စကီလေးကို လက်ဖျား နဲ့ မတို့ မထိ ပါဘဲနဲ့ ချစ်တင်းနှော လို့ရတယ်လို့ ပြောလိုက်ရင် ကွီးတို့ အံ့သြသွားမယ်နဲ့ တူပါတယ်။ လိင်မှု ဘဝ ကျန်းမာရေးကို အဓိကထား လေ့လာကြတဲ့ ပညာရှင်များရဲ့ ပြောကြားချက်အရ ကွီးတို့ရဲ့ စကီလေးကို လက်ဖျား လေးနဲ့ မတို့ မထိ ဘဲနဲ့ ချစ်တင်းနှော နိုင်မယ့် နည်းလမ်းပေါင်းများစွာ ရှိတယ်လို့ ပြောကြားထားပါတယ်။

ရိုမန့်တစ်ဆန်တဲ့ အချိန်တွေကို ပြန်ပြောင်း သတိရလိုက်ပါ

လက်ဖျား မထိ ချစ်တင်းနှော

ကွီးတို့ နှစ်ယောက်စလုံးအတွက် ရိုမန့်တစ်ဆန်တဲ့ အချိန်က ဘယ်အချိန်မျိုးလဲ ဆိုတာကို ပြန်ပြောင်းစဥ်းစားရင်း ထိုအချိန်ကို ပြန်ပြောင်း သတိရလိုက်ပါ။ ထိုအချိန်မျိုး ပြန်လည်ဖန်တီးပေးရင်း ကွီးတို့ နှစ်ယောက်စလုံး ချစ်တင်းနှောဖို့ရန်အတွက် စိတ်ပါလာအောင် ဖန်တီးနိုင်ပါတယ်။

သူ(မ)ကို ဆက်စီပိုဆန်စေမယ့် တေးဂီတမျိုး ဖွင့်ထားလိုက်ပါ

လက်ဖျား မထိ ချစ်တင်းနှော

သူ(မ) ကြိုက်နှစ်သက်တဲ့ သီချင်းတွေ၊ သူ(မ)ကို ဆက်စီ ပိုဆန်စေတဲ့ တေးသီချင်းမျိုး ဖွင့်ထားပြီး နှစ်ယောက်သားအတွက် ကြည်နူးစရာ အခိုက်အတန့်မျိုး ဖန်တီးလိုက်ပါ။ မိန်းကလေးတွေက များသောအားဖြင့် ကိုရီးယား အချစ်သီချင်းတွေကို နှစ်သက်ကြတာဆိုတော့ သူ(မ) ဘယ်သီချင်းမျိုး နှစ်သက်သလဲဆိုတာကို ကွီးတို့ သိရှိအောင် ပြုလုပ်လိုက်ပါ။ သူ(မ) ဖုန်းထဲက Playlist တွေကို ကြည့်ပြီး သူ(မ) နှစ်သက်တဲ့ သီချင်းများကို သိရှိနိုင်ပါတယ်။

သူ(မ) အမြင်မှာ ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားများကို ဝတ်ဆင်လိုက်ပါ

fashionable man

ကွီးတို့ တစ်ယောက်နဲ့ တစ်ယောက် ရွှေလက်တွဲနေကြတယ်ဆိုတာ တစ်ယောက်ကို တစ်ယောက် ချစ်လို့၊ တစ်ယောက် အမြင်မှာ အခြားတစ်ယောက်က ဆွဲဆောင်မှုရှိလို့ပါပဲ။ သူ(မ)ရဲ့ မျက်စိထဲမှာ ကွီးတို့ကို ဆက်စီပိုဆန်စေတဲ့ အဝတ်အစားမျိုး ဝတ်ဆင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ သူ(မ)နဲ့ ကွီးတို့ကြား ရိုမန့်တစ်ဆန်တဲ့ စိတ်လေးတွေ ကြွလာပြီး ချစ်တင်းနှောချင်စိတ်တွေ တဖွားဖွား ပေါ်လာပါလိမ့်မယ်။

လူကြီး အရုပ်များ ဝယ်ထားပြီး အသုံးပြုလိုက်ပါ

လက်ဖျား မထိ ချစ်တင်းနှော

လူကြီး အရုပ်များ ဝယ်ထားခြင်းက ကွီးတို့ တစ်ကိုယ်ရည် အာသာဖြေဖို့အတွက်လည်း အသုံးဝင်သလို ကွီးတို့ ချစ်တင်းနှောမယ် ဆိုရင်လည်း ပိုပြီး ပျော်ဖို့ကောင်းလာအောင် ကူညီပေးနိုင်ပါတယ်။ လူကြီး အရုပ်များ အသုံးပြုပြီး ကွီးတို့ စကီလေးကို ချစ်တင်းနှောဖို့အတွက် စိတ်ပါလာအောင် ဖန်တီးနိုင်ပါတယ်။ ဒါက လက်ဖျားနဲ့ ထိတာတော့ မဟုတ်ပေမယ့် အရုပ်နဲ့ တို့ထိလိုက်ခြင်းပါပဲ။

ကွီးတို့ရော ကွီးတို့ စကီလေးကို လက်ဖျား နဲ့ မတို့ မထိ ပါဘဲနဲ့ ချစ်တင်းနှောဖို့အတွက် စိတ်ပါလာအောင် ဘယ်လိုမျိုး လုပ်ယူပါသလဲ။​

Source: Mensjournal

Featured Image: Womensweekly.com.sg