ချစ်တင်းနှော ပြီးနောက် အပြင် မှာ ပြီးမြောက်တဲ့ နည်းလမ်းက လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး ကိုယ်ဝန်မရဖို့အတွက် တားဆီးတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်း အသုံးပြုမယ်ဆိုရင် ကွီးတို့ရဲ့ မဟေသီက ဆေးထိုး၊ ဆေးသောက်စရာလည်း မလိုသလို ဆရာဝန်ထံသွားရောက်စရာလည်း မလိုအပ်ပါဘူး။ ယုတ်စွအဆုံး ကွန်ဒုံးတောင် အသုံးပြုစရာ မလိုပါဘူး။
အချို့သူတွေအတွက်တော့ ကွန်ဒုံး အသုံးပြုစရာမလိုဘဲ ချစ်တင်းနှော နိုင်တဲ့အတွက်ကြောင့် သဘောကျကြပါတယ်။ ဒါပေမဲ့ ချစ်တင်းနှော ပြီးနောက် အပြင် မှာ ပြီးမြောက်တဲ့ နည်းလမ်းကို အသုံးပြုမယ်ဆိုရင် အခြားသော ဆိုးကျိုးများကိုလည်း ခံစားရနိုင်ပါသေးတယ်။
အပြင်မှာ ပြီးမြောက်တဲ့ နည်းလမ်းက ဘယ်လောက်ထိ ထိရောက်မှု ရှိသလဲ
ဒီနည်းလမ်းက ၂၇ ရာခိုင်နှုန်းသော စုံတွဲတွေအတွက် အကျိုးထိရောက်မှု မရှိပါဘူး။ ဆိုလိုတာကတော့ ဒီနည်းလမ်း အသုံးပြုမယ်ဆိုရင် တစ်နှစ်လျှင် အမျိုးသမီး အယောက် ၁၀၀ မှာ ၂၇ ယောက်က စီစဥ်မထားဘဲ ကိုယ်ဝန် ရသွားတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တကယ့်ကို စနစ်တကျနဲ့ အပြင်သို့ အလုံးစုံ ထုတ်လိုက်ရင်တောင်မှ ၄ ရာခိုင်နှုန်းသော အမျိုးသမိးများသည် ကိုယ်ဝန်ရသွားတတ်ကြပါသေးတယ်။ ကွီးတို့အနေနဲ့ စည်းချက် ဝါးချက် ညီညီ အပြင်သို့ ထုတ်ပစ်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ အချည်းနှီးပါပဲ။
ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများရော ကာကွယ်နိုင်ရဲ့လား
အပြင်မှာ ပြီးမြောက်တဲ့ နည်းလမ်းကတော့ ကွန်ဒုံး မသုံးချင်ကြတဲ့သူတွေ အသုံးပြုကြတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းက လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါကို ဘယ်လိုမှ မကာကွယ်နိုင်ဘူးဆိုတာကတော့ သိသာပါတယ်။ အကာအကွယ် အသုံးမပြုဘဲ ချစ်တင်းနှောမယ်ဆိုရင် ကိုယ့်ပါတနာရဲ့ ကျန်းမာရေး သမိုင်းကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကို သုံးမယ်ဆိုရင်တော့ မကြာသေးခင်ကမှ တွေ့တဲ့ ပါတနာမျိုးနဲ့ အသုံးမပြုသင့်ပါဘူး။
ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးမှ အသုံးပြုပါ
စုံတွဲတော်တော်များများက ကွန်ဒုံး အသုံးပြုရင် အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုရင် အသုံးမပြုချင်ကြပါဘူး။ ပြီးတော့ အထွဋ် အထိပ် ခံစားမှုမျိုး မပေးစွမ်းနိုင်ကြတဲ့အတွက်ကြောင့် အပြင်မှာ ပြီးမြောက်တဲ့ နည်းလမ်းကို အသုံးပြုကြတာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကွန်ဒုံး အသုံးမပြုချင်ဘူး၊ အပြင်မှာ ပြီးမြောက်တဲ့ နည်းလမ်းမျိုးကို အသုံးပြုချင်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ရှော်တီလေးနဲ့ အရင်ဦးဆုံး တိုင်ပင်သင့်ပါတယ်။ မတော်တဆ ကိုယ်ဝန် ရသွားတဲ့အခါ ကွီးတို့ နှစ်ယောက်စလုံး တာဝန်ယူဖို့ ဖြစ်လာပါပြီ။
ကွီးတို့ရော ချစ်တင်းနှော ပြီးနောက် အပြင် မှာ ပြီးမြောက်တဲ့ နည်းလမ်းကို ဘယ်လို ထင်မြင်ယူဆမိပါသလဲ။ တကယ်ပဲ အကျိုး ထိရောက်မှု ရှိတယ်လို့ ထင်ပါသလား။
Source: Helloclue.com
Featured Image: Manmatters