ယနေ့ခေတ်မှာ AI အသုံးပြုပြီး စာတမ်းတွေ ရေးတာ၊ ဓာတ်ပုံတွေ တီထွင်ဖန်တီးတာမျိုးတွေ အမျိုးမျိုး ပြုလုပ်လာနိုင်ပါပြီ။ AI နဲ့ မျိုးစုံ ပြုလုပ်နိုင်တာရဲ့ နောက်ကွယ်က ဆိုးကျိုးကတော့ အစစ်လား အတုလား ခွဲမရတာပဲ ဖြစ်ပါတယ်။ မသမာသူတွေက ဓာတ်ပုံ တွေကို AI နဲ့ ပြင်ထားပြီး ငွေညစ်တာမျိုးတွေတောင် ရှိပါသေးတယ်။​

သံသယဖြစ်စရာ ဓာတ်ပုံ တစ်ပုံ ကို ကြည့်လိုက်တာနဲ့ AI နဲ့ ပြင်ထားတာလား၊ ပုံအစစ်လား ဆိုတာကို ခွဲခြားသိတတ်ဖို့ ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ဆက်လက်လေ့လာ ကြည့်လိုက်ပါ။

လက်နှင့် ခြေထောက်တွေမှာ ဘာတွေ အပိုပါနေလဲ

fake photo vs real photo

ကျွန်တော်တို့ လူသားများတွင် လက်နှစ်ဖက်စီ၊ ခြောက်ထောက် နှစ်ဖက်စီနဲ့ လက်ချောင်း ၅ ချောင်းစီ ပါရှိပါတယ်။ AI တွင်လည်း ပြစ်ချက်လေးတွေ ရှိပါသေးတယ်။ တစ်ခါတစ်လေမှာ AI က လက်ချောင်း ၆ ချောင်း ထုတ်လေ့ရှိပါသေးတယ်။ တစ်ခါတစ်လေမှာ လက်တစ်ဖက်နဲ့ တစ်ဖက်က အတိုအရှည် မညီတာမျိုးတွေလည်း ရှိပါသေးတယ်။ စေတနာပိုပြီး လက်သည်း၊ ခြေသည်း ရှည်ရှည်ကြီးတွေလည်း ထည့်ထားလေ့ရှိပါသေးတယ်။

အတွဲလိုက်ရှိရမယ့်အရာတွေက အတွဲလိုက် မရှိတာမျိုး

ဓာတ်ပုံ AI

နားကပ်တို့ ဇွန်းနဲ့ ခက်ရင်းတို့ကို စဥ်းစားကြည့်လိုက်ပါ။ နားကပ်ဆိုလည်း နှစ်ခု၊ ဇွန်းနဲ့ ခက်ရင်းဆိုလည်း အတွဲလိုက်စီပါပဲ။ ဒါပေမဲ့ AI က တစ်ခါတစ်လေမှာ မေ့လျော့ပြီး နားကပ်တစ်ဖက်တည်း ထည့်ပေးထားတာမျိုး၊ ခက်ရင်းပဲ ထည့်ထားပေးပြီး ဇွန်း မထည့်ပေးထားတာမျိုးတွေလည်း ရှိပါသေးတယ်။ အဲ့ဒီလို သံသယဖြစ်စရာ ဓာတ်ပုံ ဆိုရင်တော့ AI နဲ့ ပြင်ထားတာပဲ ဖြစ်ပါတယ်။

ပြီးပြည့်စုံလွန်းနေတာမျိုး

ဓာတ်ပုံ AI

ကွီးတို့ ဖလင်နဲ့ သေချာ ရိုက်ယူထားတဲ့ ဓာတ်ပုံဆိုရင်တောင်မှ ဓာတ်ပုံထဲက ပို့စ်ပေးထားတဲ့သူက ပြီးပြည့်စုံတဲ့ အလှပိုင်ရှင်မျိုး ဖြစ်မနေပါဘူး။ နတ်သမီး နတ်သား မဟုတ်ဘူး ဆိုရင်ပေါ့။ ဒါပေမဲ့ AI နဲ့ ပြင်ထားတဲ့ ပုံတွေကျတော့ ချောနေတာမှ မွတ်နေတာပါပဲ။ အဖက်ဖက်က ပြီးပြည့်စုံလွန်းနေရင်လည်း ထိုဓာတ်ပုံက AI နဲ့ ပြင်ထားတာမှန်း သိသာပါတယ်။

ပရိဘောဂတွေ

ဓာတ်ပုံ AI

ဓာတ်ပုံထဲမှာ ပါတဲ့ ပရိဘောဂတွေကိုလည်း သေချာ ကြည့်ကြည့်လိုက်ပါ။ တစ်ခါတစ်လေမှာ ဆိုဖာခုံက စာအုပ်စင်နဲ့ နံရံကြားထဲက ဘယ်လိုမှ ဝင်မဆံ့တဲ့နေရာမှာ ရှိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ပြတင်းပေါက်နဲ့ တံခါးတွေက သူ ရှိရမယ့် နေရာမှာ မရှိဘဲ ထူးခြားနေတာမျိုးဆိုရင် ထိုဓာတ်ပုံက AI နဲ့ ပြင်ထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် တစ်ချက်ကတော့ AI နဲ့ မျက်နှာပဲ ပြင်လိုက်ပြီး Photoshop ပါ ပေါင်းထည့်ထားကာ နည်းလမ်းဟောင်းအတိုင်း ပြုလုပ်ထားတာမျိုးပါ။ ဒီလိုမျိုးဆိုရင်လည်း ကွီးတို့သည် မသမာသူတွေရဲ့ အကွက်ထဲ ကျမသွားဘဲ ကိုယ့်ရဲ့ စဥ်းစားဆင်ခြင်ဉာဏ်နဲ့ ပြန်လည်သုံးသပ်ကြည့်ပါ။ ဘယ်လိုမှ စဥ်းစားမရဘူးဆိုရင်တော့ ကျွမ်းကျင်သူများထံ အကူအညီတောင်းနိုင်ပါတယ်။​

ကွီးတို့ ကိုယ်တိုင်ရော AI နဲ့ ဓာတ်ပုံတွေကို ဖန်တီးပြောင်းလဲတတ်သူလား။

Source: Theguardian.com

Featured Image: Wpln.org