ပူ ပူ နွေး နွေး ထွက်ရှိထားတဲ့ သီချင်း အသစ်တွေကိုမှ နားထောင်ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ လတ်တလောမှာ Hit ဖြစ်နေတဲ့ သီချင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းက လောလောလတ်လတ် ထွက်ရှိထားတဲ့ သီချင်းတွေဖြစ်ပြီး လူကြိုက်များတဲ့ ဘေလ်ဘုတ် Top Ten စာရင်းဝင် သီချင်းများပဲဖြစ်ပါတယ်။ ဒီ ပူ ပူ နွေး နွေး သီချင်း ကောင်းတွေကို နားမထောင်ဖူးဘူးဆိုရင်တော့ ကွီးတို့အကုန်လုံး နောက်ကောက်ကျကျန်ခဲ့ပါလိမ့်မယ်။

I Had Some Help By Post Malone Featuring Morgan Wallen

Source: Post Malone

ဘေလ်ဘုတ်ရဲ့ နံပါတ် (၁) စာရင်းဝင် သီချင်းကတော့ Post Malone ရဲ့ I Had Some Help ဆိုတဲ့ သီချင်းပဲဖြစ်ပါတယ်။ ပြတ်စဲသွားပြီဖြစ်တဲ့ အချစ်ရေးအကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။ Upbeat Country သီချင်းလေးဖြစ်တာကြောင့် နားထောင်လို့ ကောင်းပါတယ်။​

A Bar Song (Tipsy) By Shaboozey

Source: Shaboozey

ဒီသီချင်းလေးကတော့ လွန်ခဲ့တဲ့ ၂ လလောက်က ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပေမယ့် ယနေ့အထိ နံပါတ် (၃) နေရာမှာ ရပ်တည်နေနိုင်ဆဲပဲဖြစ်ပါတယ်။ လက်ရှိ အမှန်တရားကနေ လွတ်မြောက်ချင်ပြီး ပျော်ရွှင်မှုကို ရှာဖွေချင်တဲ့အကြောင်း စပ်ဆိုထားတာပဲဖြစ်ပါတယ်။။

Not Like Us By Kendrick Lamar

Source: Kendrick Lamar

ရက်ပ်သီချင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့ သီချင်းချစ်သူ ပရိသတ်များအနေနဲ့ ဒီသီချင်းလေးကို နားဆင်ခံစားနိုင်ပါတယ်။ အတိတ်က အကြောင်းအရာတွေကို ဖမ်းဆုပ်မထားသင့်ကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။ ဒီသီချင်းက ပြောရမယ်ဆိုရင်တော့ အာဖရိကန် အမေရိကန်လူမျိုးများ ကြုံတွေ့နေရတဲ့ လူမျိုးရေး ခွဲခြားခံရမှုတွေအကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။

Expresso By Sabrina Carpenter

Source: Sabrina Carpenter

ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ကို Espresso ကော်ဖီကို စွဲလမ်းသလို စွဲလမ်းနေတဲ့အကြောင်း သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Please Please Please By Sabrina Carpenter

Source: Sabrina Carpenter

ဒီသီချင်းလေးကတော့ ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သူ(မ)အပေါ် နားလည်မှု ထားရှိဖို့၊ သစ္စာရှိဖို့နဲ့ လေးစားဖို့ တောင်းဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​

Million Dollar Baby By Tommy Richman

Source: Tommy Richman

ဒီသီချင်းကတော့ ရက်ပ်သီချင်းကောင်းများကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် သီချင်းသစ်တစ်ပုဒ်ပဲဖြစ်ပါတယ်။

Too Sweet By Hozier

Source: Hozier

ဒီသီချင်းထဲမှာတော့ သူ့ရဲ့ ကောင်မလေးက အရမ်းကို ချိုမြိန်ပြီး နူးညံ့တဲ့အကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူကတော့ ချိုမြိန်လွန်းတာကို မလိုလားဘဲ ဆန့်ကျင်ဘက်အရာကိုသာ လိုလားကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Beautiful Things By Benson Boone

Source: Benson Boone

ဒီသီချင်းကတော့ ထွက်ရှိခဲ့တာ ငါးလလောက်တော့ ကြာပါပြီ။ ဒါပေမဲ့ ဘေလ်ဘုတ် Top Ten ကနေ အခုထက်ထိ မဆင်းသေးပါဘူး။

Lose Control By Teddy Swims

Source: Teddy Swims

သူ့ရဲ့ ချစ်သူက သူ့နားဘေးနားမှာ မရှိရင် ဆောက်တည်ရာ မရဖြစ်ပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတာကို သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Birds of A Feather By Billie Eillish

Source: Billie Eillish

သူတော်ချင်းချင်း သီတင်းလွေ့လွေ့ဆိုတဲ့ သီချင်းခေါင်းစဥ်အတိုင်းပဲ လူတွေကလည်း ဝါသနာ တူရာ၊ စရိုက်တူရာ ပေါင်းသင်းမိကြတဲ့အကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ သီချင်းတွဗထဲက ဘယ်သီချင်းကို နှစ်သက်ပါသလဲ။

Source: Billboard

Featured Image: CBC