လုပ်ငန်းခွင်ဆိုတာ ကျွန်တော်တို့ရဲ့ အချိန်တွေ အများဆုံးကုန်ဆုံးရတဲ့ ဒုတိယအိမ်ပါ။ သေချာတွက်ကြည့်မယ်ဆိုရင် တစ်ပတ်ကို နာရီ ၄၀ ဝန်းကျင်လောက် ရုံးခန်းမှာ အချိန်ကုန်ရတာ ဖြစ်ပါတယ်။ ဒီလို ကျွန်တော်တို့ ဘဝထဲက အချိန်တော်တော်များများ ကုန်ဆုံးနေရတဲ့ ဒုတိယအိမ်ဧရိယာလေးအတွင်းမှာ တစ်ကိုယ်ရည်သုံး ဆက်စပ်ပစ္စည်းလေးတွေ ထားရှိတာကလည်း ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်မှုတိုးစေသလို လုပ်ငန်းပိုင်းဆိုင်ရာ Productivity ကိုလည်း တိုးစေမှာပါ။ ဒါကြောင့်တစ်ခေါက်မှာတော့ ရုံး တက် ၊ လုပ်ငန်းခွင်ဝင်နေတဲ့ ကွီးတို့အတွက် အလုပ်ခွင်အတွင်းမှာ ရှိသင့်တဲ့ အမိုက်စား နည်းပညာ Gadgets ပစ္စည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) Logitech MXM 3S Wireless Performance Mouse

Logitech MXM 3S Wireless Performance Mouse
Photo : G For Gadgets

လုပ်ငန်းခွင်သုံး မောက်စ် ကောင်းကောင်းတစ်လုံး ရှာနေတယ် ဆိုရင်တော့ Logitech MXM 3S က သေချာပေါက် ရွေးချယ်စရာ တစ်ခုပါ။ MX Master 3S မောက်စ်မှာ FLOW Cross-Computer Control လို့ခေါ်တဲ့ နည်းပညာ ပါဝင်ပြီး ဒါက Computers နဲ့ Laptops တွေအားလုံးမှာ ချောမွေ့လွယ်ကူစွာ အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးပါတယ်။ MX Master 3S ကို Windows ရော macOS မှာပါ သုံးနိုင်ပြီး USB C Charging စနစ်နဲ့ ရက်ပေါင်း ၇၀ နဲ့ အထက် Battery Life သုံးနိုင်မှာ ဖြစ်ပါတယ်။ Devices ၃ ခုအထိ တစ်ပြိုင်နက်တည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး Wireless ဖြစ်တဲ့အတွက် MX Master 3S မောက်စ်နဲ့ဆို ရုံး မှာ အထာကျကျ အလုပ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

(၂) eMeet Meeting Capsule – 360° Conference Camera with Speaker

eMeet Meeting Capsule – 360° Conference Camera with Speaker
Photo : G For Gadgets

ဒါကတော့ လုံးဝအမိုက်စား ဖြစ်ရုံသာမက တကယ်ကိုပဲ အသုံးဝင်တဲ့ ရုံး သုံး Gadget တစ်ခုပါ။ Video Conferencing လုပ်ဖို့အတွက် eMeet Meeting Capsule က တော်တော်လေး အသုံးဝင်တဲ့ ပစ္စည်းလေး ဖြစ်ပါတယ်။ ပုံမှန် ကင်မရာတွေနဲ့ မတူတာက Audio-Video ရိုက်ကူးဖို့အတွက် 360° Lens နဲ့ Microphones ၈ လုံးအထိ ပါဝင်တာကြောင့် လူအများကြီးနဲ့ Meeting လုပ်တဲ့အခါတွေမှာ သေချာပေါက် အသုံးတည့်စေမှာပါ။ 10-W HiFi Speaker ၊ 1080P Resolution နဲ့ 360° Panoramic View ၊ Video Modes ၅ ခုအပြင် Plug-And-Play ဒီဇိုင်း ၊ အဝေးကနေ ထိန်းချုပ်နိုင်မယ့် Remote Control စနစ်တွေပါ ပါပါတယ်။

(၃) Ticktime – Pomodoro Countdown Timer

Ticktime – Pomodoro Countdown Timer

Photo : G For Gadgets

လုပ်ငန်းခွင် အတွင်းသာမက ဘဝတိုးတက်မှုမှာပါ အထောက်အကူဖြစ်စေတဲ့ အချိန်စီမံခန့်ခွဲမှုအတွက် Countdown Timer လေးတစ်ခုက အများကြီး ကူညီပေးပါလိမ့်မယ်။ Ticktime က ကွီးတို့ရဲ့ တစ်နေ့တာ အချိန်အတွင်းမှာ အာရုံပျံ့လွင့်မှု နည်းသထက်နည်းစေပြီး ရုံး ချိန်အတွင်း လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်စေဖို့နဲ့ အလုပ်ပြီးမြောက်မှုကို ကူညီပံ့ပေးနိုင်ဖို့အတွက် အသုံးဝင်တဲ့ Productivity Gadget လေးတစ်ခု ဖြစ်ပါတယ်။ LED Display ၊ Inbuilt Speaker ၊ Magnetic Surface တွေပါပြီး ကျစ်လစ်ပြီး အထာကျတဲ့ ဒီဇိုင်းနဲ့ အလုပ်စားပွဲပေါ်မှာ ခပ်မိုက်မိုက် ထားနိုင်မှာပဲ ဖြစ်ပါတယ်။

(၄) EcoFlow River – Modular Portable Power Station

EcoFlow River – Modular Portable Power Station
Photo : G For Gadgets

အခုလို စိတ်ပျက် အလုပ်ပျက်ရတဲ့အထိ မီးပျက်နေတဲ့အချိန်တွေမှာ ရုံး တွင်း တစ်ကိုယ်ရည်သုံး Power Station တစ်ခုတော့ သေချာပေါက် လိုမှာပါ။ EcoFlow River က ကျစ်ကျစ်လစ်လစ် Compact နဲ့ Portable ဖြစ်တဲ့ ဒီဇိုင်းထုတ်ထားပြီး Power Capacity 600W ပါရှိပါတယ်။ 288Wh Base Battery Capacity ၊ 1200W Surge Capacity နဲ့ 0 to 80% Charging လုပ်ဖို့ ၁ နာရီသာကြာမှာ ဖြစ်ပါတယ်။ MPPT Solar Panel လည်း Support ပေးထားပြီး မီးဘယ်လောက်ပျက်ပျက် အလုပ်မပျက်ပဲ အေးဆေး အလုပ်လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

Source :  G For Gadgets

Featured Photo : G For Gadgets