ယနေ့ခေတ်မှာ တချို့ဘီးကျဲတွေက အမျိုးသမီးတွေထက်တောင်မှ သူတို့ရဲ့ အသားအရေကို ပိုမို ဂရုစိုက်ကြပါတယ်။ Skincare အဆင့်တွေက အများကြီးကိုလည်း စိတ်ရှည်လက်ရှည် လုပ်ကြတဲ့အတွက်ကြောင့် ထိုဘီးကျဲတွေရဲ့ အသားအရေက ပိုလို့တောင် ကြည့်ကောင်း နေပါသေးတယ်။ ကွီးတို့လည်း ကိုယ့်အသားအရေကို သေချာ ဂရုစိုက်ပြီး Scrub တိုက်တတ်တဲ့ အလေ့အကျင့်မျိုးကိုလည်း တစ်ပတ် လျှင် နှစ်ကြိမ်လောက် ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။
ဘာ့ကြောင့် Scrub တိုက်သင့်တာလဲ
တချို့တွေက မျက်နှာကို Scrub တိုက်ကာ ကြေးချွတ်လေ့ ရှိကြပါတယ်။ တချို့ကျတော့ မျက်နှာကို Scrub တိုက်ရမှာကြောက်လို့ ခန္ဓာကိုယ်ကိုပဲ Scrub တိုက်ကြပါတယ်။
Scrub တိုက်တဲ့အခါမှာ အသားအရေရဲ့ အရေပြားပေါ်က ဆဲလ်သေများကို ဖယ်ရှားပေးပြီး ချွေးပေါက်ပိတ်တာတွေကိုလည်း ဖယ်ရှားပေးပါတယ်။ အသားအရေရဲ့ အတွင်းပိုင်းအထိ အားပြန်ဖြည့်ပေးပြီး အသားအရေကို ကျန်းမာ လှပအောင် ကူညီပေးနိုင်ပါတယ်။
ကွီးတို့အနေနဲ့ Body Scrub ကို တစ်ပတ် လျှင် နှစ်ကြိမ်ခန့် ပုံမှန် ပြုလုပ်ခြင်းအားဖြင့် နူးညံ့လှပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်ပါတယ်။
Body Scrub တိုက်တဲ့အခါမှာ ဘယ်လိုမျိုး တိုက်ရမလဲဆိုတာ သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို လိုက်နာနိုင်ပါတယ်.
အဆင့် (၁)
အရင်ဦးဆုံး ခန္ဓာကိုယ်ကို ကြက်သီးနွေး ရေနွေးလေးနဲ့ ရေချိုး သန့်စင်ပေးပါ။ ကြက်သီးနွေး ရေနွေးလေးက ချွေးပေါက်များကို ပွင့်သွားစေပြီး အသားအရေရဲ့ ဟိုးအတွင်းပိုင်းအထိ သန့်စင်ပေးပါတယ်။ ဒါပေမဲ့ ရေက ပူလွန်းတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးရပါမယ်။ ဘာ့ကြောင့်လဲဆိုတော့ ရေက ပူလွန်းတဲ့အခါ အသားအရေရဲ့ သဘာဝ အဆီကို ပျက်စီးသွားစေနိုင်လို့ပါပဲ။
အဆင့် (၂)
နောက်တစ်ဆင့်အနေနဲ့ Body Scrub အနည်းငယ်ကို လက်ဖဝါးထဲ ထည့်ကာ လက်ချောင်းများဖြင့် ရင်အုပ်၊ လက်မောင်းနဲ့ ပေါင်တို့ကို အရင်ဦးဆုံး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးတော့မှ ကျန်ရှိနေတဲ့ ပွတ်တိုက်ရခက်တဲ့ နေရာများကို ဆက်လက် တိုက်ချွတ်ပေးလိုက်ပါ။
နေရာအနှံ့ ပွတ်တိုက်ပြီးတဲ့နောက်မှာ အသားအရေထဲ စိမ့်ဝင်ပြီး အာနိသင် ရှိဖို့အတွက် မိနစ် အနည်းငယ်လောက် စောင့်ပါ။
အဆင့် (၃)
မိနစ်အနည်းငယ် ကြာတဲ့အခါမှာတော့ ရိုးရိုးရေနဲ့ ရေချိုးချလိုက်လို့ ရပါပြီ။
အဆင့် အားလုံး ပြီးသွားတဲ့အခါမှာတော့ ရေချိုး သဘက်ဖြင့် အသားအရေကို ခပ်ဖွဖွလေး ပုတ်ကာ ပုတ်ကာဖြင့် ခြောက်အောင် သုတ်ပေးရပါမယ်။
အသားအရေက ခြောက်သွားပြီဆိုရင်တော့ ရေဓာတ် ဖြည့်ပေးမယ့် ဘော်ဒီ လိုးရှင်းလေး လူးပေးလိုက်နိုင်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက ကြည့်ကောင်းပြီး ကျန်းမာနေမှာပဲ ဖြစ်ပါတယ်။
Source: Thegroomedmanco
Featured Image: Nytimes