လိင်မှုကိစ္စမှာ ပထမဆုံးအကြိမ်ဟာ လူတိုင်းအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ခံစားချက်တွေ အပြည့်နဲ့ပါ။ ရှက်ရွံတာ ၊ စိုးရိမ်တာ ၊ ကြောက်စိတ် စသည်ဖြင့် ခံစားချက်တွေကရော အစုံပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ခံစားချက်တွေက ပိုများသလို ပိုပြီးလည်း ပြင်းထန်လေ့ ရှိကြပါတယ်။ သူတို့ အကြောက်ဆုံးထဲက တစ်ခုကတော့ နာကျင်မှု ဝေဒနာ အကြောင်းပါ။ ပထမဆုံးအကြိမ်ဟာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု နည်းနေနိုင်သေးသလို ၊ အတွေ့အကြုံအားလည်းဖြင့် သုညက စမှာဖြစ်တာကြောင့် အမျိုးသမီးတွေအတွက် အနည်းနဲ့အများ နာကျင်မှုကတော့ ခံစားကြရနိုင်ပါတယ်။ သို့သော် ဒီလိုကြောက်ရွံမှုတွေကို အတက်နိုင်ဆုံး ပြေလျော့စေပြီး ပထမဆုံးအကြိမ် ကို အဆင်ပြေပြေ ၊ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ ကွီးတို့ သိထားရမယ့် နည်းဗျူဟာ တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

(၁) နှေးနှေးနဲ့ အေးဆေးလေးပဲ စတင်ပါ

A Romantic Couple Kissing on the Bed
Photo : Verywell Mind

ပထမဆုံးအကြိမ် မှာ ခံစားချက်တွေဟာ အရိုင်းဆန်နေတက်ပါတယ်။ ဒီလိုအချိန်မှာ ဝရုန်းသုန်းကား ၊ အလောတကြီး သွားလုပ်လို့ အဆင်မပြေနိုင်ပါဘူး။ ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ခံစားမှုတွေကို သက်တောင့်သက်သာရှိစေဖို့နဲ့ တစ်ယောက်နဲ့ တစ်ယောက် ရင်ခုန်သံချင်း သံစဉ်ညှိနိုင်စေဖို့ နှေးနှေးနဲ့ ဖြည်းဖြည်း အေးဆေးလေးပဲ စတင်ခရီးနှင်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) စကားပြောပါ

A Romantic Couple on the Bed

Photo : Relationship, Individual & Sex Therapy

ပါတနာနဲ့ သင်ဟာ သာမန်အချိန်မှာ ဘယ်လောက်ပဲ ရင်းနှီးမှုရှိပါစေ အဆင့်တက်ပြီး ပထမဆုံးအကြိမ် ချစ်တင်းနှော တဲ့အခါမှာတော့ စိတ်ထဲ ရှက်ရွံတာ ၊ ကြောက်တာ ၊ စိုးရိမ်တာ တို့လို မတူညီတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေပါလိမ့်မယ်။ ဒီလို ခံစားချက်တွေကို ပြေလျော့သွားစေဖို့ လုပ်ငန်းမစခင်ကတည်းက နှစ်ဦးသား အိပ်ရာထက်မှာ ရင်းနှီးမှုကို အရင်ဆုံး တည်ဆောက်ရပါမယ်။ ရင်ခုန်စေမယ့် စကားလေးတွေ ပြောပေးတာ ၊ သူမရဲ့စိတ်ထဲက တင်းကြပ်မှုတွေ ပြေလျော့စေဖို့ ဟာသလေးတွေ ပြောပေးတာ ၊ သူမပြောပြချင်နေတဲ့ ခံစားချက်တွေနဲ့ ရင်တွင်းစကားလေးတွေကို နားထောင်ပေးပြီး တုန့်ပြန်မှုကောင်းကောင်းပေးတာ စသည်ဖြင့် လုပ်ဆောင်ဖို့ လိုပါတယ်။

