တက်စတိုစတီရုန်း (Testosterone) လိုခေါ်တဲ့ ကျားဟော်မုန်း ဟာ ယောကျာ်း တစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက် အရေးကြီးဆုံး ဟော်မုန်းတွေထဲက တစ်ခုပါပဲ။ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ လူပျိုဖော်ဝင်ချိန်ကစပြီး အသံတွေပြောင်းစေတာ ၊ အမွှေးအမျှင်တွေ ထွက်ပေါ်လာစေတာ ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ ကြီးထွားသန်မာလာစေတာအပြင် လိင်မှုရေးရာမှာ အဓိကဖြစ်တဲ့ သုတ်ပိုးထုတ်လုပ်ခြင်း လုပ်ငန်းစဉ်နဲ့ တိုက်ရိုက်ဆက်နွယ်နေတာတွေ ပါဝင်ပါတယ်။ အမျိုးသားတွေမှာ အသက်အရွယ်ကြီးရင့်လာမှုအရ တက်စတိုစတီရုန်း (Testosterone) ထုတ်လုပ်မှု ပမဏဟာ လျော့ကျသွားတက်သလို လွဲမှားတဲ့ စားသောက်နေထိုင်မှု ပုံစံတွေနဲ့ Healthy မဖြစ်တဲ့ နေ့စဉ်အလေ့အထတွေကြောင့်လည်း ဟော်မုန်းကျဆင်းမှုကို ဖြစ်ပေါ်စေတက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ တက်စတိုစတီရုန်း (Testosterone) ကျနေတယ်ဆိုတာကို သတိပြုနိုင်မယ့် အချက်ပြလက္ခဏာတွေကို မျှဝေပေးချင်ပါတယ်။

(၁) မာဆယ်ထု ကျလာမယ်

Muscle Mass

Photo : Pegasus Home Health Care

တက်စတိုစတီရုန်း (Testosterone) ဟာ ကြွက်သားထု ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပါ။ ကျားဟော်မုန်း ပမာဏ ညီမျှတယ် ၊ ကောင်းမွန်တဲ့ ပမဏတစ်ခုမှာ ရှိနေတယ်ဆိုရင် ကြွက်သားကျစ်ကျစ်လစ်လစ်နဲ့ တောင့်တင်းတဲ့ ဘော်ဒီကို ပိုင်ဆိုင်မှာပါ။ ဒီလိုမှ မဟုတ်ပဲ တက်စတိုစတီရုန်း (Testosterone) လျော့ကျနေပြီဆိုရင်တော့ ကြွက်သားထုလည်း ကျလာပါလိမ့်မယ်။

(၂) အရိုးတွေရဲ့ ကြံ့ခိုင်သန်မာမှု လျော့လာမယ်

Bone

Photo : Fracture Healing

ကြွက်သားထုနဲ့ အတူတူပါပဲ။ တက်စတိုစတီရုန်း (Testosterone) ဟာ အရိုးတစ်သျှူးတွေ ဖွဲ့စည်းဖို့နဲ့ အရိုးတွေ ကြံ့ခိုင်သန်မာစေဖို့ အဓိက ကူညီပေးနေပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျလာရင် အရိုးတွေရဲ့ ကြံ့ခိုင်သန်မာမှုဟာလည်း ကျဆင်းလာမှာ ဖြစ်ပြီး အရိုးတွေ ကြွပ်ဆပ်လာတာ ၊ အရိုးသိပ်သည်းဆ အားနည်းပြီး လွယ်လွယ်ကူကူပဲ အရိုးတွေ ကျိုးလွယ်တာတွေ ဖြစ်နိုင်ပါတယ်။

(၃) လိင်စိတ်လျော့လာမယ်

Couple

Photo : Best Life

ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) နဲ့ တိုက်ရိုက်ဆက်နွယ်နေတာ Sex Drive လို့ခေါ်တဲ့ လိင်စိတ်တက်ကြွမှုပါ။ တက်စတိုစတီရုန်း (Testosterone) ကျဆင်းလာတာနဲ့ လိင်စိတ်ဆန္ဒတက်ကြွမှုလည်း လျော့နည်းလာပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒ လျော့နည်းလာတက်ပြီး ဒါရဲ့ နောက်ကွယ်က အကြောင်းအရင်းကတော့ တက်စတိုစတီရုန်း (Testosterone) နည်းပါးလာခြင်းကြောင့် ဖြစ်ပါတယ်။ အချို့လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသားတွေမှာ တက်စတိုစတီရုန်း (Testosterone) ကျဆင်းပါ လိင်စိတ်ဆန္ဒတက်ကြွမှု လျော့လာတက်ပါတယ်။

(၄) မောပန်းနွမ်းနယ်နေမယ်

Tired

Photo : Men’s Health

တက်စတိုစတီရုန်း (Testosterone) ဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမဏနဲ့လည်း သက်ဆိုင်ပါတယ်။ တက်စတိုစတီရုန်း (Testosterone) ကျဆင်းခြင်းက စွမ်းအင်ကျဆင်းမှုကို ဖြစ်စေပြီး တစ်နေ့တာအတွင်းက အချိန်တော်တော်များများမှာ မောပန်းနွမ်းနယ်နေတာ ၊ အားမရှိသလို ခံစားရတာ အပြင် လုံလုံလောက်လောက် အနားယူပြီးသင်တိုင်အောင် တက်ကြွလန်းဆန်းမှုမရှိပဲ ပင်ပန်းနွမ်းနယ်နေတဲ့ ခံစားချက်တွေ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။

(၅) အဆီတွေ တိုးလာမယ်

Body Fat

Photo : Muscle & Fitness

တက်စတိုစတီရုန်း (Testosterone) ကျရင် သိသာတဲ့ အချက်တစ်ခုက ခန္ဓာကိုယ်မှာ အဆီပမဏ တက်လာတာပါ။ ဒါဟာ ဟော်မုန်းအပြောင်းအလဲကြောင့် အဆီပိုတွေ တက်လာစေတာဖြစ်ပြီး အမျိုးသားတွေမှာဆိုရင် ဗိုက်ခေါက် ၊ ရင်ဘတ် ၊ ကျောနဲ့ လက်မောင်းလို နေရာတွေမှာ အဆီတွေ သိသိသာသာ စုဝေးလာတက်ပါတယ်။

(၆) ဆံပင်တွေ ကျွတ်လာမယ်

Hair Loss

Photo : Health

လူတော်တော်များများကတော့ ဆံပင်ကျွတ်တာ ၊ ထိပ်ပြောင်တာဟာ အသက်အရွယ်အရ အိုမင်းရင့်ရော်မှုဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ထင်ကြပါတယ်။ မှန်ပါတယ် အသက်အရွယ် ပြောင်းလဲမှုအရ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်သလို ကျားဟော်မုန်း အတက်အကျ ဖြစ်ပေါ်နေပါကလည်း ဆံပင်တွေ ကျွတ်လာနိုင်တယ်လို့ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့ ပြဿနာကို အရေပြားနဲ့ အလှအပဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင် ကုသနိုင်သလို ဟော်မုန်းကုထုံး ခံယူခြင်းဖြင့်လည်း သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

Source : Medical News Today

Featured Photo : Proactive Men’s Medical Center