တချို့လူတွေက လက် သိုင်းကျင့်ခြင်းကို ကိုယ့် ပါတနာနဲ့ ချစ်တင်းနှော တာထက် ပိုပြီး နှစ်သက်နေလို့ စိတ်ပူပန်နေတတ် ကြပါတယ်။ တကယ်လို့ ကွီးတို့က လက် သိုင်းကျင့်ခြင်းကို ချစ်တင်းနှော ခြင်းထက် ပိုသဘောကျနေတယ်ဆိုရင် ဒါသည် သဘာဝပဲမို့ စိတ်ပူစရာ မရှိပါဘူး။

ဘာ့ကြောင့် ဒီလို ပြောရသလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။

လက်သိုင်းကျင့်တာက ကောင်းသလား၊ ချစ်တင်းနှော တာက ပိုကောင်းလား

couple in bed

အချို့ ကွီးတို့သည် လက် သိုင်းကျင့်ခြင်းထက် ချစ်တင်းနှော ခြင်းကို ပိုမို သဘောကျကြပါတယ်။ ဘာ့ကြောင့်လဲဆိုရင် လက်သိုင်းကျင့်တဲ့အခါ တစ်ကိုယ်ရည် တစ်ကာယ ကြည်နူးဖို့အတွက်သာ လုပ်ဆောင်ရတာဖြစ်ပြီး ကွီးတို့ ရှော်တီလေးကို စိတ်ကြွလာအောင် လှုံ့ဆော်ပေးစရာ မလိုအပ်ပါဘူး။ ဒါ့အပြင် ကိုယ်ကာယ ခွန်အားလည်း အများကြီး မစိုက်ထုတ်ရတဲ့အတွက်ကြောင့် ပင်ပန်းတာကလည်း ချစ်တင်းနှော တာထက် ပိုပြီး သက်သာပါတယ်။

ကွီးတို့ ရှော်တီလေးကို စိတ်ကျေနပ်အောင် လုပ်ဆောင်ရတာကလည်း ပင်ပန်းပါတယ်။ အခန့် မသင့်ရင် နှစ်ယောက်သားက ကတောက်ကဆ ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် တချို့ အမျိုးသားတွေက လက်သိုင်းကျင့်တာကို ချစ်တင်းနှော တာထက် ပိုပြီး သဘောကျရခြင်း ဖြစ်ပါတယ်။

တစ်ကိုယ်တည်း လက်သိုင်းကျင့်ခြင်းကြောင့် ကွီးတို့ ခံစားရမယ့် အကျိုးကျေးဇူးတွေကလည်း အများကြီးပါပဲ။

ထိုအကျိုးကျေးဇူးများကတော့ …

လက် ချစ်တင်းနှော

လိင်စိတ် တပ်မက်မှုကြောင့် ပါတနာရဲ့ ရှေ့မှာ ပါဖောမန့်စ်ကောင်းအောင် လုပ်ပြနေစရာမလိုတဲ့အတွက်ကြောင့် လိင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုများ မရှိခြင်း

လိင်ဆက်ဆံတာမျိုး မရှိဘဲ တစ်ယောက်တည်း လှုပ်ရှားတာဖြစ်တဲ့အတွက် လိင်မှကူးစက်တတ်တဲ့ ရောဂါများ မခံစားရခြင်း

စိတ်ဖိစီးမှုများ လျော့နည်းသွားခြင်း

ညဘက်မှာ ကောင်းကောင်းမွန်မွန်နဲ့ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

စိတ်ခံစားချက်များ ပိုမိုကောင်းမွန်လာခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

လောလော လောလောနဲ့ မလုပ်ရပါဘူး

လက် ချစ်တင်းနှော

လက်သိုင်းကျင့်ခြင်းသည်လည်း ချစ်တင်းနှောခြင်း ဖြစ်စဥ်လိုပဲ အချိန်တစ်ခု ယူရပါတယ်။ လောလော လောလောနဲ့ ပြုလုပ်မယ်ဆိုရင် ဘာ စိတ်လှုပ်ရှားမှုမျိုးကိုမှ ခံစားရမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်သိုင်းကျင့်တော့မယ်ဆိုရင် ကြိုတင် ပြင်ဆင်ထားလိုက်ပါ။ ကွီးတို့ အခန်းကို အမှောင် ချထားပြီး စိတ်ကြွလာအောင် လှုံ့ဆော်ပေးမယ့် ရုပ်ရှင် ဇာတ်ကားမျိုး ကြည့်ရှုပါ။ အခန်းကို အနံ့အသက်ကောင်းအောင် ရေမွှေးများ ပက်ဖြန်းထားပါ။ ဒါဆိုရင်တော့ ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်သွားပြီပဲ ဖြစ်ပါတယ်။

ကွီးတို့ရော လက်သိုင်းကျင့်တာကို ပိုကြိုက်လား။ ရှော်တီလေးနဲ့ ချစ်တင်းနှောရတာကို ပိုကြိုက်သလား။

Source: Bishuk.com

Featured Image: Freepik