အောင်မြင်တဲ့ အနုပညာရှင်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်စတိုင်တွေရှိကြပါတယ်။ အခုလိုမျိုးပဲ Rock Star တွေကလည်း သူတို့ရဲ့ ဂီတအပြင် ဝတ်စားဆင်ယင်ပုံတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားနိုင်အောင် Show ပွဲတွေမှာ ဝတ်ဆင်လာကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တခါတလေမှာ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံတွေက ကြောင်တောင်တောင်ဖြစ်သွားခဲ့တဲ့ အခိုက်အတန့်တွေလည်းရှိပါသေးတယ်။ အခုဖော်ပြပေးသွားမှာကတော့ နာမည်ကျော် Rock Star တွေရဲ့ Show ပေါ်မှာ ကြောင်တောင်တောင်ဖြစ်သွားစေခဲ့တဲ့ အခိုက်အတန့်တွေပဲဖြစ်ပါတယ်။

(1) Madonna

Source: MSN

လူတိုင်းရဲ့ အချစ်တော် Madonna ကလည်း လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်တုန်းက ဂရမ်မီဆုပေးပွဲမှာ Jean Paul Gaultier က ချူပ်ပေးထားတဲ့ Geisha-Inspired Dress တစ်ခုကို ဝတ်ဆင်ပြီး ဖျော်ဖြေခဲ့ဖူးပါတယ်။ အခုဝတ်စုံဟာ Madonna ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေထဲမှာ အဆိုးရွားဆုံးသော ဝတ်စုံတစ်ခုဆိုရင်လည်း မမှားပါဘူး။

(2) Prince

Source: MSN

၁၉၈၀ ခုနှစ်တွေတုန်းက Pop ဘုရင်တစ်ပါးလို့ လူသိများတဲ့ အဆိုတော်ကြီး Prince ကလည်း ၁၉၇၉ ခုနှစ်တုန်းက Roxy Theatre မှာ အောက်က အတွင်းခံဘောင်းဘီတစ်ထည်ထဲနဲ့ ဖျော်ဖြေခဲ့တာက နာမည်ကြီးသွားခဲ့ပါသေးတယ်။

(3) David Bowie

Source: MSN

David Bowie ဆိုတာက Rock သီချင်းတွေကို စိတ္တဇဆန်ဆန် သီဆိုတတ်သလိုပဲ ဖက်ရှင်ကလည်း တကယ်ကို Psycho တစ်ယောက်လိုမျိုး Glitter Rock ရဲ့ Heyday မှာ သီဆိုခဲ့ပါတယ်။

(4) Elton John

Source: MSN

Rock Star ကြီး Elton John ကတော့ သူပြောခဲ့သလိုမျိုး သူရဲ့ Rock Star တွေကို သူရဲ့ ဘဝထက်ပိုပြီး ကြီးမားတာကို သဘောကျတယ်လို့ ပြောခဲ့သလိုပဲ သူရဲ့ Show ပွဲမှာ ဝယ်ဆင်တဲ့ ဖက်ရှင်တွေကလည်း တစ်ခေတ်ဆန်းခဲ့တာဖြစ်ပါတယ်။