ခပ်ကြမ်းကြမ်း ချစ်တင်းနှော ခြင်းကို အနောက်နိုင်ငံတွေမှာတော့ နာမည်အမျိုးမျိုးပေးပြီး ခေါ်ဆိုကြပါတယ်။ ဒီလိုမျိုး ခပ်ကြမ်းကြမ်း ချစ်တင်းနှော ခြင်းသည် ရန်လိုတဲ့ အပြုအမူတစ်ခုပြဖြစ်ပါတယ်။ ဒီလိုမျိုး ချစ်တင်းနှော ခြင်းကို အတိုကောက်အနေနဲ့ BDSM လို့ ခေါ်လေ့ ရှိကြပါတယ်။ တချို့အတွဲတွေ ကျတော့လည်း အဲ့ဒီလိုမျိုး အကြမ်းပတမ်းလေး ချစ်တင်းနှောရတာကို ပိုပြီး သဘောကျ ကြပါတယ်။

အရင်ဦးဆုံး BDSM ထဲမှာ ဘာတွေ ပါသလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်

BDSM

တစ်ချို့တွေက သရုပ်ဆောင်သလိုမျိုး နင်ကတော့ ဘယ်ကာရိုက်တာယူ၊ ငါကတော့ ဘယ်ကာရိုက်တာယူမယ် စသည်ဖြင့် သတ်မှတ်ထားပြီး ချစ်တင်းနှောကြတာပါ။ ဒါမှမဟုတ် တစ်ယောက်က သခင် ပုံစံ အမိန့်ပေးတာမျိုး လုပ်ပြီး ကျန်တစ်ယောက်က တစ်သဝေမတိမ်း လိုက်နာရတာမျိုး သရုပ်ဆောင်ပြီး ချစ်တင်းနှော ကြပါတယ်။ အမိန့်ပေးတာကို နာခံရတဲ့သူအနေနဲ့ မျက်စိ နှစ်ဖက်ကို ဖုံးအုပ်ထားတာမျိုးလည်း ရှိသလို လက်နှစ်ဖက်ကို ချည်နှောင်ထားတာမျိုးလည်း အလုပ်ခံရမှာပါ။ ဒါမှမဟုတ် ဆံပင် အဆွဲခံရတာတွေ၊ အရိုက်ခံရတာမျိုးတွေလည်း ရှိပါတယ်။ အကြမ်းလွန်သွားပါက တစ်ဖက်က အနာတရ ဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။

ဒါ့ကြောင့် ဒီလိုနည်းလမ်းနဲ့ ချစ်တင်းမနှောခင်မှာ အရင်ဦးဆုံး ဘာကို လုပ်ထားသင့်တယ်လို့ ထင်ပါသလဲ။

တစ်ဖက်က ကြည်ဖြူရဲ့လား

BDSM

သာမန်ချစ်တင်းနှောတဲ့ ပုံစံမျိုး မဟုတ်ဘဲ ခပ်ကြမ်းကြမ်း ချစ်တင်းနှောတာမျိုးအတွက် ကာယကံရှင် နှစ်ယောက်က သဘောတူရဲ့လား။ နှစ်ယောက်စလုံးအတွက် အဆင်ပြေရဲ့လား အစရှိတဲ့ သဘောတူညီမှုတစ်ခုကို ရယူဖို့ လိုအပ်ပါတယ်။ ချစ်တင်းမနှောခင် ကတည်းက ကြိုတင် ခွင့်တောင်းပြီးမှသာလျှင် နှစ်ဦး နှစ်ဖက် သဘောတူမှသာလျှင် ဆက်လက် ခရီးဆက်သင့်ပါတယ်။

တစ်ဖက်က သဘောမတူဘူးဆိုရင်

ခပ်ကြမ်းကြမ်း ချစ်တင်းနှော

တစ်ယောက်က ဒီလိုချစ်တင်းနှောခြင်းကို စိတ်ပါနေပေမယ့် အခြားတစ်ဖက်က စိတ်မပါဘူးဆိုရင် ရှေ့မဆက်သင့်ပါဘူး။ တစ်ဖက်က ဖိအားတွေ ခံစားရတဲ့အခါ ထိုနည်းလမ်းဖြင့် ချစ်တင်းနှောခြင်းက ကွီးတို့ရဲ့ Relationship ကို ပိုမို ဆိုးရွားလာစေ နိုင်ပါတယ်။ ဒါ့ကြောင့် သူ့အတွက် အချိန်တစ်ခုပေးပြီးမှ သဘောတူညီချက် ရယူသင့်ပါတယ်။

ထိခိုက် ဒဏ်ရာ ရခဲ့ရင် ဘာလုပ်မလဲ

ခပ်ကြမ်းကြမ်း ချစ်တင်းနှော

အရေးပေါ် ဆေးအိတ်ကို ရယ်ဒီ ပြင်ထားတာ အကောင်းဆုံးပါပဲ။ ဒီလိုမျိုး ခပ်ကြမ်းကြမ်း ချစ်တင်းနှော တဲ့အခါ ပွန်းပဲ့ ဒဏ်ရာ ရတာ၊ နာကျင်ရတာမျိုးတွေက ပုံမှန်ပါပဲ။ တချို့ဆိုရင် သူတို့ရဲ့ မိန်းမကိုယ် (သို့) စအို ပေါက်ပြဲသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အရေးပေါ် ကုသနည်းနဲ့ ကုသနိုင်ပေမယ့် သွေး အလွန်အကျွံ ထွက်ပြီး သွေးမတိတ်တာမျိုးတွေ ကြုံလာခဲ့သည်ရှိသော် ဆရာဝန်အကူအညီ ရယူဖို့ လိုအပ်လာပါပြီ။ ထိုအချိန်မျိုးဆိုရင်တော့ ရှက်ကြောက်မနေဘဲ ဆရာဝန်ထံ အမြန်ဆုံး သွားပြသင့်ပါတယ်။

ကွီးတို့ရော ဒီလိုမျိုး အကြမ်းပတမ်း ချစ်တင်းနှောခြင်းကို ဘယ်လို သဘောရပါသလဲ။ စုံတွဲတွေအနေနဲ့ စမ်းကြည့်သင့်တယ်လို့ ထင်ပါသလား။​ ဒါမှမဟုတ် ကျန်းမာရေးရှုထောင့်အရ မပြုလုပ်သင့်ဘူးလို့ ထင်ပါသလား။

Source: Webmd

Featured Image: Forbes