ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းမနှောခင်နဲ့ ချစ်တင်းနှော နေစဥ် စပ်ကြားမှာ ဘယ်အရာက အရေးကြီး ဆုံး အရာ တစ်ခု ဖြစ်မလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ဘယ်အရာဖြစ်မယ်လို့ ထင်ပါသလဲ။

ကွီးတို့ ထင်နေတာ မှန်ပါတယ်။ ကွီးတို့ ညီလေး အချိန်ကြာကြာ နိုးကြား တက်ကြွနေဖို့ပါ။ ကွီးတို့ ညီလေးက ကွီးတို့ လူပျိုဖော်ဝင်ချိန်ကစလို့ အထိန်းအကွပ်မဲ့နေတာမျိုးပါ။ ကွီးတို့ လူပျိုဖော်ဝင်ခါစမှာဆို အချိန်မတော် နိုးထလာတာမျိုးတွေကိုလည်း ကြုံတွေ့ရမှာဖြစ်သလို အသက်အရွယ်တစ်ခု ရောက်လာလို့ ရှော်တီလေးနဲ့ ချစ်တင်းနှော မယ်လို့ ကြံလိုက်တဲ့အချိန်မှာလည်း အလွယ်တကူ မနိုးထလာတာမျိုးတွေပါ ကြုံတွေ့ရနိုင်ပါတယ်။ ကွီးတို့ အသက်အရွယ် ရလာလေ ကွီးတို့ ညီလေးက နိုးထဖို့ ခက်လာလေပါပဲ။

ချစ်တင်းမနှောခင်မှာကတည်းက ညီလေး နိုးထလာအောင် လှုံ့ဆော်ဖို့ လိုအပ်ပြီး ချစ်တင်းနှော နေစဥ်မှာလည်း အချိန်ကြာကြာ နိုးကြားနေအောင် ပြုလုပ်ရတာသည် အရေးကြီး ဆုံးလည်း ဖြစ်သလို အခက်ခဲဆုံး အရာ တစ်ခုဆိုလည်း မမှားပါဘူး။

ဒါဆိုရင် ဒီအချက်ကို ကွီးတို့အတွက် လွယ်ကူနေအောင် ဘယ်လိုလုပ်ရမလဲ။

စိတ်ဖိစီးမှုများကို လျော့ချပါ

man stressed

ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုများသည် ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်တယ်ဆိုတာကို သိရဲ့လား။ လေ့လာချက်များအရ စိတ်ဖိစီးမှုများ အဆမတန် မြင့်မားနေပါက ကွီးတို့ ညီလေး ထောင်မတ်ဖို့အတွက် အတားအဆီးတစ်ခု ဖြစ်စေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျော့ချပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများ ပျောက်ကင်းဖို့အတွက်ဆိုရင်တော့ ယောဂ ကျင့်တာတို့ တရားထိုင်တာတို့တွေ များများ လုပ်ပေးနိုင်ပါတယ်။

Cock Ring အသုံးပြုပါ

ချစ်တင်းနှော အရေးကြီး အရာ

Cock Ring က ကွီးတို့ ညီလေး အချိန်ကြာကြာ ထောင်မတ်ဖို့အတွက် ကူညီပေးနိုင်တယ်ဆိုတာ ကွီးတို့ သိပြီးပါပြီလား။ ထိုပစ္စည်းလေးက လက်စွပ်ပုံ အဝိုင်းလေးဖြစ်ပြီး ကွီးတို့ ညီလေးဆီမှာ သွေး လှည့်ပတ် စီးဆင်းမှု ရှိနေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Cock Ring အမျိုးအစား (၄) မျိုးရှိပါတယ်။ ချိန်ညှိလို့ရတဲ့ Adjustable Ring ၊ ဆွဲဆန့်လို့ရတဲ့ Stretchy Ring ၊ တုန်ခါအောင် လုပ်ပေးနိုင်တဲ့ Vibrating Rings နှင့် Solid Ring ဆိုပြီး (၄) မျိုး ရှိပါတယ်။ ကွီးတို့အကြိုက်ပေါ် လိုက်ပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။

အစားအစာ စားတဲ့အခါ သေချာ ကြည့်စားပါ

ချစ်တင်းနှော အရေးကြီး အရာ

ကွီးတို့ နှလုံးကျန်းမာရေးအတွက် မကောင်းတဲ့ အစားအစာတွေသည် ကွီးတို့ ညီလေးအတွက်လည်း မကောင်းပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နှလုံးကနေ လှည့်ပတ်စီးဆင်းလာတဲ့ သွေးတွေသည် ညီလေးဆီသို့ လှည့်ပတ်စီးဆင်းနေအောင် လုပ်ဆောင်နေရလို့ပဲဖြစ်ပါတယ်။ နှလုံး ကျန်းမာရေး ထိတာနဲ့ ကွီးတို့ ညီလေး ကျန်းမာရေးသည်လည်း အလိုလို ဆုတ်ယုတ်သွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ် စားသုံးမယ့်အစားအစာက အဆီ အဆိမ့်တွေ များနေသလား ဆိုတာ ပြန်လည် ဆန်းစစ်ကြည့်လိုက်ပါ။ များနေရင်တော့ ကျန်းမာရေးနဲ့ ညီညွှတ်အောင် ပြန်လည် ချိန်ညှိဖို့ လိုအပ်နေပါပြီ။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေး ကျန်းမာရေးအတွက် ဘာတွေ ဦးစားပေးကာ လုပ်ဆောင်နေပါသလဲ။

Source: Menshealth

Featured Image: Reculturelife