တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လို့ ခေတ်သစ်ဆေးသိပ္ပံပညာက ဆိုထားပါတယ်။ သို့သော် ဒါဟာ ယေဘုယျ အဖြေသာ ဖြစ်ပါတယ်။ အကယ်၍ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ သင့်ဘဝထဲက တစ်စိတ်တစ်ပိုင်းဖြစ်လာမယ် ၊ အမြဲတမ်းလိုလို သို့မဟုတ် အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေမိနေမယ်ဆိုရင်တော့ ကောင်းကျိုးထက် မိမိကိုယ်ကိုယ် Guilty ဖြစ်တာ ၊ နေ့စဉ်ဘဝအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာတာ နဲ့ လိင်မှုဆိုင်ရာ ပျော်ရွှင်မှု နည်းပါးလာစေတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုမိုကြုံတွေ့ရမှာပါ။ ဒါကြောင့်လည်း NNN လို့ အတိုကောက်ခေါ်လေ့ရှိတဲ့ No Nut November လို Movement တွေကို လူတွေ စိန်ခေါ် Join ကြတာလို့ ပြောရပါမယ်။ ဒီလို တစ်ကိုယ်ရည် အာသာဖြေ ခြင်းကို အချိန်အတိုင်းအတာတစ်ခုအထိ ခေတ္တခဏ ရပ်နားလိုက်တာက ကွီးတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးလေးကနေ တဆင့် ပြောပါချင်ပါတယ်။

(၁) ပိုပျော်ရွှင်လာမယ်

Masturbation

Photo : Priority Men’s Medical Center

တစ်ကိုယ်ရည် အာသာဖြေ တာဟာ အစပိုင်းမှာတော့ စိတ်ဖိစီးမှုတွေ သက်သာပြေလျော့စေတယ် ၊ စိတ်ရဲ့တင်းကြပ်မှုတွေ လျော့ပါးစေတယ်လို့ ခံစားရပေမယ့် အမြဲတမ်းပုံမှန် အလုပ်ကြီးတစ်ခုလို လုပ်မိနေတဲ့ အခါမှာတော့ Guilty ဖြစ်တဲ့ ခံစားချက်တွေ ၊ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှုလျော့ကျလာတဲ့ စိတ်တွေ ၊ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်လာစေတက်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်တန့်လိုက်မယ်ဆိုရင်တော့ ဒီလိုစိတ်ခံစားမှုတွေ ကင်းစင်ပြီး ပိုမိုပျော်ရွှင်ရတဲ့ ဘဝရပ်ဝန်းသစ်တစ်ခုကို ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

(၂) အာရုံစူးစိုက်မှု ပိုကောင်းလာမယ်

Masturbation

Photo : Slate.com

လိင်စိတ်လွှမ်းမိုးမှု အားကြီးနေရင် ဘယ်အရာကိုမှ ကောင်းကောင်း Focus လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ သင့်နေ့စဉ်ဘဝထဲက အလုပ်အကိုင် ၊ လူမှုရေး ၊ ပညာရေး ၊ ပေါင်းသင်းဆက်ဆံရေး အားလုံးမှာ မသိမသာ ပြဿနာတွေ ရှိလာပါလိမ့်မယ်။ ဒါကိုပြင်ဆင်ဖို့ တစ်ကိုယ်ရည် အာသာဖြေ ခြင်းကို အာရုံစိုက်မိနေတဲ့ အပေါ် အခြား ဝါသနာပါတဲ့ အရာတွေ ၊ လေ့လာမှုအသစ်တွေနဲ့ ပြောင်းလဲ အာရုံပြောင်းရပါမယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းအပေါ်ကို အာရုံလွဲလိုက်တာနဲ့ အခြားသင့်ရဲ့ ဘဝထဲက အရာတွေအပေါ် ပုံမှန်အတိုင်း ပြန်ပြီး အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ လုပ်ကိုင်နိုင်မှာပါ။

(၃) အင်နာဂျီ ပိုကောင်းလာမယ်

Masturbation

Photo : MedicalNewsToday

သင်သတိထားမိမယ် ထင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေ ခြင်းကို ဆက်တိုက် လုပ်ဆောင်နေမိတဲ့အခါ စိတ်ရောလူပါ တဖြည်းဖြည်း အားအင်ချိနှဲ့ လာတာပါ။ သုတ်လွှတ်ခြင်းကြောင်း တက်စတိုစတီရုန်း (Testosterone) ပမာဏ လျော့နည်းသွားပြီး ခန္ဓာကိုယ်မှာ အားကုန်တဲ့ ခံစားချက်ကို ခံစားရစေပါတယ်။ ထို့အတူ စိတ်စွမ်းအားတွေလည်း ပိုမိုကျဆင်းလာပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်နားလိုက်မယ်ဆိုရင်တော့ ဒီပြဿနာတွေကို အော်တိုဖြေရှင်းပြီးသား ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာမှာ ဖြစ်ပါတယ်။

(၄) မိမိကိုယ်ကိုယ် လေးစားမှု/ယုံကြည်မှု တိုးလာမယ်

Masturbation

Photo : Man Matters

တစ်ကိုယ်ရည် အာသာဖြေ ခြင်းဟာ ညစ်ညမ်းရုပ်ရှင်တွေနဲ့ အမြဲဆက်စပ်နေပြီး ဒါတွေကတဆင့်ပဲ မိမိကိုယ်ကိုယ် လေးစားမှု/ယုံကြည်မှု ၊ လက်တွေ့ဘဝနဲ့ ကွဲလွဲတဲ့ အပျက်သဘောဆောင်မှုလွန်ကဲတဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာစေတက်ပါတယ်။ ဒါတွေက သင့်ရဲ့ကိုယ်ပိုင်နေ့စဉ်ဘဝမှာ သာမက ပါတနာနဲ့ ဆက်ဆံရေး ၊ လိင်မှုဘဝကျန်းမာရေး အပေါ်ပါ ဆိုးကျိုးတွေ အများကြီး သက်ရောက် လာစေနိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကိုယ် လေးစားမှု/ယုံကြည်မှု ပြန်လည် တိုးမြင့်လာဖို့ ၊ လက်တွေ့ဘဝကို လက်တွေ့ကျကျ နားလည်ပြီး လက်တွေ့ဆန်တဲ့ ခံစားချက်တွေကို ရရှိခံစားနိုင်ဖို့ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်တန့်တာဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

သင်ရော တစ်ကိုယ်ရည် အာသာဖြေခြင်းကို ခေတ္တခဏ ရပ်နားဖူးပါသလား ? ဘယ်လိုကောင်းကျိုးတွေ ခံစားရလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။

Source : Relay App

Featured Photo : UPGUYS