ကွီးတို့သည် ချစ်တင်းနှော ရာမှာ တစ်စက်ကလေးတောင်မှ အတွေ့အကြုံ မရှိတဲ့ ဘီးကျဲကြီး တစ်ဗွေလား။ ချစ်တင်းနှော ရာမှာ အတွေ့အကြုံ မရှိသေးတဲ့ ဘီးကျဲတွေအနေနဲ့ ဒီ လျှို့ဝှက်ချက် များကို အရင် လေ့လာ ထားသင့်ပါတယ်။ ဒါမှ ကွီးတို့သည် ဖဲမွေ့ရာထက်မှာ အဆင်ပြေ ချောမွေ့စွာနဲ့ ချစ်တင်းနှော နိုင်မှာပဲဖြစ်ပါတယ်။

ချစ်တင်းနှောခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို ဆွေးနွေးကြည့်ပါ

couple having disagreement

ကွီးတို့ရဲ့ ချစ်သူ မဟေသီလေးနဲ့ အတိုင်းအတာ တစ်ခုအထိ ဆက်ဆံရေးက ကာလကြာရှည်လာပြီဆိုရင် သွေးသားနဲ့ စိတ်အလို ဆန္ဒက တောင့်တတာမျိုးတွေ ကြုံတွေ့ရမှာပါပဲ။ ဒါသည် သဘာဝ ဖြစ်စဥ်တစ်ခုဖြစ်လို့ ရှက်ကြောက်နေစရာတော့ မရှိပါဘူး။ ဒါပေမဲ့ ကွီးတို့အနေနဲ့ ဒီသွေးသားရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းတဲ့နေရာမှာ လူကြီး လူကောင်းပီသစွာနဲ့ တောင်းဆိုတတ်ဖို့တော့ လိုပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ချစ်တင်းနှောဖို့အတွက် မတောင်းဆိုခင်မှာ အရင်ဦးဆုံး သူ(မ)ရဲ့ သဘောထားကို တီးမိ ခေါက်မိတတ်ဖို့ လိုအပ်ပါတယ်။ ယောင်္ကျား မိန်းမ ဖိုမ ဆက်ဆံရေးမှာ ချစ်တင်းနှောခြင်းကို သူ(မ)အနေနဲ့ ဘယ်လို မြင်သလဲဆိုတာကို ကွီးတို့က မသိမသာလေးနဲ့ မေးမြန်းတတ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သူ(မ)က တူးတူးခါးခါးကြီး ဖြစ်နေတယ်ဆိုရင်တော့ ကွီးတို့အတွက် အခြေအနေ မကောင်းပါဘူး။ သူ(မ)ဘက်က အိုခေပြီဆိုရင်တော့ ကွီးတို့သည် နောက်တစ်ဆင့်ကို ဆက်တက်လို့ရပါပြီ။

တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ

man showering

ချစ်တင်းနှောဖို့ မပြင်ခင်မှာ အရင်ဦးဆုံး ကွီးတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေး ရှိတဲ့ ပုရိသတစ်ယောက်က ပိုပြီး ဆွဲဆောင်မှုရှိတာ အမှန်ပါပဲ။ ကွီးတို့ဆီက အနံ့အသက် ကောင်းမွန်မှသာလျှင် တစ်ဖက်က ကွီးတို့ ရှော်တီလေးကလည်း စိတ်ကြည်နူးရမှာ မဟုတ်လား။

မုဒ်အပြည့် သွင်းထားပါ

ချစ်တင်းနှော အတွေ့အကြုံ အရင်

ကွီးတို့ ချစ်တင်းနှောဖို့အတွက်ဆိုရင်တော့ အရင်ဦးဆုံး သီးသန့်ဆန်ပြီး ကွီးတို့ နှစ်ကိုယ်ကြား တီးတိုး ပြောဆိုလို့ ရနိုင်မယ့် သီးသန့်အခန်းတစ်ခု လိုအပ်ပါလိမ့်မယ်။ ပြီးရင်တော့ အခန်းတစ်ခုလုံးကို ရိုမန့်တစ် ဆန်တဲ့ သီချင်းများနဲ့ လွှမ်းခြုံထားလိုက်ပါ။ ဒါ့အပြင် ကွီးတို့ ရှော်တီလေး ကြိုက်တတ်တဲ့ အမွှေး ရနံ့များနဲ့ အခန်းတစ်ခုလုံးကို ပက်ဖြန်းထားလိုက်မယ်ဆိုရင်တော့ ကွီးတို့အတွက် ရိုမန့်တစ်ဆန်တဲ့ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

