ချစ်တင်းနှော တဲ့အခါ အမျိုးသမီးတွေက ကျွန်တော်တို့ ယောကျာ်းလေးတွေထက် အော်ဂဇင် ရဖို့ ပိုခက်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ကောင်းကောင်းရှိပြီး သိုင်းကွက် အနေအထား ကျွမ်းကျင်မယ်ဆိုရင်တော့ သင့်ပါတနာကို အထွတ်အထိပ် ခံစားမှုရအောင် ကောင်းကောင်းကြီး စွမ်းဆောင်ပေးနိုင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ပါတနာကို ခရီးဆုံးထိ အရောက်ပို့နိုင်မယ့် အကောင်းဆုံး သိုင်းကွက် တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) လိပ်ပြာသိုင်းကွက်

Sex Position

Photo : The Manc

ပါတနာကို ပလက်အနေအထား လှဲလျောင်းစေပြီး သူမရဲ့ ခြေထောက်တွေကို လိပ်ပြာတောင်ပံကဲ့သို့ ဘေးဘက်ကို ကွေးထားစေရပါမယ်။ ဒီ သိုင်းကွက် က သင်နဲ့ သင့်ပါတနာကြား မျက်နှာချင်းဆိုင် အနေအထား ရှိစေတဲ့အတွက် ပိုမိုရင်ခုန်စရာ ဖြစ်စေသလို ပါတနာရဲ့ G-spot နဲ့ အတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စေတာကြောင့် အထွတ်အထိပ် ခံစားမှုကို ကောင်းကောင်းကြီး ခံစားရစေမှာ ဖြစ်ပါတယ်။

(၂) ပခုံးထမ်းသိုင်းကွက်

Sex Position

Photo : NZ Herald

သူမရဲ့ ပေါင်တံလေးကို ပခုံးပေါ်ထမ်းရင်း ချစ်တင်းနှောရမယ့် သိုင်းကွက်ပါ။ ဒီ Position က ပါတနာရဲ့ G-spot ကို ပိုမိုလှုံ့ဆော်မှု ပေးနိုင်ပြီး အော်ဂဇင်ရဖို့ ပိုလွယ်စေပါတယ်။ ခြေထောက်တွေကို ပခုံးပေါ်ထမ်းရင် ပါတနာနဲ့ ရင်ချင်းအပ် အနေအထား ပွေ့ဖက်ထားလို့ ရတဲ့အတွက် နှစ်ဦးသား နီးနီးကပ်ကပ် ပိုရှိစေပြီး ရင်းနှီးမှုကို တိုးစေမှာပဲ ဖြစ်ပါတယ်။

(၃) ဆီးဆော သိုင်းကွက်

Sex Position

Photo : VOI

ငယ်ငယ်က ကစားတဲ့ Seesaw ကစားနည်းကို မှတ်မိဦးမယ် ထင်ပါတယ်။ ပါတနာနဲ့ မျက်နှာချင်းဆိုင်အနေအထား တင်ပျင်ခွေ ထိုင်လျက်ပြီး သိုင်းကွက်ခင်းရမယ့် Position ပါ။ ဒီသိုင်းကွက်က အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အင်္ဂါစေ့ (Clitoris) ကို ပွတ်တိုက်ထိမှန်မှု ရစေပြီး အထွတ်အထိပ် ခံစားချက်ကို ရောက်ရှိဖို့ လွယ်ကူစေမှာပဲ ဖြစ်ပါတယ်။

(၄) ပြောင်းပြန် မြင်းစီး သိုင်းကွက်

Sex Position

Photo : MEAWW

ပါတနာကို အပေါ်ကနေ ဦးဆောင်ခိုင်းရမှာပါ။ ပုံမှန် မျက်နှာချင်းဆိုင် မြင်းစီး Position မဟုတ်ပဲ ပြောင်းပြန် အနေအထားနဲ့ မြင်းစီး ကစားကွက် ခင်းရမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှု အတိုင်းအတာအားလုံးဟာ သူမရဲ့လက်ထဲမှာ စိတ်ကြိုက်လုပ်ဆောင်ခွင့် ရှိတဲ့အတွက် ဒီသိုင်းကွက်က ပါတနာကို ပိုမိုစိတ်ကြွစေပြီး အော်ဂဇင် ရစေဖို့ ကူညီပေးပါလိမ့်မယ်။

(၅) မတ်တပ်မချီသိုင်းကွက်

Sex Position
Photo : POPSUGAR

ဒီသိုင်းကွက် အော်ဂဇင်ရဖို့ ခက်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေပါ အထွတ်အထိပ် ခံစားချက်ကို ကောင်းကောင်းကြီး ရစေမှာပါ။ သင်နဲ့ သင့်ပါတနာ နှစ်ဦးသား မတ်တပ်ရပ် အနေအထားနဲ့ မျက်နှာချင်းဆိုင် ရှိနေရပါမယ်။ ပါတနာရဲ့ ခြေထောက်တစ်ဖက်ကို မချီထားပြီး သင့်ခါးမှာ ချိတ်ထားပါ။ မိန်းမကိုယ်အတွင်းကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်နိုင်သလို G-spot ကို ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်တဲ့အတွက် အထွတ်အထိပ် ခံစားမှုကို သေချောပေါက် ရစေမှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Times of India