ကြက်ဥ နဲ့ ငှက်ပျောသီး ကို ချစ်တင်းနှော ပြီးနောက်မှာ များများစားသင့်တယ်ဆိုပြီး ဘော်ဒါအချင်းချင်း လက်တို့ပြီး ပြောကြဖူးပါသလား။ ဘာ့ကြောင့် ဒီလို လုပ်ခိုင်းရသလဲဆိုတဲ့ အကြောင်းအရင်း အတိအကျကိုရော သိရဲ့လား။

ငှက်ပျောသီးကို ဘာ့ကြောင့် များများ စားခိုင်းရသလဲ

bananas

ငှက်ပျောသီးထဲမှာ Bromelain အင်ဇိုင်း ပါဝင်ပြီး ထိုအင်ဇိုင်းက ကုန်ဆုံးသွားတဲ့ ချစ်တင်းနှောချင်စိတ်တွေကို တစ်ဖန်ပြန်လည် နိုးကြွလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ကုန်ဆုံးသွားတဲ့ အားအင်များကို ငှက်ပျောသီးထဲမှာ ပါဝင်တဲ့ ပိုတက်စီယမ်နှင့် ဗီတာမင်ဓာတ်များက ပြန်လည် ဖြည့်တင်းပေးမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်တင်းနှော ပြီးနောက်မှာ အားအင် ပြန်ဖြည့်ဖို့အတွက် ငှက်ပျောသီးကို စားသုံးကြရခြင်း ဖြစ်ပါတယ်။

ကြက်ဥထဲမှာရော ဘာတွေ ပါဝင်သလဲ

eggs

ကြက်ဥထဲမှာကတော့ ဗီတာမင် B6 နှင့် B5 တို့ ပါဝင်ပါတယ်။ ထိုဗီတာမင်များက ဟော်မုန်း မညီမျှခြင်းနှင့် စိတ်ဖိစီးမှု များခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ ဟော်မုန်း မညီမျှခြင်းနှင့် စိတ်ဖိစီးမှုများခြင်းတို့သည် ကွီးတို့ရဲ့ ကျားဟော်မုန်းနှင့် ချစ်တင်းနှောချင်စိတ်ကို အများကြီး ထိခိုက်စေပါတယ်။ တကယ်လို့ ကွီးတို့က ကြက်ဥကို အစိမ်းစားနိုင်တယ်ဆိုရင်တော့ ချစ်တင်းမနှောခင်မှာ စားနိုင်ပါသေးတယ်။ ကွီးတို့ စွမ်းအင်တွေ ပိုတက်လာမှာဖြစ်ပြီး ပိုမိုစွမ်းဆောင်လာနိုင်မှာပဲဖြစ်ပါတယ်။ ကြက်ဥ အစိမ်းက ညှိတယ်ဆိုရင်တော့ ကြက်ဥပြုတ်များကို စားသုံးနိုင်ပါတယ်။

ကြက်ဥ နဲ့ ငှက်ပျောသီး နှစ်ခုပဲ ချစ်တင်းနှော တဲ့အခါ စွမ်းဆောင်ရည် ပိုကောင်းလာအောင် လုပ်ဆောင်ပေးနိုင်တာလား။

မဟုတ်ပါဘူး။ တခြားသော အစားအစာများလည်း ရှိပါသေးတယ်။

ကြက်သွန်ဖြူ

ကြက်ဥ ငှက်ပျောသီး

ကြက်သွန်ဖြူများ စားသုံးမယ်ဆိုရင်တော့ ကွီးတို့ ညီလေးဆီကို သွေးလှည့်ပတ် စီးဆင်းမှု မြန်ဆန် များပြားမှာဖြစ်ပြီး ကွီးတို့ ညီလေးက အချိန်ကြာကြာ နိုးထနိုင်နေမှာပဲဖြစ်ပါတယ်။ ကြက်သွန်ဖြူက ပါးစပ်နံတာကိုတော့ သတိထားဖို့ လိုအပ်ပါလိမ့်မယ်။ ချစ်တင်းမနှောခင်မှာ ကြက်သွန်ဖြူကို စားမိတယ်ဆိုရင်တော့ ခံတွင်း သန့်ရှင်းရေး ပြန်လုပ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင်တော့ ကွီးတို့ရှော်တီလေးလည်း ကွီးတို့နဲ့ ကစ်ဆင် ဆွဲရတာ ဖီးလ်ငုတ်သွားပါလိမ့်မယ်။

ချောကလက်

ကြက်ဥ ငှက်ပျောသီး

ချောကလက် စားသုံးခြင်းကလည်း ကွီးတို့ရဲ့ ချစ်တင်းနှောခြင်း အတွေ့အကြုံကို ပိုကောင်းလာအောင် ကူညီပေးနိုင်ပါသေးတယ်။ အထူးသဖြင့် Dark Chocolate တွေက ပိုထိရောက်မှု ရှိပါတယ်။ သူတို့ထဲမှာ Anti-oxidants များ ပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါသေးတယ်။

နံနံပင်

ကြက်ဥ ငှက်ပျောသီး

ကွီးတို့က နံနံပင် ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ စားဖို့တော့ အကြောင်းဖန်လာပြန်ပါပြီ။ နံနံပင်များက ကွီးတို့ရဲ့ ချစ်တင်းနှောချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ နံနံပင်ကို သူ့ချည်းပဲ စားချင်ရင်လည်းစား၊ ဖျော်ရည်အဖြစ် ဖျော်သောက်ချင်လည်း ဖျော်သောက်။ ဒါမှမဟုတ် အသုပ်တွေထဲပဲ ထည့်စားစား ကွီးတို့ စိတ်ကြိုက် ပြုလုပ်နိုင်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှောပြီးနောက်မှာ ဘာအစားအစာများကို စားသုံးပါသလဲ။

Source: Timesofindia.indiatimes.com

Featured Image: Manmatters