Motorola ကတော့ ကြေညာထားတဲ့အတိုင်း Moto G85 စမတ်ဖုန်းအသစ်ကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို 8GB/128GB နဲ့ 12GB/256GB ဆိုပြီး RAM/Storage အတွဲအစပ် Options ၂ မျိုးနဲ့ ထုတ်ထားပြီး ဈေးနှုန်းတွေ အနေနဲ့ကတော့ ရူပီး ၁၇,၉၉၉ ( ဒေါ်လာ ၂၁၅ / ယူရို ၂၀၀ ) နဲ့ ရူပီး ၁၉,၉၉၉ ( ဒေါ်လာ ၂၄၀ / ယူရို ၂၂၀ ) ဝန်းကျင်ခန့် အသီးသီး သတ်မှတ်ထားပါတယ်။

Motorola Moto G85

Photo : 91mobiles.com

Motorola Moto G85 စမတ်ဖုန်းမှာ Snapdragon 6s Gen 3 SoC မောင်းနှင်ထားပြီး Android 14 အသုံးပြုထားပါတယ်။ ကုမ္ပဏီ ဘက်ကနေ Moto G85 အတွက် Android Version Upgrades ၂ နှစ်နဲ့ Android Security Updates ၄ နှစ် ပေးသွားမယ်လို့ ကတိပြုထားပါတယ်။

Moto G85 မှာ ၆.၆၇ လက်မ 120Hz FullHD+ ကွေးညွှတ် OLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး Gorilla Glass 5 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ ဘက်ထရီ အနေနဲ့တော့ အခြားနိုင်ငံမော်ဒယ်တွေမှာ အသုံးပြုထားတဲ့ 30W အစား 33W အထိ အားသွင်းနိုင်တဲ့ 5,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ Sony ရဲ့ LTIA 600 ၊ 50MP Main ကင်မရာကို 8MP Ultrawide ကင်မရာနဲ့ အတူတွဲ တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာတော့ 32MP ဆယ်လ်ဖီကင်မရာ ၁ လုံး ပါဝင်ပါတယ်။

နောက်ထပ် Moto G85 မှာ ရေဒဏ်ဖုန်ဒဏ်ခံ IP52 Rating အဆင့်သတ်မှတ်ချက် ၊ Dolby Atmos ပါတဲ့ Stereo Speakers တွေနဲ့ In-Display Fingerprint Scanner လည်း ထည့်သွင်းပေးထားပါတယ်။

Motorola Moto G85

Photo : Gadgets 360

အရောင်တွေ အနေနဲ့တော့ Cobalt Blue ၊ Urban Grey နဲ့ Olive Green ဆိုပြီး အရောင် ၃ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာ Motorola ရဲ့ အိန္ဒိယ တရားဝင်ဝဘ်ဆိုဒ် ၊ Flipkart နဲ့ အိန္ဒိယနိုင်ငံတဝှမ်းက အရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Source : GSMArena.com

Featured Photo : Gizbot