နေအိမ်တစ်ခုရဲ့ ဧည့်ခန်းထဲမှာ ထားလေ့ရှိကြတဲ့ ပစ္စည်းတစ်ခုကတော့ တီဗွီပဲဖြစ်ပါတယ်။ ဧည့်ခန်းထဲမှာ တီဗွီ မထားတဲ့ အိမ်တွေကတော့ ခပ်ရှားရှားရယ်ပါ။ တချို့ဆိုရင် သူတို့ရဲ့ ဧည့်ခန်း ခမ်းနား ထည်ဝါသွားစေဖို့ဆိုပြီး တီဗွီ အကြီးကြီးတွေကို တမင်ထားလေ့ရှိပါတယ်။ ကွီးတို့လည်း ကိုယ့်ရဲ့ ဧည့်ခန်း ကို ခမ်းနား ထည်ဝါသွားစေဖို့အတွက် တီဗွီ အကြီးကြီးတွေ စမတ်တီဗွီကြီးတွေ ထားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် မော်ဒယ်အမျိုးအစားတွေကို ထားနိုင်ပါတယ်။

TCL QM8

TCL QM8

သူ့ရဲ့ ပုံရိပ်ထွက် ကွာလတီကတော့ ပြောနေစရာတောင် မလိုပါဘူး။ သူ့အရွယ်အစားက ၆၅ လက်မတောင် ရှိတာဆိုတော့ အဝေးမှုန်တဲ့ ကွီးတို့အတွက်လည်း ကွက်တိပါပဲ။ အရောင်ထွက်နှုန်းကလည်း အမိုက်စားပါပဲ။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၁၀၀၀ ကုန်ကျမှာပဲ ဖြစ်ပါတယ်။ ပေးရတဲ့ ဈေးနဲ့ ပြန်ရတဲ့ ကွာလတီကလည်း တန်တာဆိုတော့ ပိုက်ဆံကုန်ရကျိုး နပ်ပါတယ်။

Hisense U8K

Hisense U8K

စောစောက မော်ဒယ်က ကွီးတို့ ဧည့်ခန်းအတွက် အဆင်မပြေဘူး၊ တီဗွီ အရွယ်အစားက ကြီးနေတယ်ဆိုရင်တော့ နောက်ထပ် ထည့်စဥ်းစားလို့ရတာတစ်မျိုး ရှိပါသေးတယ်။ ထိုအမျိုးအစားကတော့ Hisense U8K ပဲဖြစ်ပါတယ်။ သူကတော့ ၅၅ လက်မ အရွယ်အစားရှိပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ သာ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။

LG OLED C3

ဧည့်ခန်း တီဗွီ

LG ရဲ့ OLED C3 ကလည်း လတ်တလော ဈေးကွက်ထဲမှာ လူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ OLED မသုံးထားတဲ့ တီဗွီတွေနဲ့စာရင် LG ရဲ့ OLED C3 သည် အရောင်ထွက်အား ပိုကောင်းပြီး ကြည်တောက်ရှင်းနေတာမျိုးကို မြင်တွေ့ရမှာပါ။ ရာနှုန်းပြည့် ပေါ့ပါးပြီး ပါးလွှာနေတဲ့ တီဗွီမျိုးကို လိုချင်ရင်တော့ ဒါလေးကို ရွေးသင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀၀ ပေးချေရမှာပဲ ဖြစ်ပါတယ်။

TCL 4-Series

ဧည့်ခန်း ခမ်းနား တီဗွီ

စမတ်တီဗွီလေးကိုလည်း လိုချင်တယ်၊ ဘတ်ဂျက်အတွက်လည်း သက်သာရမယ်ဆိုရင်တော့ TCL 4-Series လေးကို ရွေးချယ်သင့်ပါတယ်။​ ဆိုဒ်ကတော့ ၅၅ လက်မ အရွယ်အစားပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၀၀ ဝန်းကျင်ပဲ ပေးချေရမှာဆိုတော့ ဘတ်ဂျက်အတွက် သက်သာပါတယ်။

Samsung S95D

ဧည့်ခန်း ခမ်းနား တီဗွီ

ကွီးတို့က Samsung ရဲ့ အမာခံ ပရိသတ်ဆိုရင်တော့ Samsung S95D ကို ရွေးချယ်သင့်ပါတယ်။ ကွာလတီကလည်း ကောင်းသလို ဈေးကလည်း ကောင်းပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၄၀၀ ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။ OLED လည်း ထည့်သွင်း အသုံးပြုထားပြီး ဖန်ရှင်အစုံလည်း ပါတာဆိုတော့ ဒေါ်လာ ၃၄၀၀ က ပေးပျော်ပါတယ်။

Vizio Quantum Pro

ဧည့်ခန်း ခမ်းနား တီဗွီ

Vizio Quantum Pro မှာဆိုရင်တော့ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ ၆၅ လက်မလည်း ရှိသလို ၇၅ လက်မလည်း ရှိပါတယ်။ ကွာလတီကတော့ နှစ်ခုစလုံး အတူတူပါပဲ။ ဆိုဒ် အကြီးအသေးပဲ ကွာသွားတာပါ။ ၆၅ လက်မ ဆိုဒ်အတွက်ကတော့ ဒေါ်လာ ၆၉၈ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပြီး သူ့ထက် ၁၀ လက်မ ပိုကြီးတာကတော့ ဈေးအနည်းငယ် ပိုများ သွားပါလိမ့်မယ်။

ကွီးတို့ အိမ်ရဲ့ ဧည့်ခန်း ထဲမှာ ဘယ်လိုမျိုး ခမ်းနား ထည်ဝါလှတဲ့ တီဗွီ မျိုးတွေကို ထည့်သွင်းထားပါသလဲ။

Source: Cnet

Featured Image: Tomsguide