ကွီးတို့ဆီမှာ ပိုင်ဆိုင်ထားတဲ့ အဖိုးတန် ကြက်ဥ နှစ်လုံးက ချစ်တင်းနှော ဖို့ရန်အတွက် ဘယ်လောက်ထိတောင် အရေးပါသလဲဆိုတာရော သိကြရဲ့လား။
ကြက်ဥ နှစ်လုံးကတော့ ကွီးတို့ရဲ့ ညီလေးရဲ့ ဖွားဖက်တော်ဖြစ်ပြီး သဘာဝအတိုင်း တွဲလွဲခိုနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူတို့အထဲမှာ သုတ်ပိုးများကို သိုလှောင်ထားတာဖြစ်ပြီး ဟော်မုန်း မြောက်မြားစွာကိုလည်း ထုတ်လုပ်ပေးတာဖြစ်ပါတယ်။ကွီးတို့ ချစ်တင်းနှောဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ Testosterone လို့ခေါ်တဲ့ ဟော်မုန်းကိုလည်း ကြက်ဥ နှစ်လုံးက ထုတ်လုပ်ပေးတာဖြစ်ပါတယ်။
ဘာ့ကြောင့် ကွီးတို့ ကြက်ဥနှစ်လုံးကို တွဲလွဲခိုနေရတာလဲ
တွဲလွဲခိုနေရတဲ့ အကြောင်းအရင်းရှိပါတယ်။
ကြက်ဥ နှစ်လုံးက ကွီးတို့ ခန္ဓာကိုယ် အပူချိန်ထက် အပူချိန် ပိုနည်းနေဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ် အပူချိန်ထက် ကြက်ဥ အပူချိန်က ပိုနည်းနေမှသာလျှင် လိုအပ်တဲ့ သုတ်ကောင်ရေများကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့က သွေးကြောလေးများကို ကာကွယ်ပေးထားရပြီး ကွီးတို့ ချစ်တင်းနှော ပြီးနောက် ပြီးမြောက်ဖို့ရန်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူထားရတာဖြစ်ပါတယ်။
ကျန်းမာတဲ့ ကြက်ဥ နှစ်လုံး ပိုင်ဆိုင်နိုင်မှသာလျှင် ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်တင်းနှော နိုင်မှာမဟုတ်လား။ ဒါ့ကြောင့် ကျန်းမာတဲ့ ကြက်ဥ နှစ်လုံး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာသင့်ပါတယ်။
(၁) လစဥ် လတိုင်း ကိုယ့်ရဲ့ အဖိုးတန် ကြက်ဥကို စစ်ဆေးပါ
ဆေးရုံ ဆေးခန်းတွေ သွားပြီး တကူးတက စစ်ဆေးခံနေစရာမလိုပါဘူး။ ကွီးတို့ ကိုယ်တိုင် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးပုံ စစ်ဆေးနည်းကလည်း လွယ်ကူပါတယ်။ ကွီးတို့ရဲ့ အဖိုးတန် ကြက်ဥ နှစ်လုံးကို လက်ချောင်းလေးများနဲ့ လှိမ့်ပြီး အကျိတ် အခဲများ ရှိ မရှိ၊ ရောင်ရမ်း နာကျင်ခြင်းများ ရှိ မရှိ စစ်ဆေးကြည့်ပါ။
(၂) နေ့စဥ် မှန်မှန် ရေချိုးပါ
ကွီးတို့က ရေပန်းနဲ့ပဲ ရေချိုးချိုး၊ ရေချိုးဇလုံကြီးထဲမှာပဲ ရေ စိမ် စိမ်၊ အရေးကြီးတာကတော့ ကိုယ့်ရဲ့ မျိုးပွားအင်္ဂါ အစိတ်အပိုင်းများကို သန့်ရှင်းရေး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ခြင်းအားဖြင့် မလိုလားအပ်တဲ့ ရောဂါများ အန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ရေချိုးပြီးတဲ့အခါမှာလည်း အဝတ်အစား မဝတ်ခင် ကွီးတို့ရဲ့ ညီလေးနဲ့ ကြက်ဥ နှစ်လုံးကို ခြောက်သွေ့အောင် သုတ်ပြီးမှ အဝတ်အစား ဝတ်ဆင်သင့်ပါတယ်။
(၃) သက်သာ ချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများသာ ဝတ်ဆင်ပါ
ကြပ်ထုတ်လွန်းတဲ့ အဝတ်အစားများက ကွီးတို့ ကြက်ဥ နှစ်လုံးကို အပူချိန် မြင့်တက်လာစေပြီး ပွန်းပဲ့ အနာတရ ဖြစ်စေနိုင်ပါတယ်။ ကွီးတို့ ကြက်ဥ နှစ်လုံး သဘာဝအတိုင်း လေဝင်လေထွက်ရဖို့ရန်နှင့် အပူချိန် အေးမြဖို့ရန်အတွက် သက်သာချောင်ချိတဲ့ အဝတ်အစားများသာ ဝတ်ဆင်သင့်ပါတယ်။
(၄) ဂျုတ်နဲ့ ရိတ်မယ့်အစား ကတ်ကြေးဖြင့် တိပါ
ဂျုတ်နဲ့ ရိတ်ပစ်လိုက်တာမျိုး (သို့) ဖယောင်းနဲ့ အမွှေးအမျှင်များကို ဖယ်ရှားခြင်းက ကွီးတို့ အသားအရေကို ယားယံလာစေပြီး အခန့် မသင့်ပါက ရောဂါ ပိုးများ ဝင်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဂျုတ်နဲ့ ရိတ်မယ့်အစား ကတ်ကြေးနဲ့ပဲ ညှပ်ပေးဖို့ကို အားပေးပါတယ်။
ကွီးတို့ရော ကွီးတို့ရဲ့ ကြက်ဥနှစ်လုံးကို ဘယ်လိုမျိုး ဂရုစိုက်လေ့ရှိပါသလဲ။
Source: Healthline
Featured Image: Soracamed