ပထမအဆင့်ကို မမေ့ပါနဲ့

ချစ်တင်းနှော အတွေ့အကြုံ အရင်

ချစ်တင်းနှော ရာမှာ အတွေ့အကြုံ နုသေးတဲ့ ဘီးကျဲတို့ အရင် ဦးဆုံး လုပ်ရမယ့် အရာတစ်ခုဖြစ်ပါတယ်။ ဒီအဆင့်ကို ကျော်သွားလို့ကတော့ ကွီးတို့အတွက် ပထမဆုံး အတွေ့အကြုံက တကယ့်ကို ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပါလိမ့်မယ်။

ထိုပထမအဆင့်ကတော့ ကွီးတို့ ရှော်တီလေးကို စိတ်ပါလာအောင် ပွတ်သီးပွတ်သပ်လုပ်ခြင်းလို့ ခေါ်တဲ့ Foreplay ကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ထိုအဆင့်နဲ့ အစပြုမှသာလျှင် ကွီးတို့ရဲ့ ရှော်တီလေးကလည်း အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး သူ(မ)ရဲ့ ညီမလေးကလည်း ရယ်ဒီဖြစ်နေမှာပါ။ နို့မဟုတ်ရင်တော့ ကွီးတို့ နှစ်ဦးသားစလုံး နာကျင်မှုနဲ့ အစပြုပြီး ရင်နာစရာနဲ့ အဆုံးသတ်သွားရပါလိမ့်မယ်။

ဘေးအန္တရယ် ကင်းရှင်းဖို့ကလည်း အရေးကြီးပါတယ်

ချစ်တင်းနှော အတွေ့အကြုံ အရင်

အလွှာခြားရင် ကမ္ဘာခြားတယ်ဆိုပြီး လုပ်မနေပါနဲ့။ အပြင်မှာ ပြီးမယ့် နည်းလမ်းကို အသုံးပြုပါမယ်လေဆိုပြီး မဆုံးဖြတ်ထားပါနဲ့။ ကွီးတို့အတွက် ပထမဦးဆုံး အကြိမ်ဆိုတာကို သတိရပါ။ အထုတ် မတော်ရင် ကွီးတို့ မစီစဥ်ထားဘဲ ကိုယ်ဝန်ရသွားတတ်ပါတယ်။ ဒါ့အပြင် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကိုလည်း သတိထားသင့်တာကြောင့် အကောင်းဆုံးကတော့ ကွန်ဒုံး အသုံးပြုရမှာပဲဖြစ်ပါတယ်။

ဒီအချက်တွေ အားလုံးပြီးတဲ့နောက်မှာ အဓိက သိထားရမယ့်အချက်ကတော့ ပထမဆုံးအကြိမ်က ကိုးရို့ကားယား နိုင်တယ်ဆိုတာပါပဲ။ ဘယ်လောက်ပဲ ကွီးတို့သည် စာတွေ့အရ လေ့လာထားတယ် ပြောပြော လက်တွေ့မှာ ပထမဦးဆုံး အကြိမ်ဆိုရင်တော့ ကိုးရို့ကားယား နိုင်မှာပါပဲ။ ဒါ့ကြောင့် စိတ်ဓာတ်မကျလိုက်ပါနဲ့။

ကွီးတို့ရော ပထမဦးဆုံးအတွေ့အကြုံက အဆင်ပြေခဲ့ရဲ့လား။

Source: Wikihow

Featured Image: Lovepanky