ဖိနပ် ကို တစ်ရံဆိုတစ်ရံပဲ စီးတက်တဲ့ ကွီးတို့ ကတော့ ဖက်ရှင်ကျတဲ့ အထာကျကျ ကွီးတစ်ယောက် ဖြစ်ချင်ရင် အဲ့ဒီအကျင့်ကို ဖျောက်ဖျက်ပစ်မှ ရပါလိမ့်မယ်။ အမျိုးသားတွေရဲ့ ဖက်ရှင်ပိုင်းမှာတော့ ဖိနပ်တွေဟာ သိပ်ကိုအရေးပါလှပြီး လူတစ်ဦးတစ်ယောက်ရဲ့ စတိုင်နဲ့ ကိုယ်ရည်ကိုယ်သွေးကို သတ်မှတ်ပေးရာမှာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ပျိုမဒီတွေ ကြွေဆင်းရမယ့် စတိုင်ကျတဲ့ ကွီးတစ်ယောက်ဖြစ်ချင်ရင် အခုပြောပြမယ့် ဖိနပ်အမျိုးအစားတွေတော့ ပိုင်ဆိုင်ထားဖို့ လိုပါမယ်။
(၁) Oxford Shoes

Photo : Rolling Stone
ကွီးတို့ရဲ့ ဗီရိုထဲမှာ အနက်ရောင် သို့မဟုတ် အညိုရောင် Oxfords ဖိနပ် တစ်ရံကတော့ အနည်းဆုံး ရှိထားဖို့ လိုပါမယ်။ Classic Oxford Shoes တွေက အဓိကအားဖြင့် Formal Occasions တွေအတွက် သိပ်ကို ပြီးပြည့်စုံပြီး အလုပ်အင်တာဗျူး ဖြေဆိုချိန်တွေ ၊ အရေးကြီး အစည်းအဝေးပွဲ တက်ရောက်တာတွေအတွက် အင်မတန်ကိုမှ လိုက်ဖက်ပြီး ကြော့ရှင်းသန့်ပြန့်တဲ့ အသွင်အပြင်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။
(၂) Loafers

Photo : Medium
အမျိုးသားဝတ် ဖိနပ် တွေအကြောင်း ပြောရင်တော့ Loafers တွေက မပါမဖြစ် ထည့်ပြောရမှာပါ။ ဝတ်ရတာ သက်တောင့်သက်သာ ရှိသလောက် စတိုင်ကျချက်ကလည်း ရှယ်ကြီးပါပဲ။ Casual ကနေ Semi-Formal အထိ ဝတ်လို့ အဆင်ပြေပြီး Office Wear ပဲဝတ်မလား ၊ ညနေခင်း ချစ်သူလေးနဲ့ ဒိတ်လုပ်မလား ၊ သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး နေ့လည်စာထွက်စားမလား အားလုံးအိုကေတဲ့ စွယ်စုံရ ဖိနပ်တစ်ရံ ဖြစ်ပါတယ်။
(၃) Sneakers

Photo : Man of Many
Sneakers တွေကတော့ အထွေအထူး ထည့်ပြောစရာကို မလိုတဲ့ ဖိနပ် တွေဖြစ်ပေမယ့်လည်း ဖက်ရှင်အကြောင်း ပြောတာဖြစ်တာကြောင့် သေချာပေါက် ထည့်ပြောရမှာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေအတွက် လုံးဝကို မရှိမဖြစ် ဖိနပ်တစ်ရံဆိုလည်း မမှားပါဘူး။ ပေါ့ပေါ့ပါးပါး ဟိုနားဒီနား သွားတာကနေ Gym ပဲသွားသွား ၊ ရုံးပဲတက်တက် လုံးဝ အဆင်ပြေစေမယ့် ဖိနပ်တွေပဲ ဖြစ်ပါတယ်။ သက်သောင့်သက်သာရှိမှုနဲ့ စတိုင်ကျမှုကို အချိုးကျကျ ပေးစွမ်းတာကြောင့် ကွီးတို့ မျက်စိမှိတ်ပြီး ဝယ်လို့ ရပါတယ်။
(၄) Chelsea Boots
Photo : Thursday Boot Company
Timeless ဖြစ်သလို Classic လည်းဖြစ်တဲ့ Chelsea Boots တစ်ရံကလည်း ကွီးတို့ သေချာပေါက် ပိုင်ဆိုင်ထားရမယ့် ဖိနပ်တစ်ရံပါပဲ။ Chelsea Boots တွေကလည်း Formal ရော Casual Occasions တွေအတွက်ပါ အဆင်ပြေပြီး ဘက်စုံသုံးနိုင်တဲ့ စွယ်စုံရ ဖိနပ်တစ်ရံပါ။ ဘယ်နေရာမဆို အမြင်တင့်တယ်ပြီး သပ်ရပ်စတိုင်ကျမှုကို ပေးစွမ်းသလို Day To Night ဝတ်လို့ရတဲ့ အမိုက်စား ဖိနပ်တွေပဲ ဖြစ်ပါတယ်။
Source : magicpin
Featured Photo : Tweed Suits – MENSWEARR

