ရိုမန့်တစ်ဆန်တဲ့ သမီး ရည်းစား၊ ယောကျာ်း မိန်းမ ဆက်ဆံရေး တစ်ခုမှာ ချစ်တင်းနှော ခြင်းက အရေးကြီးသလား။ ဒီမေးခွန်းအတွက် တစ်ခုတည်း သတ်မှတ်ထားတဲ့ စံ အဖြေကတော့ မရှိပါဘူး။ လူတိုင်းက မတူညီကြတဲ့ အတွက်ကြောင့် သူတို့အတွက် အရေးကြီးတဲ့ အရာတွေသည်လည်း မတူညီနိုင်ပါဘူး။
ယောကျာ်း မိန်းမ ဆက်ဆံရေးမှာ ချစ်တင်းနှော ခြင်းက အရေးကြီးလား မကြီးဘူးလားဆိုတာ ကွီးတို့ရဲ့ ကိုယ်ရေးကိုယ်တာ ယုံကြည်ချက်၊ ရုပ်ပိုင်းဆိုင်ရာ တောင့်တမှုနဲ့ ကွီးတို့ရဲ့ ဆက်ဆံရေး နက်နဲမှု စသည်တို့အပေါ် များစွာ မူတည်ပါတယ်။
ချစ်တင်းနှော ခြင်းက အရေးမကြီးဘူးလို့ ထင်ကြတဲ့သူတွေက ဘယ်လိုလူတွေ ဖြစ်မလဲ
အချို့စုံတွဲများသည် သူတို့ရဲ့ ပါတနာနဲ့ ချစ်တင်းမနှော ကြဘဲနဲ့လည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားကြပါတယ်။ သူတို့တွေ ချစ်တင်းမနှော ချင်ကြတာ၊ ချစ်တင်းမနှော ဖြစ်ကြတဲ့ အကြောင်းအရင်းများလည်း အများကြီး ရှိပါတယ်။
- Libido လို့ခေါ်တဲ့ လိင်စိတ်တပ်မက်မှု လျော့နည်းခြင်း
- နာတာရှည် ရောဂါအခံ တစ်ခုခု ရှိခြင်း
- ချစ်တင်းမနှောခင်မှာ တစ်ယောက်အကြောင်း တစ်ယောက် သိနားလည်ချင်လို့ အချိန်ကြာကြာ ဒိတ်လုပ်ချင်ကြခြင်း
- လက်မထပ်ခင် ချစ်တင်းနှောတာမျိုးကို မပြုလုပ်ချင်ကြလို့ အစရှိတဲ့ အကြောင်းပြချက်များကြောင့် ဖြစ်နိုင်ပါတယ်။
တချို့ စုံတွဲများကရော ဘာ့ကြောင့် ချစ်တင်းနှော ချင်ကြတာလဲ
- သူတို့ရဲ့ ဆက်ဆံရေးကြား ပိုမို နက်ရှိုင်းတဲ့ ကြိုးတစ်ခုနဲ့ ချည်နှောင်ချင်ကြလို့
- ကြိမ်ဖန်များစွာ ချစ်တင်းနှောမှ လုံခြုံမှုကို ခံစားရကြလို့
- စိတ်ကြည်နူးရပြီး ပျော်စရာ ကောင်းလို့
- အနာဂတ်ရဲ့ မျိုးဆက်သစ်များကို မွေးဖွားဖို့ရန်အတွက် အစီအစဥ် ရှိကြလို့ အစရှိတဲ့ အကြောင်းပြချက်များကြောင့် ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် ပုံမှန် ချစ်တင်းနှောခြင်းအားဖြင့် ခံစားရမယ့် အကျိုးကျေးဇူးများလည်း ရှိပါတယ်။
ကွီးတို့လည်း ကိုယ့်ရှော်တီလေးနဲ့ ပုံမှန် ချစ်တင်းနှော တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကျိုးကျေးဇူးများကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
ထိုအကျိုးကျေးဇူးများကတော့…
- စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိခြင်း
- တစ်ယောက်နဲ့ တစ်ယောက်ကြား သံယောဇဥ်များ ပိုမိုနက်ရှိုင်းလာခြင်း
- စိတ်ဖိစီးမှုများ လျော့ကျလာခြင်း
- ကိုယ်ခံစွမ်းအား မြှင့်တက်လာခြင်း
- နှလုံး ကျန်းမာရေးကို ကောင်းမွန်လာစေခြင်း
- မှတ်ဥာဏ်စွမ်းအား ကောင်းမွန်လာခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်နိုင်ပါတယ်။
ကွီးတို့ စုံတွဲရော ဘယ်အမျိုးအစားထဲမှာ ပါပါသလဲ။ ချစ်တင်းနှော ခြင်းကို အရေးကြီးကိစ္စကြီးတစ်ခုလို့ သတ်မှတ်တဲ့ အုပ်စုထဲမှာ ပါသလား။
Source: Healthline
Featured Image: Freepik