ချစ်တင်းနှောတဲ့အခါ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးတွေဟာ အကောင်းဆုံး ရွေးချယ်မှုပါ။ ဒါပေမယ့် မတူညီတဲ့ လိင်မှုဆိုင်ရာ ခံစားမှု အသစ်အဆန်းလေးတွေကို ရှာဖွေချင်သူတွေအတွက် အနံ့အရသာပါတဲ့ ကွန်ဒုံးတွေ ရှိပါတယ်။ ကွီးတို့ တွေးမိလား ၊ မတွေးမိလား မသိပေမယ့် ဈေးကွက်ထဲမှာ ရောင်းနေတဲ့ စတော်ဘယ်ရီအနံ့ ၊ ချောကလက်အနံ့တွေပါတဲ့ ကွန်ဒုံးတွေဟာ ဘာအတွက် အနံ့အရသာ ထည့်ပေးထားတာလဲ ? ဒီလိုအနံ့အရသာပါတဲ့ ကွန်ဒုံးတွေကို မှန်မှန်ကန်ကန် ဘယ်လိုအသုံးပြုရမလဲ ? စသည်ဖြင့် တော်တော်များများ သိချင်နေကြတဲ့ အနံ့အရသာ ပါတဲ့ ကွန်ဒုံး တွေနဲ့ပတ်သတ်ပြီး သိထားသင့်သမျှ အချက်လေးတွေကို ဒီဆောင်းပါးကနေတဆင့် ပြောပြပေးပါမယ်။

အနံ့အရသာပါတဲ့ ကွန်ဒုံးဆိုတာ ဘာလဲ ?

Flavoured Condoms

Photo : Combatbd.com

အနံ့အရသာပါတဲ့ Flavoured ကွန်ဒုံး ဆိုတာ လိင်မှုဆိုင်ရာမှာ လှုပ်ရှားမှုတွေအတွက် အများစု အသုံးပြုနေတဲ့ ကွန်ဒုံးအမျိုးအစားတွေထဲက တစ်ခုပါပဲ။ သာမန် ကွန်ဒုံးတွေလို အကျိုးအာနိသင် သက်ရောက်မှုက အတူတူဖြစ်ပြီး အဓိကအားဖြင့် အနံ့အရသာထည့် ထားပေးတယ် ဆိုတာဟာ ထိုးသွင်းဆက်ဆံမှုမပြုမီ ကြိုတင်နှိုးဆွမှု Foreplay အဆင့်မှာ သုံးဖို့အတွက် ဖြစ်ပါတယ်။ ကွန်ဒုံးတွေမှာ အနံ့အရသာ ပါဝင်နေတဲ့အတွက် ပါးစပ်တဲ့လိင်ဆက်ဆံမှု ပြုလုပ်တဲ့အခါ မတူညီတဲ့ ခံစားမှုအတွေ့အကြုံ အသစ်တွေကို ရရှိခံစားစေမှာဖြစ်သလို ဘေးကင်းလုံခြုံမှုဟာလည်း သာမန် ကွန်ဒုံးတွေနဲ့နည်းတူ အကျိုးသက်ရောက်မှု အပြည့်အဝ ရှိပါတယ်။

အနံ့အရသာပါတဲ့ ကွန်ဒုံးတွေကို ထိုးသွင်းဆက်ဆံချိန်မှာ သုံးလို့ရပါသလား ?

Flavoured Condoms

Flavoured Condoms Photo : Healthshots

အချို့ အနံ့အရသာပါတဲ့ ကွန်ဒုံးတွေမှာ အချိုအရသာ ပေးဖို့အတွက် Sugar-Based Lube တွေကို အသုံးပြုထားပါတယ်။ ၎င်းက မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံမှု ပြုတဲ့အခါမှာ မိန်းမကိုယ်ရဲ့ PH ဟန်ချက်ညီမျှမှုကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်တာ ၊ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အနံ့အရသာ ပါတဲ့ ကွန်ဒုံးတွေကို ထိုးသွင်းဆက်ဆံချိန်မှာ အသုံးပြုတာထက် Foreplay အဆင့်မှာပဲ အသုံးပြုတာဟာ ပိုမိုဘေးကင်းလုံခြုံမှု ရှိစေမှာပါ။

အနံ့အရသာပါတဲ့ ကွန်ဒုံးတွေက စိတ်ချရလား ?

Flavoured Condoms

Photo : Times Now

အနံ့အရသာပါတဲ့ ကွန်ဒုံးတွေက ရာနှုန်းပြည့် လုံခြုံစိတ်ချမှု ရှိပါတယ်။ သာမန် ကွန်ဒုံး တွေနဲ့ အကျိုးအာနိသင် သက်ရောက်မှုချင်းဟာ အတူတူပဲ ဖြစ်ပြီး ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။

အနံ့အရသာပါတဲ့ ကွန်ဒုံးတွေကို ဘာကြောင့် သုံးသင့်လဲ ?

Flavoured Condoms

Photo : The Tab

အနံ့အရသာပါတဲ့ ကွန်ဒုံးတွေဟာ ချစ်သူစုံတွဲတွေအတွက် မတူညီတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ဖို့ သေချာဒီဇိုင်းထုတ်ထားတာ ဖြစ်တာကြောင့် ရင်ခုန်ပျော်ရွှင်စရာတွေ ပိုယူဆောင် လာပေးနိုင်ပါတယ်။ ချိုမြိန်တဲ့ အရသာ ၊ သင်းပျံ့တဲ့ မွှေးရနံ့တွေက စွဲမက်ဖွယ်ကောင်းပြီး အိပ်ရာထက်မှာ သင့်နဲ့ သင့်ပါတနာ နှစ်ဦးသားရဲ့ ရင်ခုန်ခြင်း ချစ်ခြင်းသံစဉ်တွေကို ပိုမိုတိုးမြင့်လာစေဖို့ ကူညီပေးမှာပါ။ ဒါကြောင့် မတူညီတဲ့ အထိအတွေ့ ၊ ခံစားချက်အသစ်တွေကို ရရှိခံစားချင်တယ် ဆိုရင်တော့ အနံ့အရသာ ပါတဲ့ ကွန်ဒုံးတွေက သေချာပေါက် Try ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။

ကွီးတို့ရော အနံ့အရသာပါတဲ့ ကွန်ဒုံး တွေကို စမ်းသုံးကြည့်ပြီးပြီလား ???

Featured Photo : Healthshots