ချစ်တင်းနှော ပြီးနောက် သွေး ထွက်သွားတာကို မြင် တွေ့ရလို့ ကြောက်လန့်သွားပါသလား။ တကယ်လည်း စိတ်ပူစရာပါပဲ။ ဒါပေမဲ့ စိတ်ပူတဲ့ အဆင့်မှာပဲ ရပ်သွားလို့မရပါဘူး။ ဘာဆက်လုပ်ရမလဲ ဆိုတာတွေကိုလည်း သိထားသင့်ပါသေးတယ်။

များသောအားဖြင့်တော့ ချစ်တင်းနှော ပြီးနောက် သွေး ထွက်သွားတာမျိုးကို အခုမှ အတွေ့အကြုံသစ် စယူတဲ့ ကွီးတို့ဆီမှာ မြင် တွေ့ရလေ့ရှိပါတယ်။ ပြီးတော့ သွေး နည်းနည်းပါးပါးလောက်ပဲ ထွက်တာကလည်း စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ ပမာဏ အနည်းငယ်ထက် ပိုများနေပြီး မရပ်မနား ထွက်နေတာမျိုး၊ ဒါမှမဟုတ် ချစ်တင်းနှော ပြီးနောက် အမြဲတမ်းဆိုသလို သွေး ထွက်တာမျိုးကို မြင် တွေ့နေရတယ်ဆိုရင်တော့ စိုးရိမ်စရာ ဖြစ်လာပါပြီ။

ယေဘုယျ လက္ခဏာများကို ခြုံကြည့်မယ်ဆိုရင်

bleeding after sex

ဘီးကျဲတို့ရဲ့ ညီလေးကနေ သွေးထွက်ရခြင်း အကြောင်းအရင်းနဲ့ အခြေအနေများကို အရင်ဆုံး ဆန်းစစ်ကြည့်လိုက်ရအောင်။

(၁) ညီလေးရဲ့ အရေပြားပေါ်မှာ သွေးထွက်တာလား

(၂) ချစ်တင်းနှောနေစဥ် ပြီးမြောက်သွားပြီးနောက် သုတ်ပိုး ထုတ်လွှတ်လိုက်တဲ့အချိန်မှာ သွေးထွက်တာလား

(၃) အပေါ့သွားတဲ့အချိန်မှာ သွေးထွက်တာလား

(၄) အပေါ့သွားတဲ့အချိန်လည်း မဟုတ်ဘူး၊ သုတ်ပိုး ထုတ်လွှတ်တဲ့အချိန်လည်း မဟုတ်ဘဲနဲ့ ဆီးပြွန်ကနေတဆင့် သွေးထွက်နေတာလား

ပထမအခြေအနေဆိုရင်

men and his underpants

ညီလေးရဲ့ အရေပြားပေါ်မှာသွေးထွက်တာမျိုးဆိုရင်တော့ များသောအားဖြင့် သာမန် ပွန်းပဲ့ရာလေးကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာဆိုရသော် ကွီးတို့က ညီလေးကို သွားကုတ်မိတာမျိုး (သို့) ဘောင်းဘီဇစ်နဲ့ ညှစ်မိသွားတဲ့အချိန်မျိုးတွေမှာ ဖြစ်တတ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ရှားတော့ရှားတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ထိုအခြေအနေကိုတော့ Penile Cancer လို့ ခေါ်ပါတယ်။ ကွီးတို့အနေနဲ့ ညီလေးရဲ့ အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အကွက်များ တွေ့ရှိခြင်း (သို့) ပုံမှန်မဟုတ်ဘဲ သွေးထွက်များခြင်း၊ အနာပေါက်ခြင်းနှင့် ထိုအနာက ဘယ်တော့မှ မကျက်ခြင်းတို့ကို ကြုံတွေ့ရပါက ဆရာဝန်ထံ အမြန်ဆုံး သွားသင့်ပါတယ်။

ဒုတိယအခြေအနေမျိုးမှာဆိုရင်

ချစ်တင်းနှော သွေး မြင်

ချစ်တင်းနှောနေစဥ် ပြီးမြောက်သွားပြီးနောက် သုတ်ပိုး ထုတ်လွှတ်လိုက်တဲ့အချိန်မှာ သွေးထွက်တာလား။ ဒါဆိုရင်တော့ အကြာကြီးနေပြီးမှ ချစ်တင်းနှောတာကြောင့်လည်း ဖြစ်နိုင်သလို ဆီးကျိတ်ရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ နောက်ထပ် အကြောင်းအရင်းကတော့ ဆီးကျိတ်ကင်ဆာရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တတိယအခြေအနေမျိုးမှာဆိုရင်

ချစ်တင်းနှော သွေး မြင်

အပေါ့သွားတဲ့အချိန်မှာ သွေးထွက်တာလား။ ဒါဆိုရင်တော့ အဖြေက ထွေထွေထူးထူးမရှိပါဘူး။ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့်ပဲဖြစ်ပါတယ်။ ကိုယ့်ဘာသကိုယ် အိမ်မှာ ကြိတ်ကုမနေဘဲ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံး သွားသင့်ပါတယ်။ ရောဂါ နုနေစဥ်မှာ စောစောစီးစီး မကုသဘူးဆိုရင် ရောဂါကျွမ်းသွားတဲ့အခါ အသက်အန္တရာယ် ထိခိုက်နိုင်လို့ပဲဖြစ်ပါတယ်။

နောက်ဆုံး အခြေအနေမျိုးမှာဆိုရင်

ချစ်တင်းနှော သွေး မြင်

သွေးထွက်တာက အပေါ့သွားတဲ့အချိန်မျိုးမှာလည်း မဟုတ်ဘူး၊ သုတ်ပိုး ထုတ်လွှတ်တဲ့အချိန်မျိုးလည်း မဟုတ်ဘဲနဲ့ သွေးထွက်တာမျိုးဆိုရင်တော့ ဆီးပြွန်က ထိခိုက်ဒဏ်ရာ ရတာကြောင့်ပဲဖြစ်ပါတယ်။ ဒါမှမဟုတ် ကွီးတို့ ညီလေးရဲ့ သွေးကြော တစ်ခုခုက ဒဏ်ရာရသွားလို့ပဲဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ ဆရာဝန်ထံ သွားရောက်ကာ အမြန်ဆုံး ကုသမှု ခံယူရမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ဒီလိုအခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရရင် ဘာလုပ်မယ်လို့ စိတ်ကူးထားပါသလဲ။

Source: Medicalnewstoday

Featured Image: Cosmopolitan