တစ်ခါတစ်ရံ ကျွန်တော်တို့ အမျိုးသားတွေမှာ လိင်တံ ထုံကျဉ်တာ ကဲ့သို့ အခြေအနေ မျိုး ကြုံတွေ့ ခံစားရနိုင်ပါတယ်။ ဒါဟာ အချိန်အကြာကြာ ထိုင်မိတဲ့ အခြေအနေတွေမှာ ဖြစ်တက်သလို တက်စတိုစတီရုန်း (Testosterone) ပမဏ လျော့ကျတာ ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာနဲ့ အခြားသော အခြေအနေ အကြောင်းအရင်း အရပ်ရပ်ကြောင့် ဖြစ်ပွားတက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဖွားဖက်တော် ထုံကျဉ် ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သတ်ပြီး ကွီးတို့ သိထားသင့်သမျှ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

Numb Penis

Photo : mars by GHC

အရင်ဆုံး ဖွားဖက်တော် မှာ ထုံကျဉ် မှုပြဿနာ ရှိနေတယ်ဆိုပါက ထိတွေ့ကိုင်တွယ်မှု ဒါမှမဟုတ် လိင်မှုဆိုင်ရာနှိုးဆွမှုတွေ အပါအဝင် လိင်တံအပေါ် တိုက်ရိုက် ထိတွေ့မှုမှန်သမျှကို အာရုံခံစားနိုင်စွမ်း မရှိတာမျိုး ဖြစ်တက်ပါတယ်။

လက္ခဏာတွေအရတော့ လူတစ်ဦးနဲ့တစ်ဦး အမျိုးမျိုး ကွဲပြားနိုင်ပြီး အချို့လူတွေမှာဆိုရင် ဖွားဖက်တော်ဟာ သွေးလည်ပတ်မှု မရှိတော့တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုလို ထိတွေ့မှုမှန်သမျှ မခံစားရတာမျိုး ဖြစ်ကြသလို အချို့လူတွေမှာတော့ အိပ်ပျော်နေစဉ် ခြေထောက်တွေ လက်တွေကို တစ်စုံတစ်ဦးက လာရောက်ထိတွေ့ ကိုင်တွယ်သလို မသိလိုက်တဲ့ အခြေအနေမျိုး ဖြစ်တက်ပါတယ်။ အချို့မှာဆိုရင် ထိတွေ့အာရုံခံနိုင်စွမ်းဟာ အနည်းငယ် ရှိတက်ပြီး အချို့ကတော့ လုံးဝ ခံစားမှုမရတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဖြစ်ပွားရတဲ့ နောက်ခံအကြောင်းအရင်းအပေါ်မူတည်ပြီး ထုံကျဉ်မှု ဝေဒနာနဲ့အတူ အခြား လက္ခဏာတွေလည်း တွဲဖက်ခံစား ရနိုင်ပါတယ်။

  • ဝှေးစေ့ ၊ Perineum နဲ့ လိင်တံ တစ်ဝိုက်ရှိ အရေပြားတွေမှာ အာရုံခံစားမှု ဆုံးရှုံးခြင်း
  • လိင်တံ အရေပြား တဝိုက်မှာ အပ်နဲ့ထိုးသလို စူးကနဲ ခံစားရခြင်း ၊ ပူစပ်ပူလောင် ဖြစ်ခြင်း
  • လိင်တံ သို့မဟုတ် ဝှေးစေ့အတွင်းမှာ အအေးခံထားသလို ထုံကျဉ်နေခြင်း
  • လိင်တံ အရေပြားဟာ အပြာရောင် သို့မဟုတ် ခရမ်းရောင် ပြောင်းလဲခြင်း

စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဖွားဖက်တော် ထုံကျဉ်ခြင်းကို ဘာတွေကဖြစ်စေသလဲ ?

Numb Penis

Photo : mars by GHC

လိင်တံ အပေါ် သို့မဟုတ် လိင်တံ ဧရိယာ အနီးတစ်ဝိုက်မှာ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ထုံကျဉ်မှု ဝေဒနာ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် စက်ဘီးနင်းတာ ၊ အချိန်ကြာကြာထိုင်တာ ၊ ဓာတုပစ္စည်းပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် ယားယံမှုဖြစ်တာ ၊ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ စတဲ့ အခြေအနေတွေကလည်း လိင်တံ ထုံကျဉ်မှုကို ဖြစ်စေနိုင်ပါတယ်။

ဖွားဖက်တော် ထုံကျဉ်ခြင်းကို ဘာတွေကဖြစ်စေသလဲ ?

