ကွီးတို့သည် ချစ်တင်းနှော ပြီးပြီးချင်းမှာ အိပ်မော ကျသွားတတ်တဲ့ အကျင့်မျိုးရှိပါသလား။ ဘာ့ကြောင့် ဒီလိုမျိုး ဖြစ်ရပါသလဲဆိုတာ ကွီးတို့ သိပါသလား။ ကွီးတို့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလား၊ ပိုမိုကောင်းမွန်သွားစေ နိုင်သလား။

ဘာ့ကြောင့် အမျိုးသားတွေက ချစ်တင်းနှောပြီးပြီးချင်းမှာ အိပ်မောကျသွားကြတာလဲ

couple

အမျိုးသားများသည် ချစ်တင်းနှောပြီးနောက်မှာ အမျိုးသမီးများထက် မြန်မြန်ဆန်ဆန်ပဲ အိပ်မောကျသွားတတ် ကြပါတယ်။​ အဓိက အကြောင်းအရင်းကတော့ ချစ်တင်းနှောနေစဥ်မှာ သူတို့ရဲ့ စွမ်းအင်တွေကို အကုန်လုံး ထုတ်သုံးလိုက်ရလို့ပါပဲ။ သူတို့ရဲ့ စိတ်ဆန္ဒ ပိုပြင်းပြလေ သူတို့ စိုက်ထုတ်ရတဲ့ စွမ်းအင်က ပိုများလေပါပဲ။ အဲ့ဒါကတော့ အဓိက အချက်ပဲ ဖြစ်ပါတယ်။ တခြားသော ဟော်မုန်းအပြောင်းအလဲများကလည်း သူတို့ကို ချစ်တင်းနှောပြီးနောက်မှာ မြန်မြန်ဆန်ဆန် အိပ်မောကျသွားစေတဲ့ အကြောင်းအရင်းပဲ ဖြစ်ပါတယ်။

လေ့လာချက်များအရ

couple on bed

သုနေသတ လေ့လာချက်များအရ အမျိုးသားများသည် ချစ်တင်းနှောပြီးနောက်မှာ ပြီးမြောက်သွားတဲ့ အထွတ်အထိပ် ခံစားချက်မျိုးကို ခံစားကြရတဲ့အတွက်ကြောင့် သူတို့ရဲ့ ကြောက်စိတ်များနဲ့ စိုးရိမ်ပူပန်စိတ်များတောင် မေ့ပျောက်သွားတတ် ကြပါတယ်။

တစ်နေကုန် ပင်ပန်းထားတဲ့အတွက်ကြောင့်

ချစ်တင်းနှော အိပ်မော

ကွီးတို့ များသောအားဖြင့် ချစ်တင်းနှောတဲ့အခါ ဘယ်အချိန်မှာ ချစ်တင်းနှော ဖြစ်ပါသလဲ။

များသောအားဖြင့် ညဘက်တွေမှာ ချစ်တင်းနှောဖြစ်ကြတာပဲ မဟုတ်လား။

တစ်နေကုန် အလုပ်လုပ်ပြီး ပင်ပန်းတဲ့အတွက်ကြောင့် ညဘက်မှာ ချစ်တင်းနှောလိုက်တဲ့အခါ ပင်ပန်းမှုတွေ စုပေါင်းသွားတဲ့အတွက်ကြောင့် ချက်ချင်းပဲ မြန်မြန်ဆန်ဆန် ဆိုသလို အိပ်မောကျသွားရခြင်းပဲ ဖြစ်ပါတယ်။

ချစ်တင်းနှောပြီးနောက်မှာ ဟော်မုန်းများ ထုတ်လွှတ်တဲ့အတွက်ကြောင့်

ချစ်တင်းနှော အိပ်မော

အမျိုးသားများသည် ချစ်တင်းနှောပြီးနောက်မှာ ဟော်မုန်းအချို့ ထုတ်လွှတ်လေ့ ရှိပါတယ်။ ထိုဟော်မုန်းများကတော့ Endorphins ၊ Serotonin ၊ Oxytocin ၊ Vasopressin ၊ Nitric Oxid နဲ့  Prolactin လို့ခေါ်တဲ့ ဟော်မုန်းများပဲ ဖြစ်ပါတယ်။ ထိုဟော်မုန်းများသည် ကွီးတို့ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ စိတ်အေး လက်အေး အိပ်ပျော်နိုင်အောင် ကူညီပေးပါတယ်။ Oxytocin နဲ့ Vasopressin ဟော်မုန်းတို့ကျတော့ စိတ်ဖိစီးမှုများကို ပြေလျော့ပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။

အောက်စီဂျင် မရလို့

ချစ်တင်းနှော အိပ်မော

ချစ်တင်းနှော နေစဥ်မှာ အမျိုးသားများသည် သူတို့ရဲ့ အသက်ရှုခြင်းကို အောင့်ထားခြင်း (သို့) အသက်မြန်မြန် ရှူခြင်းတို့ကို ပြုလုပ်တတ်တဲ့ အကျင့်ရှိပါတယ်။ ထိုအချက်ကြောင့် ခန္ဓာကိုဘ်က အောက်စီဂျင် ရရှိမှု နည်းပါးသွားပြီး ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ကိုပါ ခံစားလာရတာပဲ ဖြစ်ပါတယ်။ ထိုအကြောင်းအရင်းကြောင့်လည်း ချစ်တင်းနှောပြီးနောက်မှာ ချက်ချင်းကြီး အိပ်မောကျသွားရခြင်း ဖြစ်ပါတယ်။

တကယ်လို့ ဒီလိုမျိုး အိပ်မောကျသွားရခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကွီးတို့ကို အားအင် ပြန်လည် ပြည့်သွားစေပြီး ပင်ပန်းမှုတွေကို ပြေပျောက်သွားဖို့အတွက် ကူညီပေးနိုင်ပါတယ်။​

ကွီးတို့ရော ချစ်တင်းနှော ပြီးပြီးချင်း ချက်ချင်း အိပ်မော ကျသွားတတ်ပါသလား။

Source: Vinmec

Featured Image: Honeycombers