ကွန်ပျူတာနဲ့ တွဲသုံးတဲ့ မောက်စ်တွေသည် ၁၉၆၀ ပြည့်နှစ် အစောပိုင်းမှာ SRI အင်တာနေရှင်နယ်က Douglas Engelbart ဆိုသူက အဆင့်မြှင့်လာအောင် ထပ်ဆင့် ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ အစောပိုင်း တီထွင်သူကတော့ Bill English ဆိုတဲ့ SRI အင်တာနေရှင်နယ်က အင်ဂျင်နီ ယာချုပ်က တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်က သူက မောက်စ်နမူနာကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းကျမှ ကြိုးမဲ့ မောက်စ် တွေကို ထပ်ဆင့် ပြောင်းလဲ ဖန်တီးခဲ့ပြီး ထိုမော်ဒယ်များက ကွီးတို့ လက် ကို အသုံးပြုရတာ သက်သောင့်သက်သာဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

ကြိုးမဲ့ မောက်စ် တွေသည် သုံးရတာ လက် ကို ပိုပြီး သက်သောင့်သက်သာ ဖြစ်စေတဲ့အပြင် ကြိုးမဲ့စနစ်ကြောင့် ကွီးတို့ အလုပ်စားပွဲမှာလည်း ရှုပ်ယှက် ခတ်မနေစေပါဘူး။

ကွီးတို့ရဲ့ လက်ပ်တော့နားမှာ နောက်ဆုံးပေါ် ကြိုးမဲ့ မောက်စ် တွေကို နေရာပေးထားချင်တယ် ကွီးတို့ရဲ့ လက် ကို သက်သောင့်သက်သာနဲ့ အသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မော်ဒယ် အမျိုးအစားများကို ဝယ်ယူနိုင်ပါတယ်။

Logitech MX Master 3S

Logitech MX Master 3S

ဒီအမျိုးအစားလေးကတော့ အကောင်းဆုံး နောက်ဆုံးပေါ် ကြိုးမဲ့မောက်စ်လို့တောင် သတ်မှတ်နိုင်ပါတယ်။ သူ့ကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်းကတော့ မောက်စ်ကို နှိပ်တဲ့အခါ ကလစ် ကလစ်နဲ့ အသံထွက်နေတာမျိုး မရှိဘဲ အသံတိတ်နေမှာပဲ ဖြစ်ပါတယ်။ ဘက္ထရီကလည်း အကြာကြီး အသုံးခံပြီး ကွီးတို့ စိတ်ကြိုက် ပြောင်းလဲနိုင်ဖို့အတွက် အတွင်းက ခလုတ် (၇) ခုကိုလည်း ထည့်သွင်းပေးထား ပါသေးတယ်။​ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၄ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။

Microsoft Modern Mobile Mouse

ကြိုးမဲ့ မောက်စ် လက်

နောက်ထပ် အမျိုးအစားလေးတစ်ခုကတော့ ဒီဇိုင်းက ကွီးတို့အားလုံး သွားရည် တမြှားမြှားကျသွားမယ့် ဒီဇိုင်းပါ။ မောက်စ်က ပါးလွှာပြီး သယ်ဆောင်ရတာလည်း အဆင်ပြေတဲ့အတွက် အားလုံး ကြိုက်နှစ်သက်ကြပါတယ်။​ ဘတ်ဂျက် ချွေတာချင်တဲ့ ကွီးတို့အတွက်တော့ ဝယ်ယူသင့်တဲ့ အမျိုးအစားလေး တစ်ခုပဲဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၁၇ ဒေါ်လာပဲ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Razer Pro Click

ကြိုးမဲ့ မောက်စ် လက်

ပရီမီယမ်ဆန်တဲ့ ကြိုးမဲ့ မောက်စ်လေးကို ဝယ်ယူချင်တယ်ဆိုရင်တော့ Razer Pro Click ကို ဝယ်ယူသင့်ပါတယ်။ အဖြူရောင် ဒီဇိုင်းလေးကိုမှ အသုံးပြုတဲ့အခါ လက် တင်ရတာ သက်သောင့်သက်သာရှိအောင်လို့ ဒီဇိုင်း ထုတ်လုပ်ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၈ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။ Device အများကြီးကိုလည်းပဲ တစ်ချိန်တည်းမှာ ချိတ်ဆက်နိုင်တာကြောင့် တစ်ချိန်တည်းမှာပဲ ကွန်ပျူတာ အများကြီးနဲ့ အလုပ်လုပ်နေရတဲ့ ကွီးတို့အဖို့ ကျေနပ်စရာပါပဲ။

Microsoft Bluetooth Ergonomic Mouse

ကြိုးမဲ့ မောက်စ် လက်

Microsoft Bluetooth Ergonomic Mouse ကို ဝယ်ယူသင့်တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ကြာရှည်ခံတဲ့ ဘက္ထရီ သက်တမ်းကြောင့်ပဲဖြစ်ပါတယ်။ သူသည်လည်းပဲ တစ်ချိန်တည်းမှာပဲ Device အများကြီးကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၈ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။ ရွေးချယ်စရာ အရောင်ကလည်း အမျိုးအစား စုံလင်တာကြောင့် ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲ။

ကွီးတို့ရော ကွာလတီကောင်းတဲ့ ကြိုးမဲ့ မောက်စ်တစ်လုံး ပိုင်ဆိုင်ထားပြီးပြီလား။

Source: Techradar

Featured Image: Keychron