိုး

လှုပ်ရှားမှု ရှိတဲ့ ဘဝကလည်း ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ကောင်းမွန်လာစေပါတယ်။ ကျန်းမာရေး လိုက်စားကာ များများ လှုပ်ရှားလေ ကွီးတို့ရဲ့ ညီလေးရဲ့ ကျန်းမာရေးက ပိုမိုကောင်းမွန်လာလေပါပဲ။

(၅) ဆေးလိပ်ကို ဝေးဝေးက ရှောင်ခြင်း

ချစ်တင်းနှော သုတ်ပိုး

စီးကရက်များက ကွီးတို့ကို ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးမြှင့်စေရုံသာမကဘဲ ဖွားဖက်တော်ထဲရှိ သုတ်ကောင် အရေအတွက်ကိုလည်း လျော့ကျစေပါသေးတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ရဲ့ ညီလေးကို ကျန်းမာနေစေချင်တယ်၊ ကျန်းမာတဲ့ သုတ်ကောင်များ ထုတ်လုပ်ချင်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကွီးတို့ရော ချစ်တင်းနှော နေစဥ်မှာ ကျန်းမာတဲ့ သုတ်ပိုး များ ထုတ်လုပ်လျက်ရှိနေရဲ့လား။

Source: Smartparents.sg

Featured Image: Menshealth