ဖွားဖက်တော် ကျန်းမာသန်စွမ်းမှုဟာ ယောကျာ်းတစ်ယောက်အတွက် အရေးကြီးဆုံး လိုအပ်ချက် တစ်ခုပါ။ ဒေါင်ဒေါင်မြည်အောင် ကျန်းမာတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်နိုင်ဖို့ဆို ကွီးတို့နေ့စဉ်ဘဝထဲက နေထိုင်မှုပုံစံတွေက အများကြီး သက်ရောက်မှု ရှိပါတယ်။ လိင်အင်္ဂါသန်စွမ်းကြံ့ခိုင်ပြီး ၊ လိင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့ အရိုးရှင်းဆုံး နည်းလမ်းလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေ လျော့ချလိုက်ပါ

Meditation

Photo : Verywell Mind

စိတ်ဖိစီးမှုတွေဟာ ဖွားဖက်တော် အပါအဝင် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးအပေါ် ဆိုးဆိုးရွားရွား ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုဟာ လျော့ကျသွားပြီး လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို စိတ်ဖိစီးမှု လျော့ နည်းအောင် တက်နိုင်သမျှ နေထိုင်သင့်ပြီး စိတ်ဖိအားတွေ လျော့ကျစေမယ့် တရားထိုင်ခြင်း ၊ ယောဂကျင့်ခြင်း နည်းလမ်းတွေကို ကျင့်သုံးသင့်ပါတယ်။

(၂) လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ

Healthy Fruits

Photo : MedicalNewsToday

အစာအာဟာရဟာ ဖွားဖက်တော် ကျန်းမာရေးနဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အဓိအားဖြင့် လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ Antioxidants တွေ ကြွယ်ဝပြီး သွေးကြောတွေထဲမှာရှိတဲ့ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးတာကြောင့် သွေးစီးဆင်းမှု ပိုကောင်းစေပြီး လိင်တံကျန်းမာသန်စွမ်းမှုကို တိုးစေဖို့ အထောက်အကူ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ နေ့ရက်တိုင်းမှာ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

(၃) သေချာပေါက် ဆေးလိပ်ဖြတ်ပါ

Quitting Smoking

Photo : International Diabetes Federation

ဆေးလိပ် ၊ စီးကရက်ဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော်အတွက် အကြီးမားဆုံး အန္တရာယ်တစ်ခုပါပဲ။ ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သလို ဆေးလိပ်မှာပါဝင်တဲ့ သောင်းဂဏန်းဝန်းကျင် ဓာတုပစ္စည်းတွေဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတာကြောင့် လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ ၊ လိင်အင်္ဂါအရွယ်အစား ကျုံ့လာတာ စတဲ့ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်း ဖလန်းဖလန်းထနေတဲ့ ဖွားဖော်တော် ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် သေချာပေါက် ဆေးလိပ်ဖြတ်ရပါမယ်။

(၄) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Exercises

Photo : Eat This Not That

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါ။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီပိုတွေကို လျော့ချပေးပြီး ကျစ်ကျစ်လစ်လစ်နဲ့ သန်မာတဲ့ လူတစ်ယောက်ဖြစ်လာမှာ ဖြစ်သလို လိင်တံဆီကို သွေးစီးဆင်းမှု ပိုမိုကောင်းမွန်စေတဲ့အတွက်လည်း ပိုကျန်းမာ ပိုသန်စွမ်းတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ ဖွားဖက်တော် ကျန်းမာရေး ဒေါင်ဒေါင်မြည် စေဖို့ ကွီးတို့ အားလုံးလိုက်လုပ်နိုင်တဲ့ အရိုးရှင်းဆုံး နေထိုင်ပုံစံကောင်းတွေပဲ ဖြစ်ပါတယ်။

Source : Lybrate

Featured Photo : Tantric Academy