ဖက်ရှင်ကို အလေးထားသူတိုင်း Shoes နဲ့ ပတ်သတ်ရင် Chelsea Boot တစ်ရံတော့ ရှိကိုရှိထားသင့်ပါတယ်။ Chelsea Boots တွေက ၁၉ ရာစုလောက်ကတည်းက စပေါ်ခဲ့တာဆိုပေမယ့် ဖက်ရှင်ရေစီးကြောင်းတွေ ဘယ်လိုပြောင်းလဲလာပါစေ ယနေ့အချိန်အထိတော့ လူကြိုက်များနေဆဲပါ။ လည်ရှည် Boot တစ်မျိုးဖြစ်တဲ့အပြင် အကြမ်းခံပြီး ဝတ်ရတာ သက်တောင့်သက်သာရှိတဲ့အတွက် Casual Wear ကနေ Semi-Formal Occasions တွေအထိ စွယ်စုံရတဲ့ ဖိနပ်တစ်ရံပါ။ ကွီးတို့ကို သန့်ပြန်မိမိုက် နေတဲ့ Look ကိုပေးမှာဖြစ်ပြီး အထာကျကျနဲ့ ဆွဲဆောင်မှု ရှိစေပါတယ်။ ဒီတစ်ခေါက်မှာတော့ Chelsea Boots တွေကို ဖက်ရှင်ကျအောင် ဘယ်လိုမျိုး ဝတ်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) Casual

Chelsea Boots

Photo : Hot Drops

ပေါ့ပေါ့ပါးပါး စမတ်ကျကျ Casual ဝတ်ဖို့အတွက်ဆိုရင် Leather ရော Suede Chelsea Boots နှစ်ခုလုံးက အဆင်ပြေပါတယ်။ Suede ကတော့ ပိုသက်တောင့်သက်သာရှိတဲ့ ဖီလင်ကို ပေးပါလိမ့်မယ်။ Outfits အနေနဲ့တော့ Chelsea Boots တွေကို Jeans နဲ့သာ တွဲဝတ်ပါ။ Skinny ဒါမှမဟုတ် Straight-Leg နှစ်သက်ရာ ဝတ်နိုင်ပါတယ်။ အပေါ်ကတော့ အဖြူရောင် T-shirt နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒါမှမဟုတ် ဗြောင် T-shirt အောက်ခံကို အပေါ်ကနေ Bomber Jacket ထပ်ဝတ်လိုက်မယ်ဆိုရင် လုံးဝ Perfect ပါပဲ။

(၂) Smart Casual

Chelsea Boots

Photo : Bruno Marc

ပေါ့ပါးပြီး စမတ်လည်းကျမယ့် Smart Casual Outfits အတွက်ဆိုလည်း Leather နဲ့ Suede Boots နှစ်ခုထဲက ကြိုက်နှစ်သက်ရာကို ရွေးနိုင်ပါတယ်။ Leather ပိုကြိုက်ရင်တော့ အနက်ရောင် Leather ကို ရွေးတာက ဘယ်တော့မှ မမှားမယ့် ရွေးချယ်မှုပါပဲ။ အနက်ရောင် Leather Chelsea Boots တွေနဲ့ Roll Neck ဒါမှမဟုတ် Mock Neck Sweater ရယ် အောက်က Black Jeans ဒါမှမဟုတ် Chinos ဘောင်းဘီတွေရယ်နဲ့ အပေါ်က စိတ်ပါရင် ကုတ်ထပ်ဝတ်နိုင်ပါတယ်။ Suede ဖန်တွေကတော့ မီးခိုရောင် Suede Boot ကို ရွေးချယ်နိုင်ပြီး Black ဒါမှမဟုတ် Charcoal Slim-Cut Chinos ရယ် Oxford Shirt နဲ့ Crew Neck Sweater တွေ တွဲဖက်ဝတ်နိုင်ပါတယ်။

(၃) Business Casual

Chelsea Boots

Photo : Bruno Marc

Chelsea Boot ရဲ့ စွယ်စုံရနေမှုကြီးကတော့ Business Casual အနေနဲ့ ဝတ်မယ်ဆိုရင်လည်း လုံးဝအိုကေပါတယ်။ ရုံးတက် ၊ Meeting တက်သူတွေအတွက် ရိုးရှင်းတဲ့ Black ဒါမှမဟုတ် Brown Leather Chelsea Boots တွေကို ရွေးနိုင်ပြီး အောက်က Slim-Cut Chinos ၊ အပေါ်က Oxford Shirt ဒါမှမဟုတ် ခပ်ပါးပါး Roll-Neck Sweater ကိုမှ အပေါ်ကနေ Blazer သို့မဟုတ် Structured Coat ထပ်ဝတ်လိုက်လို့ အဆင်ပြေပါတယ်။ အကယ်၍ အနက်ရောင် Leather Chelsea Boots တွေ ဝတ်မယ်ဆိုရင်တော့ Black Chinos ၊ အဖြူရောင် Oxford Shirt နဲ့ အပေါ်က မီးခိုရောင် Blazer တစ်ထည်ထပ်ဝတ်လိုက်ပါ။ ဒါမှမဟုတ် Brown Leather Boots တွေနဲ့ ဆိုရင်လည်း Maroon သို့မဟုတ် Roll-Neck Sweater နဲ့ အပေါ်က အစင်း ဒါမှမဟုတ် အကွက်ဒီဇိုင်း Blazer ထပ်ဝတ်ရင်တော့ လုံးဝ ပြည့်စုံပါပြီ။

(၄) Semi-Formal

Chelsea Boots
Photo : RBK

နောက်ဆုံးအနေနဲ့ Semi-Formal Attire အတွက် ခေတ်ဆန်ဆန်နဲ့ စမတ်ကျစေဖို့ Chelsea Boot ကို ဝတ်ဆင်နိုင်ပါတယ်။ Chelsea Boots တွေ ဝတ်ထားသူကို သက်တောင့်သက်သာရှိစေရုံမက အခြားသူတွေအမြင်မှာလည်း သန့်ပြန့်ပြီး စမတ်ကျတဲ့ Look ကိုပြည့်ပေးတာကြောင့် Suit သေချာပေါက် တွဲဖက်ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ Suit နဲ့ဝတ်မယ်ဆိုရင် Dark Brown ဒါမှမဟုတ် Black ကာလာ Chelsea Boots တွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ Leather Boots တွေကတော့ အနက်ရောင် သို့မဟုတ် မီးခိုးရောင် Suit တွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး Navy Suit အတွက်ဆိုရင် Black သို့မဟုတ် Brown Boots တွေနဲ့ ဝတ်နိုင်ပါတယ်။ သူများတွေနဲ့မတူပဲ ကွဲထွက်နေတဲ့ ဖက်ရှင်အသွင်အပြင်သစ်ကို စမ်းကြည့်ချင်ရင်တော့ Oxblood Chelsea Boots တွေကို Camel ၊ Dark Brown ၊ Grey နဲ့ Charcoal Suit တွေနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

Source : Man Of Many 

Featured Photo : Getinstyle