ဘဝမှာ ဘယ်အချိန် အောင်မြင် မှာလဲ ဆိုတာကို ဗေဒင်တွေ လိုက်မေး၊ ယတြာ တွေ လိုက်ချေနေရုံနဲ့ မရပါဘူး။ ယတြာချေတိုင်းသာ အောင်မြင်မယ်ဆိုရင်တော့ တစ်လောကလုံးမှာ ရှိတဲ့ လူတွေက ဘာကြိုးစား အားထုတ်မှုမှ မရှိဘဲနဲ့ ယတြာပဲ ထိုင်ချေနေမှာပါ။ တကယ်တော့ အောင်မြင် ဖို့အတွက် ယတြာ တွေ ဘာတွေ မလိုအပ်ပါဘူး။ ကွီးတို့ တကယ် လိုအပ်နေတာကတော့ အခုဖော်ပြပေးမယ့် အချက်တွေပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ယုံကြည်ချက်ကို မြင့်တင်ပါ

a confident man

ဘဝမှာ ဘယ်အလုပ်မဆို အောင်မြင်ချင်ရင် ယုံကြည်ချက် ရှိဖို့ လိုအပ်ပါတယ်။​ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့ နေရာမှာလည်း လွဲမှားနေတဲ့ ယုံကြည်ချက်မျိုး၊ ကိုယ့်ကိုယ်ကိုယ် မာန်တက်နေတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ အရည်အချင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတာမျိုး ဖြစ်နေရပါမယ်။ ကိုယ့်ရဲ့ အရည်အချင်းက ပြည့်စုံနေဖို့ဆိုရင် အမြဲတမ်း လေ့လာသင်ယူနေဖို့ လိုအပ်ပါတယ်။​ ကိုယ့်ရဲ့ အရည်အချင်းများကို ဖြည့်ပြီး တိုးတက်လာအောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိလာအောင် ဖန်တီး တည်ဆောက်ယူရမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လူမှုဆက်ဆံရေးစကေးကိုလည်း တိုးတက်လာအောင် လုပ်ပါ

အောင်မြင် ယတြာ

ဘယ်နယ်ပယ်မှာဆို ပေါင်းသင်းဆက်ဆံရေးက အရေးကြီးပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမှ လူချစ်လူခင်ပေါများပြီး လူမှုကွန်ရက်ကလည်း ပိုမိုကျယ်ပြန့်လာမှာပါ။ ကိုယ်က ဘယ်ရာထူးမှာပဲ ရောက်နေပါစေ လူတိုင်းနဲ့ တည့်အောင် ပေါင်းသင်းတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အထက်လူကြီးနဲ့လည်း တည့်အောင် ပေါင်းသင်းတတ်ဖို့ လိုအပ်သလို အထက်လူကြီးရဲ့ အမိန့်ကိုလည်း နာခံတတ်ဖို့ လိုအပ်ပါတယ်။ အထက်လူကြီး ပြောတာကိုလည်း မနာခံဘူး၊ ဂျစ်ကန်ကန် လုပ်နေတယ်ဆိုရင်တော့ ကွီးတို့ ကိုယ်တိုင်ပဲ စီးပွားရေး တစ်ခုထောင်ပြီး လုပ်ကိုင်ကြည့်လိုက်ပါ။ ဘာ့ကြောင့် လူမှုဆက်ဆံရေးစကေးက လိုအပ်သလဲဆိုတာကို သိနားလည်သွားပါလိမ့်မယ်။

ကိုယ့်စိတ်ကို ထရိန်းတတ်ပါစေ

အောင်မြင် ယတြာ

အောင်မြင်နေတဲ့ လူအများစုကို ကြည့်လိုက်မယ်ဆိုရင် သူတို့သည် သူတို့ လိုချင်တဲ့အရာကို မရ မချင်း တစိုက်မတ်မတ်နဲ့ ဇွဲ ရှိရှိ လုပ်တတ်ကြပါတယ်။ အောင်မြင် ဖို့အတွက် ယတြာ တွေ ထိုင်လုပ်နေကြတဲ့အစား သူတို့သည် ဝီရိယနဲ့ ဇွဲ လုံ့လ စိုက်ထုတ်ကာ ကြိုးစားအားထုတ်ကြပါတယ်။ အရှုံးနဲ့ ရင်ဆိုင်ရလို့လည်း လမ်းတစ်ဝက်မှာ လက်လျော့သွားတာမျိုး မလုပ်ကြဘဲ အရှုံးထဲကနေ သင်ခန်းစာ ယူကာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အောင်မြင်အောင် ဆက်လက် ချီတက်ကြပါတယ်။

ပျင်းရိတတ်တဲ့စိတ်၊ အချိန်စွဲတတ်တဲ့ စိတ်တွေကို ဖယ်ရှားကာ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထရိန်းကာ ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီ မရောက်မချင်း အားမလျော့ဘဲ တစ်စိုက်မတ်မတ် အာရုံစိုက်ကာ ရှေ့ဆက်ကြပါတယ်။ တကယ်လို့ ကွီးတို့သာ ကိုယ့်ရဲ့ ပျင်းရိတတ်တဲ့စိတ်၊ အချိန်စွဲတတ်တဲ့ စိတ်၊ အများနဲ့ လိုက်ပြိုင်ပြီး မနာလို တတ်တဲ့ စိတ်တွေကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုက ကွီးတို့အတွက်ပါပဲ။

ကွီးတို့ရော ဘဝမှာ အောင်မြင် ဖို့အတွက် ဗေဒင်တွေ ယတြာ တွေကိုသာ အားကိုးနေတုန်းလား။

Source: Linkedin.com

Featured Image: Realmenrealstyle