Numb Penis

Photo : University of St. Augustine for Health Science

လိင်တံ အပေါ် သို့မဟုတ် လိင်တံ ဧရိယာ အနီးတစ်ဝိုက်မှာ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ထုံကျဉ်မှု ဝေဒနာ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် စက်ဘီးနင်းတာ ၊ အချိန်ကြာကြာထိုင်တာ ၊ ဓာတုပစ္စည်းပါဝင်တဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့် ယားယံမှုဖြစ်တာ ၊ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်တာ စတဲ့ အခြေအနေတွေကလည်း လိင်တံ ထုံကျဉ်မှုကို ဖြစ်စေနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေပါ။ တစ်ကိုယ်ရည် အာသာဖြေတာ ၊ ချစ်တင်းနှောတာ အပါအဝင် မည်သည့် လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမှာမဆို ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ပြုမူလုပ်ဆောင်မိတဲ့အခါမျိုးမှာ လိင်တံအရေပြားကို ပွတ်တိုက်မှု ဖြစ်စေပြီး လိင်တံထုံကျဉ်တာ ၊ ယားယံတာနဲ့ ပွန်းပဲ့ဒဏ်ရာရတာတွေအထိ ဖြစ်နိုင်ပါတယ်။

အလားတူ ခန္ဓာကိုယ်မှာ ကျားဟော်မုန်းလို့ ခေါ်တဲ့ တက်စတိုစတီရုန်း (Testosterone) ပမဏလျှော့နည်းနေချိန်တွေမှာ လိင်တံ ထုံကျဉ်တာမျိုး ဖြစ်တက်ပါတယ်။ သို့သော် ဒီအခြေအနေဟာ ထုံကျဉ်မှုကလွဲပြီး တခြား နာကျင်တဲ့ ဝေဒနာမျိုး ခံစားရမှာမဟုတ်ပဲ လိင်တံ သို့မဟုတ် ကပ်ပယ်အိတ်ကို ဖိမိတာတဲ့ အချိန်တွေမှာ အာရုံခံစားမှု ရှိနေမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ အကြောင်းအရင်းတစ်ခုကတော့ အာရုံကြောပြဿနာရှိနေတာပါ။ ဆီးချိုရောဂါ ၊ Lupus ၊ Multiple Sclerosis (MS) ၊ ကင်ဆာ / ကင်ဆာ ကုထုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါ အခြေအနေတွေဟာ အာရုံကြောစနစ်အပေါ် ထိခိုက်စေနိုင်ပြီး ခန္ဓာကိုယ် အောက်ပိုင်း ၊ ပေါင်ခြံနေရာတွေနဲ့ လိင်တံ ဧရိယာတဝိုက်က နေရာတွေမှာ ထုံကျဉ်ခြင်းကို ဖြစ်ပေါ် ခံစားရစေနိုင်ပါတယ်။

ဒါ့အပြင် လိင်တံကွေးကောက်ခြင်း ကဲ့သို လိင်တံ အနေအထား ပုံမှန်မဟုတ်တဲ့ ပါရိုးနိစ်ရောဂါ (Peyronie’s Disease) ကြောင့်လည်း တစ်ခါတစ်ရံမှာ လိင်တံ ဧရိယာတဝိုက် ထုံကျဉ်တဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။ နောက်ဆုံး အချက်ကတော့ ဆီးကျိတ်ကင်ဆာကြောင့်ပါ။ ဆီးကျိတ်ကင်ဆာ ခံစားရပါက ဖွားဖက်တော် ထုံကျဉ်တာ ၊ တင်းကြပ်ကြပ် ဖြစ်တာ အပါအဝင် အခြားပြောင်းလဲမှုများစွာကို ဖြစ်စေနိုင်ပြီး ပုံမှန်ထက် ဆီးသွားရခက်ခဲတဲ့ အခြေအနေမျိုးတွေလည်း ရှိနိုင်ပါတယ်။

မတော်တဆ ထိခိုက်ဒဏ်ရာကြောင့် လိင်တံ ထုံကျဉ်တဲ့ ပြဿနာဟာ များသောအားဖြင့် အချိန်အတိုင်းအတာတစ်ခုအကြာမှာ ဒဏ်ရာနဲ့ သက်သာသွားတာနဲ့ ထုံကျဉ်မှု ဝေဒနာလည်း အလိုလို သက်သာသွားပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ အကြောင်းအရင်း မရှိ ဖွားဖက်တော် ဟာ ထုံကျဉ် နေတယ် ၊ နာကျင်မှုဝေဒနာ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ထံ သွားရောက် စစ်ဆေးပြီး ကုသမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ်။

Source : MedicalNewsToday

Featured Photo : Men’s Health