လက်တလော The Idea of You (2024) ရုပ်ရှင်ကားနဲ့ ဒီနှစ်ထဲ ရေပန်းစားနေတဲ့ မင်းသမီးချော Anne Hathaway ကိုတော့ ပုရိသတို့ အားလုံးပဲ အထူးတလည် မိတ်ဆက်ပေးစရာ မလိုအောင် သိပြီးသားဖြစ်မယ် ထင်ပါတယ်။ အမေရိကန်နိုင်ငံသူ မမလှလှကတော့ လက်ရှိ ၄၁ နှစ်ဆိုတဲ့ အသက်အရွယ်နဲ့ မလိုက်အောင်ကို နုပျိုလွန်းလှပြီး ယနေ့အချိန်ထိ လှနေဆဲ ၊ ပုရိသတိုင်းရဲ့ ရင်ကို လှုပ်ခတ်နိုင်နေဆဲ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ်စတား မင်းသမီး တစ်လက်ပါ။ သူမရဲ့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ် အချိုးအစား ၊ ယစ်မူးလောက်စရာ အပြုံးလှလှလေးတွေက ကျွန်တော်တို့ ပုရိသတိုင်းရဲ့ ရင်ကို ထိမှန်စေမယ်ဆိုတာ အသေအချာပဲ မဟုတ်ပါလား။ ဒီတစ်ခေါက်မှာတော့ ယောကျာ်းလေး တိုင်းကြွေရတဲ့ မမ Anne Hathaway ရဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားတွေကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းမကြည့်ပဲ မမရဲ့အလှကို ထိုင်ကြည့်ရုံနဲ့ တန်နေစေမယ့် ဇာတ်ကားတွေ ဖြစ်တာကြောင့် အခုပြောပြမယ့် ဇာတ်ကားတွေကို ကွီးတို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။

(၁) Rachel Getting Married (2008)

Source : Trailer Chan

မမ Anne Hathaway ရဲ့ ငယ်တုန်းက ပုံရိပ်လေးတွေကို တဝကြီး ခံစားရမယ့် ရုပ်ရှင်ဇာတ်ကား ကောင်းလေးပါ။ Rachel Getting Married ဇာတ်ကားလေးက ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ မမက ဆေးစွဲနေတဲ့ ကောင်မလေး ဇာတ်ကောင် Kym နေရာကနေ ပါဝင် သရုပ်ဆောင်ထားပြီး သူမနဲ့ သူမရဲ့ မိသားစုဝင်တွေကြားက ပြဿနာလေးတွေကို ပုံဖော်ရိုက်ကူး ထားပါတယ်။ ဒီဇာတ်ကားလေးမှာ မင်းသားကြီး Bill Irwin ၊ မင်းသမီးချော Rosemarie DeWitt ၊ Debra Winger တို့နဲ့အတူ တွဲဖက် သရုပ်ဆောင်ထားပြီး မမ Anne ရဲ့ဂျစ်ကန်ကန် အမူအရာလေးတွေနဲ့ တစ်မျိုးလေး ချစ်ဖို့ကောင်းနေတဲ့ သရုပ်ဆောင်ချက်တွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

(၂) Bride Wars (2009)

Source : Trailer Chan

အချစ်ဆုံး သူငယ်ချင်းတွေကနေ ပြိုင်ဘက်တွေ ဖြစ်လာတဲ့ အဖြစ်မျိုး ပြင်ပလောကမှာ အများကြီးပါ။ အထူးသဖြင့် မိန်းကလေးတွေ ကြားမှာဆိုရင် ဒီလိုအဖြစ်အပျက်တွေက ပိုလို့တောင် အဖြစ်များပါတယ်။ ဒီလိုသူငယ်ချင်းနှစ်ယောက်ကြားက ပြိုင်ဆိုင်မှုလေးတွေအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Bride Wars ဇာတ်ကားလေးမှာတော့ Anne Hathaway နဲ့ Kate Hudson တို့နှစ်ယောက်ရဲ့ အားပြိုင်မှုလေးတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ Comedy/Romance ဇာတ်ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရင်း ဒိတ်ဒိတ်ကြဲ မမချောချော နှစ်ယောက်ရဲ့ အလှတွေကို တဝကြီး ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) The Dark Knight Rises (2012)

Source : Rotten Tomatoes Coming Soon

Batman ဖန်တွေဆိုရင်တော့ ၂၀၁၂ ခုနှစ်က ထွက်ခဲ့တဲ့ The Dark Knight Rises ဇာတ်ကားကို အထွေအထူး ပြောပြနေစရာ မလိုအောင် သိကြမှာပါ။ ဆို‌တော့ ဇာတ်လမ်းအကြောင်း အများကြီး မပြောပြတော့ပါဘူး။ ဒီဇာတ်ကားထဲမှာတော့ မမကို ကြောင်နက်မလေးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်ကားကြီးက လုံးဝမိုက်သလို ကြောင်နက်မလေး မမရဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတွေအောက်မှာလည်း တဖြုတ်ဖြုတ် ကြွေပါပဲ။ ကွီးတို့ The Dark Knight Rises (2012) ဇာတ်ကားကို မကြည့်ရသေးရင် သေချာပေါက်ကြည့်ကြည့်ပါ။ ကြည့်ပြီးသားသူတွေကလည်း မမရဲ့အလှတွေကို တဖန်စီးမြောခံစားနိုင်ဖို့ ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၄) The Witches (2020)

Source : Warner Bros. Pictures

၂၀၂၀ ခုနှစ်ကတုန်းက ထွက်ခဲ့တဲ့ The Witches ဇာတ်ကားမှာတော့ မမ Anne Hathaway ကို လုံးဝမတူတဲ့ ဗီလီဇာတ်ရုပ် စုန်းမနေရာကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်အရတော့ မုန်းစရာဖြစ်နေပေမယ့် မမရဲ့ ဗီလိန်ဇာတ်ရုပ်အပေါ် ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေလို့ပဲ စာရေးသူက ချီးကျူးပြီး မမုန်းနိုင်တာ အမှန်ပါ။ မမရဲ့ ဗီလိန်ဇာတ်ကောင်စရိုက်အပေါ် မာန်ပါပါ အသက်သွင်းသရုပ်ဆောင်ထားချက်တွေက တကယ်ကိုပဲ တော်လွန်းပါတယ်။ မြင်ဖူးနေကြ ပုံစံတွေထဲက ကွဲထွက်ပြီး မမရဲ့ အနုပညာဆန်းသစ်ချက်တွေကို ခံစားကြည့်ချင်တယ် ဆိုရင်တော့ The Witches (2020) ဇာတ်ကားလေးက သေချာပေါက် ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါပဲ။

(၅) Armageddon Time (2022)

Source : Universal Pictures Australia

နောက်ဆုံးပိတ် ဇာတ်ကားလေးကိုတော့ ဒရမ်မာလေးနဲ့ ပိတ်ပါရစေ။ ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန် မိသားစုဘဝဇာတ်ကြောင်းကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဒီဇာတ်ကားလေးထဲမှာတော့ မမ Anne Hathaway ကို အိမ်ထောင်ရှင်မ မိခင်တစ်ယောက်ရဲ့ ဇာတ်ကောင်နေရာကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်ပြီး လှနေတဲ့ မမရဲ့အလှတွေကို ခံစားကြည့်ရှုနိုင်မယ့် မိသားစု ဒရမ်မာဇာတ်ကောင်းလေးပဲ ဖြစ်ပါတယ်။

Source : The Guardian

Featured Photo : Collider