ချစ်တင်းနှော ဖို့အတွက် ကျားဟော်မုန်း မလုံလောက်ခြင်းကလည်း ကွီးတို့ မျိုးပွားအင်္ဂါ ကျန်းမာရေးအပေါ် ဆိုးကျိုး သက်ရောက်မှု များစွာ ရှိနိုင်ပါတယ်။​

ကျားဟော်မုန်းက ကွီးတို့ လိင်စိတ် တပ်မက်မှု ဆန္ဒတစ်ခုတည်းအတွက်ပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ကွီးတို့က ကြွက်သားတွေကို ပိုမိုကြီးထွားလာအောင် တည်ဆောက်တဲ့နေရာမှာလည်း ကျားဟော်မုန်းက အထူး လိုအပ်ပါတယ်။ ကွီးတို့ဆီမှာ ကျားဟော်မုန်း အမြင့်ဆုံး အချိန်တွေကတော့ ဆယ်ကျော်သက် နှောင်းပိုင်းနဲ့ အသက် ၂၀ အစောပိုင်း ကာလတွေမှာပဲ ဖြစ်ပါတယ်။ ထိုအချိန်အပိုင်းအခြား ကုန်ဆုံးသွားတဲ့အခါ ကွီးတို့ရဲ့ ကျားဟော်မုန်းတွေက တဖြည်းဖြည်း လျော့ကျသွားတတ်ပါတယ်။

ကွီးတို့ဆီမှာ ကျားဟော်မုန်းများ မလုံလောက်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာများ

couple dissatisfied

ကွီးတို့ ခန္ဓာကိုယ်ထဲသို့ ကျားဟော်မုန်းများက မျက်စိတစ်မှိတ်အတွင်း ဝင်လာပြီး ချက်ချင်း ထွက်သွားတာမျိုး မဟုတ်ပါဘူး။ တဖြည်းဖြည်းစီ လျော့သွားမှန်းမသိ လျော့သွားတာပါ။ ဥပမာ ကွီးတို့ခန္ဓာကိုယ်မှာ ကြွက်သားထုထည်တွေက တဖြည်းဖြည်း လျော့ကျသွားပြီး ကိုယ်ရော စိတ်ပါ သေးငယ်သွားသလို ခံစားရတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိတော့သလိုမျိုး ခံစားနေရတဲ့အခါ ကွီးတို့ဆီမှာ ကျားဟော်မုန်း လျော့ကျသွားနေတာကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေတာမျိုး (သို့) ချစ်တင်းနှော ချင်စိတ် ကုန်ခမ်းနေတာမျိုးကလည်း ကွီးတို့ဆီမျာ ကျားဟော်မုန်း တွေ လျော့ကျနေကြောင်း ဖော်ပြနေတဲ့ လက္ခဏာများပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ကျားဟော်မုန်းတွေ တက်လာအောင် ဘယ်လို လုပ်ဆောင်ရမလဲ

ချစ်တင်းနှော ကျားဟော်မုန်း

အထိရောက်ဆုံးကတော့ အစားအစာနဲ့ ကျားဟော်မုန်းများ မြင့်တက်လာအောင် လုပ်ဆောင်ခြင်းနဲ့ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။​ ကွီးတို့အတွက် ကျားဟော်မုန်းတွေ တက်လာအောင် ကူညီပေးမယ့် အဓိက အစားအစာများကတော့ ခုံး၊ ဆော်လမွန်ငါး၊ တူနာငါး၊ ဥအမျိုးမျိုး၊ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ ဗီတာမင်ဒီဓာတ် ကြွယ်ဝတဲ့ အစားအစာများ၊ ဖက်တီအက်ဆစ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများပဲဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း အစရှိသည်တို့ကိုလည်း များများ စားသုံးသင့်ပါတယ်။

ချစ်တင်းနှော ကျားဟော်မုန်း

လေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း ကြွက်သားတစ်ခုတည်းကို ဦးစားပေးကာ ဆော့ကစားတာထက် ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများအားလုံးအတွက် အချိန်ပေးကာ ဆော့ကစားသင့်ပါတယ်။ ဒါ့အပြင် တစ်ညလျှင် ၈ နာရီကြာအောင် အိပ်စက်အနားယူပေးသင့်ပါတယ်။ ဒါမှသာလျှင် နောက်ရက်တွေမှာ လေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် စွမ်းအင်တွေ ပြည့်နေမှာပါ။

ကွီးတို့ ဆီမှာရော ကျားဟော်မုန်းတွေ အလုံအလောက်ရှိရဲ့လား။

Source: Mensjournal

Featured Image: Mensjournal