နည်းပညာများ တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ AI ရဲ့ အရေးပါမှုကလည်း တစ်စထက် တစ်စ ပိုများလာပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဥ် ဘဝမှာ AI မပါဘဲ ဖြတ်သန်းရတယ်ဆိုတာတောင် ရှားလာပါပြီ။ တစ်ခုခုဆို ဖုန်းကနေတဆင့် AI ရဲ့ အကူအညီ ရယူတာမျိုးတွေလည်း ခေတ်စားလာပါတယ်။ အခုဆိုရင် AI နဲ့ဆို ကင်ဆာ ရောဂါ ကိုတောင် ကုသနိုင်တော့မှာဖြစ်တယ်လို့ အတိအလင်း ကြေညာလာပါတယ်။

တကယ်ပဲ AI နဲ့ ကင်ဆာ ရောဂါ ကို ကုသနိုင်တော့မှာလား

doctor

AI နည်းပညာနဲ့ ကင်ဆာဆဲလ်များကို အလွယ်တကူ ရှာဖွေနိုင်လာပြီပဲ ဖြစ်ပါတယ်။ AI ရဲ့ ရှာဖွေနှုန်းက ဆရာဝန်တွေထက် ၂.၅ ဆခန့် ပိုမြန်တယ်လို့လည်း ပြောကြားထားပါသေးတယ်။

ဒီလိုမျိုး AI နည်းပညာကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ရှာဖွေတဲ့ငှာနကတော့ အင်္ဂလန်နိုင်ငံရှိ NHS Radiotherapy ငှာနက စတင်အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ထိုငှာနသည် အစိုးရရဲ့ ထောက်ပံ့မှု ယူရို ၁၅.၅ မီလီယမ်ခန့် ဘဏ္ဍာရေး အထောက်အပံ့ ရရှိထားတာပဲဖြစ်ပါတယ်။

AI နဲ့ ကင်ဆာဆဲလ်တွေကို ဘယ်လိုမျိုး ရှာဖွေနိုင်တာလဲ

AI ကင်ဆာ ရောဂါ

AI ကနေပြီးတော့ CT စကန် (သို့) MRI စကန်ကို ကြည့်ခြင်းအားဖြင့် ဒါသည် ကင်ဆာဆဲလ်လား ရိုးရိုး ကျန်းမာပြီးသား အင်္ဂါ အစိတ်အပိုင်းတစ်ခုလားဆိုတာကို ခွဲခြားပေးပြီး ဆရာဝန်တွေ အလုပ်လုပ်ကိုင်ရတာ မြန်ဆန်လာအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာနေပြီးသား အင်္ဂါ အစိတ်အပိုင်းတစ်ခုသည် ဓာတ်ရောင်ခြည် ကုထုံးခြင်း ပျက်စီးမသွားရအောင် တစ်ခါတည်း ကူညီပေးပြီးသားဖြစ်သွားပါတယ်။

ထိုမှတဆင့် ကင်ဆာဆဲလ်များကို ရှာဖွေတွေ့ရှိသွားပြီး ထရိန်နင် သေချာပေးထားပြီးသား ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းကနေပြီး တစ်ဖန် ထိုတွေ့ရှိမှုကို အတည်ထပ်ပြုပါတယ်။ အားလုံး သေချာပြီဆိုရင်တော့ ထိုကင်ဆာရောဂါ ခံစားနေရတဲ့ လူနာကို ကုသမှုတွေ အလျင်အမြန် ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။ AI ရဲ့ အကူအညီကြောင့် ကင်ဆာရောဂါ ခံစားနေရတဲ့ လူနာများလည်း မြန်ဆန်တဲ့ ကုသမှုကို ခံယူနိုင်တာပဲဖြစ်ပါတယ်။

ဆိုးကျိုးတွေရော ရှိနိုင်ဦးမလား

AI ကင်ဆာ ရောဂါ

ကောင်းကျိုးတွေလည်း ရှိသလို၊ ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။ စောစောက ပြောခဲ့သလိုပဲ AI ကြောင့် ကင်ဆာ ရောဂါ ခံစားနေရတဲ့ လူနာများကို အလျင်အမြန် ကုသမှု ပေးနိုင်သလို တစ်ဖက်မှာလည်း ဆိုးကျိုး တစ်ခုရှိပါသေးတယ်။ ထိုအချက်ကိုလည်း ကျွမ်းကျင်ပညာရှင်များက အတည်ပြုထားတာဖြစ်ပါတယ်။

နည်းပညာ တိုးတက်မှုက ဘယ်လောက်ပဲ လျင်မြန်နေပါစေ တစ်ဖက်မှာလည်း AI က မှန်ကန်တဲ့ ဆုံးဖြတ်မှုတွေ မပေးနိုင်တာမျိုးလည်း ရှိတယ်လို့ ဆိုပါသေးတယ်။ ဥပမာ လူဖြူလူနာတစ်ယောက်ရဲ့ သွေးစစ်ချက်တွေ၊ ဆေးစစ်ချက်တွေနဲ့ အခြား လူဖြူမဟုတ်တဲ့ လူနာတစ်ယောက်ရဲ့ ဆေးစစ်ချက်တွေကြားမှာ မှားယွင်း ဆုံးဖြတ်မှုတွေလည်း ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ဆေးပညာရှင်များ၊ ဆရာဝန်များအနေနဲ့ AI အပေါ်မှာ မျက်စိ စုံပိတ်ပြီး မယုံမိဖို့ လိုသေးတယ်လို့ ဆိုထားပါသေးတယ်။

ကွီးတို့ရော AI ကြောင့် ကောင်းကျိုးက ပိုများတယ်လို့ ထင်ပါသလား။ ဆိုးကျိုးတွေက ပိုများတယ်လို့ ထင်ပါသလား။

Source: Gov.uk

Featured Image: Nfcr.org