ယောကျာ်းတိုင်းကတော့ ချစ်တင်းနှော တဲ့အခါ အမြင့်မားဆုံးနဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသချင်ကြသူတွေ ချည်းပါပဲ။ Sex Stamina လို့ခေါ်တဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်နိုင်စွမ်းဟာ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းထားခြင်းကနေ ရနိုင်သလို အစားအသောက်တွေကတဆင့်လည်း စွမ်းဆောင်ရည် ကောင်းမွန်စေဖို့ အထောက်အပံ့ကောင်း ရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျားဟော်မုန်းလည်းတိုး ၊ Libido လည်းတက် ၊ ထောင်မတ်မှုပြဿနာတွေလည်း ဖြေရှင်းပေးပြီး Sex Drive/Stamina ကောင်းကောင်းနဲ့ ကျေနပ်လောက်စရာ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမယ့် အစားအစာတွေအကြောင်း ပြောပြပေးပါမယ်။

(၁) ဗာဒံစေ့ – Almonds

almonds

Photo : Britannica

အစေ့အဆန်တွေဟာ လူနဲ့တည့်ပါတယ်။ ဒီထဲမှာမှ ဗာဒံစေ့ – Almonds ဟာ အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးစေတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အစေ့အဆန်တစ်မျိုးပါပဲ။ ဗာဒံစေ့ – Almonds မှာ ကျန်းမာတဲ့ အဆီဓာတ်နဲ့ ပရိုတင်း ၊ ဇင့် ၊ အမိုင်နိုအက်ဆစ်တို့လို အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဒါတွေက ချစ်တင်းနှော ချိန်မှာ အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ထုတ်ပြနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

(၂) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

Leafy Green Vegetablesx

Photo : Horticulture Magazine

ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကိုသာ များများစားပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေမှာ ဖောလစ်အက်ဆစ် ၊ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ပေါပေါများများ ပါဝင်ပြီး လိင်မှုဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Antioxidants တွေလည်း ပါပါတယ်။ အဆိုပါ ဗီတာမင်နဲ့ သတ္တုတွေဟာ လိင်တံဆီ သွေးစီးဆင်းမှုကို မြှင့်တင်ပေးပြီး ကျားဟော်မုန်း (တက်စတိုစတီရုန်း) နဲ့အတူ လိင်မှုဆိုင်ရာ သက်လုံစွမ်းအားကိုလည်း တိုးတက် ကောင်းမွန်စေနိုင်ပါတယ်။

(၃) သကြားမုန်လာ (Beetroot)

Beetroot

Photo : MedicalNewsToday

သကြားမုန်လာ (Beetroot) ကတော့ ချစ်တင်းနှော ချိန်မှာ လိုအပ်တဲ့ လိင်မှုစွမ်းအားကို မြင့်တင်ပေးပြီး စွမ်းဆောင်ရည် ကောင်းကောင်းပြသနိုင်ဖို့ ကူညီပေးနိုင်တဲ့ အကောင်းဆုံးသော အစားအစာ တစ်ခုပါပဲ။ အဓိကအားဖြင့်တော့ သကြားမုန်လာ (Beetroot) ဟာ ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို အားကောင်းစေတဲ့အတွက် လိင်တံ ကျန်းမာသန်စွမ်းမှု ၊ လိင်မှုဆိုင်ရာ ခံနိုင်စွမ်းအားနဲ့ သက်လုံစွမ်းရည်တွေကို တိုးတက်ကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေတာပါ။

(၄) ဖရဲသီး

Watermelon
Photo : Good Housekeeping

ဖရဲသီးကိုတော့ Sex Stamina တက်စေတဲ့ အကောင်းဆုံး အစားအစာ တစ်ခုလို့ လူသိများပါတယ်။ ဖရဲသီးမှာ အဓိကအားဖြင့် ရေဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပြီး စိတ်ကိုလန်းဆန်းတက်ကြွစေတဲ့ အမိုင်နိုအက်ဆစ်ဓာတ် သွေးကြောတွေကို ပြေလျော့စေကာ သွေးလှည့်ပတ်မှုနဲ့ ကိုယ်ခံစွမ်းအားကို အကောင်းမွန်ဆုံး ဖြစ်စေဖို့ ကူညီပေးပါတယ်။ ချစ်တင်းနှော ချိန်မှာ လိင်တံ သန်မာမှု ပြည့်ပြည့်ဝဝ ရစေဖို့နဲ့ စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ ထုတ်ပြနိုင်ပြီး ကောင်းမွန်ကျေနပ်စရာ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဖရဲသီးကို ပုံမှန်လေး စားသုံးပေးနိုင်ပါတယ်။

(၅) ဖရုံစေ့

Pumpkin Seeds

Photo : Everyday Health

ဖရုံစေ့မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ဓာတ်သတ္တုတွေ များစွာပါရှိပြီး သံဓာတ် ၊ Arginine ၊ ဇင့်ဓာတ်တို့လို လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ လိင်မှု စွမ်းဆောင်ရည်အတွက် ကောင်းကျိုးများစွာ ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါပါတယ်။ ဒီသတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်း ပမာဏ ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ၊ လိင်တံ ထောင်မတ်နိုင်စွမ်းနဲ့ Sex Drive ကို မြှင့်တင်ပေးပါတယ်။ လိင်မှုကျန်းမာရေးအတွက် အကျိုးပြု အစားအစာ တစ်ခုအနေနဲ့ ဖရုံစေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် နေ့စဉ်စားသုံး ပေးမယ်ဆိုရင် ကွီးတို့ ချစ်တင်းနှော တိုင်းမှာ အပြည့်အဝဆုံး စွမ်းဆောင်ရည်နဲ့ လိင်မှုဆိုင်ရာ ကျေနပ်မှုကို ကောင်းစွာ ရရှိခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော လိင်မှုစွမ်းဆောင်ရည် ဘယ်လိုအစားအစာတွေကို စားလေ့ရှိလဲ ???

Source : My Fit Brain

Featured Photo : Healthshots