ပုံမှန်အားဖြင့်တော့ အမျိုးသားတွေမှာ သုတ်လွှတ်တဲ့အခါ နာကျင်မှုမရှိပါဘူး။ အကယ်၍များ ကွီးတို့ သုတ်လွှတ် တဲ့အခါ နာကျင်မှု ဝေဒနာ ခံစားနေရရင်တော့ ပေါ့ပေါ့ဆဆ မနေဖို့ အကြံပြုချင်ပါတယ်။ ဒါဟာ ဆီးကျိတ်နဲ့ ဆိုင်တဲ့ ရောဂါ ၊ ဆေးဝါးမှီဝဲမှု ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါ (STIs) အပါအဝင် အခြားသော အကြောင်းအရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချို့အချိန်တွေမှာ နာကျင်မှုနဲ့အတူ လိင်တံမှာ ပူစပ်ပူလောင် ဖြစ်တဲ့ ခံစားချက်ကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ ၁-၁၀ ရာခိုင်နှုန်းလောက်ပဲ ဒီလို သုတ်လွှတ်ချိန်မှာ နာကျင်မှု လက္ခဏာတွေကို ခံစားရတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဆီးကျိတ်ရောင်ခြင်း ကဲ့သို့ ကျန်းမာရေးအခြေအ နေရှိနေတဲ့ အမျိုးသားတွေရဲ့ ၃၀ -၇၅ ရာခိုင်နှုန်းဟာလည်း သုက်လွှတ်ချိန်မှာ နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။
သုတ်လွှတ်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရခြင်းနဲ့ ပတ်သတ်တဲ့ ရောဂါလက္ခဏာများ
Photo : mars by GHC
ရောဂါလက္ခဏာတွေ အနေနဲ့တော့ သုက်လွှတ်နေချိန် ဒါမှမဟုတ် သုတ်လွှတ်ပြီးနောက်မှာ လိင်တံ ၊ ဆီးအိမ်နဲ့ စအိုတဝိုက်မှာ နာကျင်မှုဝေဒနာ ခံစားရတက်ပါတယ်။ သုက်လွှတ်ချိန်မှာ ခံစားရတက်တဲ့ နာကျင်မှု လက္ခဏာတွေဟာ လူတစ်ဦးနဲ့တစ်ဦးအပေါ် မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်သလို အချိန်နဲ့အမျှလည်း ပြောင်းလဲနိုင်ပါတယ်။ အချို့လူတွေမှာ ပါတနာနဲ့ အတူနေချိန် သုတ်လွှတ် တဲ့အခါမှာ နာကျင်မှု ဝေဒနာ ခံစားရတက်ပေမယ့် တစ်ကိုယ်ရည် အာသာဖြေချိန်မှာတော့ နာကျင်မှု မခံစားရတာလည်း ရှိတက်ပါတယ်။ ဖြစ်နိုင်ခြေ အရှိဆုံး ရောဂါလက္ခဏာတွေကတော့……….