(၃) Foreplay အတွက် အချိန်ပေးပါ

A Romantic Couple Kissing on the Bed

Photo : Pexels

လိင်မှုကိစ္စမှာ Foreplay လို့ခေါ်တဲ့ ကြိုတင်ပွတ်သပ်နှိုးဆွမှု အဆင့်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံမှု မပြုမီ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်မှု ၊ ရင်ခုန်သံချင်း အချိတ်အဆက်မိမှု ၊ စိတ်အားထက်သန်မှုတွေကို တိုးပွားပြီး နောက်တဆင့် ထိုးသွင်းဆက်ဆံဖို့ စိတ်ခံစားချက်တွေ အားလုံး ရယ်ဒီဖြစ်နေအောင် ပြင်ဆင်တဲ့ အဆင့်ဖြစ်ပါတယ်။ Foreplay ကို အချိန်ပေးပြီး လုပ်ဆောင်တာဟာ ရုပ်ပိုင်းဆိုင်ရာရော / စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံး သက်တောင့်သက်သာဖြစ်စေပြီး လိင်စိတ်နိုးကြားတက်ကြွမှု ပိုမိုထက်သန် အားကောင်းစေတဲ့အတွက် ရှက်ရွံတာ ၊ ကြောက်တာ ၊ နာကျင်မှုဝေဒနာ စတာတွေ အားလုံးကို ပြေလျော့စေနိုင်ပါတယ်။

(၄) ချောဆီ မဖြစ်မနေ သုံးပါ

A Romantic Couple on the Bed

Photo : New York Post

ချစ်ရသူနဲ့ နှစ်ယောက်တည်း သီးသန့် အိပ်ရာထက်မှာ နီးနီးကပ်ကပ် ရှိရတဲ့ အခြေအနေဟာ ရင်ခုန်စရာ ဖြစ်နေမှာပါ။ သို့သော် ပထမဆုံးအကြိမ် ဖြစ်တာကြောင့် စိတ်ရဲ့နောက်ကို ခန္ဓာကိုယ်က မလိုက်နိုင်တာမျိုး ဖြစ်တက်ပါတယ်။ ပြောချင်တာကတော့ စိတ်လှုပ်ရှားနေတယ်ဆိုရင်တောင် လိင်အင်္ဂါကနေ သဘာဝချောဆီ အလုံအလောက် ထွက်တာမျိုး မဖြစ်တက်လို့ပါ။ ဒီလိုအခြေအနေမှာ ချောဆီကို မဖြစ်မနေ အသုံးပြုပေးတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ချောဆီက ချစ်တင်းနှောချိန်မှာ စိုစွတ်မှုနဲ့ ချောမွေ့မှုကို တွန်းအားဖြစ်စေပြီး ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နာကျင်မှုဝေဒနာတွေကို ပြေလျော့သက်သာအောင် ကူညီပေးနိုင်ပါတယ်။

(၅) ကြင်ကြင်နာနာ ဆက်ဆံပါ

Cheerful couple lying under blanket on bed

Photo : Pexels

ချစ်တင်းမနှောခင်မှာရော ချစ်တင်းနှောပြီးချိန်မှာပါ ကိုယ့်ပါတနာအပေါ် နွေးထွေးကြင်နာမှု အပြည့်နဲ့ ဂရုစိုက် ကြင်နာပေးရပါမယ်။ ကိစ္စပြီးတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ထွေးပွေ့ထားပြီး စကားလေးတွေ ပြောပေးတာ ၊ သူမရဲ့နဖူးလေး ၊ ပါးလေးတွေကို နမ်းရှုံတာ စသည်ဖြင့် ကြင်နာမှုကို ပြသတဲ့ အမူအရာလေးတွေ လုပ်ပေးပါ။ ဒါမှသာ ခံစားချက်တွေ ရောထွေးမနေတော့ပဲ သက်တောင့်သက်သာ ဖြစ်တဲ့ ခံစားချက်တွေနဲ့ လုံခြုံနွေးထွေးမှု ရှိတယ်ဆိုတဲ့ ခံစားချက်ကို ခံစားရရှိစေနိုင်မှာ ဖြစ်ပါတယ်။

Source : Medical News Today

Featured Photo : Stroglide