Gym သွားဖို့ အချိန်မရှိလို့ အိမ်မှာပဲ လေ့ကျင့်ခန်း လုပ်မယ့်သူတွေအနေနဲ့ အနည်းဆုံးတော့ Dumbbell အလေးတုံးတွေ ရှိကိုရှိထား သင့်ပါတယ်။ ဘာလို့ဆို Dumbbell တွေ သုံးပြီးမတူညီတဲ့ လေ့ကျင့်ခန်း အမျိုးအစားပေါင်း မြောက်များစွာကို ကစားနိုင်မှာဖြစ်သလို ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားအစိတ်အပိုင်းတွေ အားလုံးကို ထိထိရောက်ရောက် လေ့ကျင့်ဆော့ကစားလို့ ရမှာပါ။ ဒါပေမယ့် ဒီခေတ်အနေအထားအရ Dumbbell တွေရဲ့ ဈေးနှုန်းကလည်း မသေးပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ Dumbbell တွေ ဝယ်ရတာလောက် ငွေအများကြီး မကုန်ပဲ အိမ်မှာကိုယ်တိုင် ပြုလုပ်လို့ရမယ့် DIY ကွန်ကရစ် အလေးတုံး ပြုလုပ်နည်းအဆင့်ဆင့်ကို မျှဝေပေးသွားပါမယ်။

Concrete Dumbbells

ကွန်ကရစ် အလေးတုံးတွေ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ Materials List

ကွီးတို့ ကွန်ကရစ် အလေးတုံးတွေ အိမ်မှာ ကိုယ်တိုင်ပြုလုပ်ဖို့ ပစ္စည်းများစွာ မလိုအပ်ပါဘူး။ ကွီးတို့ ပြုလုပ်မယ့် Dumbbell တွေရဲ့ ဝိတ်နဲ့ အရေအတွက် ပေါ်မူတည်ပြီး ဘိလပ်မြေ ၊ သဲ ၊ စတီးပိုက် သို့မဟုတ် PVC ကော်ပိုက် ၊ သံချည်ကြိုး ၊ ပုံသွင်းဖို့ Molds ခွက် ၊ ဖောက်စက် စသည်ဖြင့် ဒီလောက်ပါပဲ။

Step 1 – လက်ကိုင်ပြင်ဆင်ပါ

Concrete Dumbbells

အလေးတုံး တွေမှာ ထည့်မယ့် အလည်တိုင် လက်ကိုင်အတွက် စတီးပိုက် သို့မဟုတ် PVC ကော်ပိုက်တွေကို Dumbbell အရွယ်အစားအလိုက် သေချာဖြတ်တောက်ပြီး ထိပ်နှစ်ဖက်မှာ အပေါက် ၂ ပေါက်စီ ဖောက်ထား ပေးရပါမယ်။

Step 2 – ဘိလက်မြေ ဖျော်ပါ

Concrete Dumbbells

နောက်တဆင့်ကတော့ ဘိလက်မြေ ဖျော်ဖို့အတွက် ပြင်ဆင်ထားရပါမယ်။ ကွီးတို့ ပြုလုပ်မယ့် အလေးတုံး တွေရဲ့ အရွယ်အစားပေါ်မူတည်ပြီး လိုအပ်သလောက် ပမဏကို ခန့်မှန်းဖျော်စပ်ထားပါ။

Step 3 – သံချည်ကြိုးတွေ ပြင်ဆင်ပါ

Concrete Dumbbells

ကွန်ကရစ် အလေးတုံးတွေ တည်ဆောက်ရာမှာ သံချည်ကြိုးတွေက အရေးကြီးပါတယ်။ အဆောက်အဦးတွေ တည်ဆောက်တဲ့အခါ Foundation ချ သလိုပါပဲ။ သံချည်ကြိုးတွေက အလေးတုံးတွေရဲ့ မာကျောမှု ၊ အကြမ်းခံမှု ပိုရှိစေဖို့ အထောက်အပံ့ ဖြစ်စေမှာပါ။ ကွန်ကရစ် အလေးတုံးတွေကို Molds လောင်းရာမှာ ထည့်သုံးဖို့အတွက် သံချည်ကြိုးတွေကို အနေတော်အရွယ်အစား ကြိုတင်ဖြတ်တောက် ထားရပါမယ်။

Step 4 – Molds ခွက်ထဲကို ဖျော်စပ်ထားတဲ့ ဘိလက်မြေ လောင်းထည့်ပါ

Concrete Dumbbells

အသင့်ပြင်ဆင်ထားတဲ့ ပုံသွင်း Molds ခွက်ထဲကို ဖျော်စပ်ထားတဲ့ ဘိလက်မြေ အရောအနှောကို လောင်းထည့်ရပါမယ်။ လေပူဖောင်းတွေ ထတာမျိုး မဖြစ်စေဖို့ Molds ခွက် ကြမ်းပြင်နဲ့ ခပ်ဖွဖွ ဆောင့်ချပေးပါ။ ပြီးရင် ဖြတ်တောက်ထားတဲ့ သံချည်ကြိုးတွေကို ဘိလက်မြေ အရောအနှောထဲ လိုက်လံမြုပ်နှံ ပေးရပါမယ်။

Step 5 – လက်ကိုင်တန်း စိုက်ပါ

Concrete Dumbbells

နောက်တဆင့်ကတော့ ကွန်ကရစ်လောက်ထားတဲ့ Molds ခွက်ထဲ ဖြတ်တောက်ထားတဲ့ စတီးပိုက် သို့မဟုတ် PVC ပိုက် လက်ကိုင်တန်းကို စိုက်ရပါမယ်။ အလယ်တည့်တည့် ကျစေဖို့ သေချာချိန်ဆ စိုက်ပေးပါ။ လက်ကိုင်တန်း မရွေ့သွားစေဖို့ တိတ်သို့မဟုတ် ကြိုးနဲ့ ထိန်းညှိဆိုင်းထားလို့ ရပါတယ်။ ကွန်ကရစ်ခြောက်သွားဖို့က အနည်းဆုံး ၄၈ နာရီ ထားဖို့ လိုပါတယ်။ တစ်ဖက်ခြောက်သွားမှ နောက်တစ်ဖက်ကို Molds လောင်းပြီး ကျန်လက်ကိုင်တန်း တစ်ဖက်ကို စိုက်ပေးပါ။

Step 6 – လက်ကိုင်တန်း အလယ်ကို တံစည်းနဲ့ ပွတ်တိုက်ပါ

Concrete Dumbbells

နှစ်ဖက်လုံး Molds လောင်းပြီးပြီ ကွန်ကရစ် ကောင်းကောင်းခြောက် သွားပြီဆိုရင်တော့ လက်ကိုင်တန်း အလယ်ကို တံစည်းနဲ့ ပွတ်တိုက်ပေးရပါမယ်။ ဒါက ကွီးတို့ ကစားချိန်မှာ လက်ချော်သွားတာမျိုး မဖြစ်စေပဲ Grip ကောင်းကောင်း ရစေဖို့ပါ။

အလေးတုံးတွေကို ကွီးတို့ လိုချင်တဲ့ KG အလိုက် ၊ ပုံသဏ္ဌာန်အရွယ်အစားအလိုက် သေချာ Molds  လောင်းပြီး စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ အိမ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ ၊ ဝိတ်မ, ဖို့အတွက် ကိုယ်တိုင်လုပ် ကွန်ကရစ် အလေးတုံး တွေ ရပါပြီ။

Source : Garage Gym Reviews

Featured Photo : Rom GD