သုက်လွှတ်နေချိန် သို့မဟုတ် သုတ်လွှတ်ပြီးနောက် ချက်ချင်းဆိုသလို နာကျင်မှုဝေဒနာ ခံစားရခြင်း
လိင်တံ ၊ ဆီးအိမ် သို့မဟုတ် စအိုတစ်ဝိုက်မှာ နာကျင်ခြင်း
သုတ်မလွှတ်မှီ သို့မဟုတ် သုတ်လွှတ်ခါနီးအချိန်တွေမှာ နာကျင်ဝေဒနာ စတင်ခံစားရခြင်း
အထူးသဖြင့် သုက်လွှတ်ပြီးပြီးချင်း ဆီးသွားရင် နာကျင်ခြင်း
စတဲ့ ထင်ရှားတဲ့ ရောဂါ လက္ခဏာတွေ ပြတက်ပါတယ်။ သုတ်လွှတ်ချိန်မှာ ခံစားရတဲ့ နာကျင်မှုဟာ မိနစ်အနည်းငယ်ခန့် ကြာနိုင်သလို သုက်လွှတ်ပြီးနောက် ၂၄ နာရီအထိ ဆက်လက် နာကျင်နေနိုင်ပါတယ်။
သုတ်လွှတ်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရစေတဲ့ အကြောင်းအရင်းများ
Photo : Prime Men’s Medical Center Jacksonville FL
အမျိုးသားအများစုမှာ သုက်လွှတ်ချိန် နာကျင်မှုဝေဒနာ ခံစားရတာဟာ ကျန်းမာရေးအခြေအနေအရပ်ရပ်ကြောင့် ဖြစ်နိုင်သလို တခါတရံမှာ ဆရာဝန်တွေကိုယ်တိုင် ဆေးဘက်ဆိုင်ရာ အကြောင်းအရင်းကို ရှာမတွေ့နိုင်တာမျိုးလည်း ဖြစ်တက်ပါတယ်။ ဆက်လက်ပြီး ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။
ပထဆုံး တစ်ခုကတော့ ဆီးကျိတ်ရောဂါ ပြဿနာပါ။ ဆီးကျိတ်ကင်ဆာ ၊ ဆီးကျိတ်ရောင်ရမ်းတာ ၊ ဆီးကျိတ်ကြီးတာ စတဲ့ ဆီးကျိတ်တဲ့ ဆိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် သုတ်လွှတ်ချိန်မှာ နာကျင်မှု ဝေဒနာကို ခံစားရနိုင်ပါတယ်။
နောက်တစ်ခုကတော့ သောက်သုံးမှီဝဲရတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် စိတ်ကျရောဂါအတွက် သောက်သုံးရတဲ့ ဆေးဝါးတွေဟာ Libido အတက်အကျ ၊ Erectile Dysfunction (ED) နဲ့ သုတ်လွှတ်ချိန်မှာ နာကျင်မှု ခံစားရတဲ့ ပြဿနာအပါအဝင် လိင်မှုဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ် ခံစားရစေနိုင်ပါတယ်။
အလားတူ စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများနဲ့ ပါတနာနဲ့ ဆက်ဆံရေး မပြေလည်းခြင်း အခြေအနေတွေကလည်း ကွီးတို့ရဲ့ လိင်မှုဘဝကို သိသိသာသာ ထိခိုက်စေနိုင်ပြီး ဖွားဖက်တော် ကျန်းမာရေးပြဿနာတွေနဲ့ သုတ်လွှတ်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကြောင့်လည်း သုတ်လွှတ် ချိန်မှာ နာကျင်မှု ဝေဒနာ ခံစားရတက်ပါတယ်။ ကလက်မိုင်ဒီးယား (Chlamydia) နဲ့ Trichomoniasis ရောဂါပိုးဝင်ခြင်း အပါအဝင် အခြားသော လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကြောင့် သုတ်လွှတ်ချိန် သို့မဟုတ် ဆီးသွားချိန် အခြေအနေ ၂ ရပ်လုံးမှာ နာကျင်တာ ၊ ပူစပ်ပူလောင် ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
ဆီးချို ရောဂါကဲ့သို့ အာရုံကြောစနစ်ကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း အော်ဂဇင် သို့မဟုတ် သုက်လွှတ်ခြင်းဆိုင်ရာ အာရုံကြောတွေကို ပျက်စီးစေတက်ပြီး သုက်လွှတ်စဉ်အတွင်း ပုံမှန်မဟုတ်တဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားရတက်ပါတယ်။
အကယ်၍ ကွီးတို့အနေနဲ့ သုတ်လွှတ်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတယ်ဆိုရင်တော့ ကြောက်လန့် ရှက်ရွံနေဖို့ မလိုပါဘူး။ အချိန်မှီ ဆရာဝန်ထံ အမြန်ဆုံး သွားရောက် စစ်ဆေးပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ကုသမှုကောင်းကောင်း လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော သုတ်လွှတ်ချိန်မှာ နာကျင်မှုဝေဒနာ ခံစားရတဲ့ အခြေအနေမျိုး ကြုံဖူးပါသလား ???
Source : Medical News Today
Featured Photo : Your Doctors Online