မိုလ်ဘိုင်းဂိမ်း ဆိုရင် ဂိမ်းအမျိုးအစား သိပ်မရွေးဘူး ၊ ဘယ်ဂိမ်းလာလာ ဘာလာလာဒေါင်း တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် ဒီတစ်ခေါက်မှာတော့ အသစ်ထွက်ထားတဲ့ ဆော့လို့ကောင်းမယ့် အမိုက်စား ဂိမ်းမိုက်မိုက် လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) Twilight Survivors
Source : DORIDORI STUDIO
Twilight Survivors ဂိမ်းလေးကတော့ Survival / Roguelite အမျိုးအစား အသစ်စက်စက် ဂိမ်းအမိုက်စားလေး တစ်ခုပါ။ ဒီနှစ်အစောပိုင်းတုန်းက Steam နဲ့ Nintendo Switch တွေအတွက် ထွက်ရှိခဲ့ပြီး ယခုအခါမှာတော့ မိုလ်ဘိုင်းဗားရှင်း အနေနဲ့ပါ Play Store မှာ ဒေါင်းလို့ ရနေပါပြီ။ ကမ္ဘာကြီးကို မွန်းစတားတွေ ၊ လူဆိုးတွေ သိမ်းပိုက်လိုက်တဲ့နောက်မှာ Bonder Continent ရဲ့ နောက်ဆုံး မျှော်လင့်ချက် ဇာတ်ကောင်နေရာကနေ Players တွေ ပါဝင်ကစားရမှာပါ။ ဒီဂိမ်းက Characters ၉ ယောက်ပေးထားပြီး Weapons တွေ Unique ဖြစ်တဲ့ Skills တွေနဲ့ ဗျူဟာကျကျ ကစားသွားရမှာ ဖြစ်ပါတယ်။ Free To Play ကစားလို့ ရပါတယ်။
(၂) That’s Not My Neighbor
Source : NitroVR360
စိတ်လှုပ်ရှားစရာ မိုလ်ဘိုင်းဂိမ်း တွေကိုမှ ရင်တထိတ်ထိတ်နဲ့ ဆော့ချင်တဲ့ ဂိမ်းချစ်သူ ကွီးတို့အတွက် That’s Not My Neighbor လို့ခေါ်တဲ့ Horror / Simulation ဂိမ်းလေး ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းသွားလေးကိုတော့ ၁၉၅၀ ခုနှစ်တွေဆီ အသက်သွင်းထားပြီး Players တွေကတော့ အဆောက်အဦးကို စောင့်ကြပ်ရတဲ့ တံခါးမှူးဇာတ်ကောင်နေရာကနေ ကစားရမှာပါ။ ကွီးတို့ရဲ့ အဓိက အလုပ်က အချက်အလက်တွေကို သေချာစစ်ဆေးပြီး တံခါးကို ဖြတ်ဝင်ခွင့်ပေး/မပေးကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးက ရိုးရှင်းပေမယ့် အနည်းငယ်တော့ ဆော့ရခက်တယ်လို့ ပြောလို့ရပြီး စိတ်ဝင်စားမှုအပြည့်နဲ့ သေချာအာရုံစိုက် ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက Free To Play ကစားလို့ ရပေမယ့် ငယ်ရွယ်တဲ့ ကလေးငယ်တွေကိုတော့ ပေးမဆော့သင့်ပါဘူး။
(၃) Honor of Kings
Source : Honor of Kings
MOBA ဂိမ်းပုံစံတွေ ကြိုက်တဲ့ ကွီးတို့အတွက် Honor of Kings ဂိမ်းလေးက လုံးဝအသစ်ဖြစ်ပြီး အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းက တရုတ်မှာတော့ ထွက်တာနှစ်အတော်ကြာပြီ ဖြစ်ပေမယ့် Android မှာ Globally ဗားရှင်းအနေနဲ့ ဖြန့်ဝေလိုက်တာတော့ သိပ်မကြာသေးပါဘူး။ ဂိမ်းအကြောင်း အကျဉ်းချုံးပြောရရင် 5v5 MOBA Title အောက်မှာ Heroes ၁၀၀ ကျော်ပါမယ် ၊ ဂိမ်းချစ်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Three-Lane Map Layout ပါမယ် ၊ တစ်ဖက်က ပြိုင်ဘက်ရန်သူတွေနဲ့ တိုက်ခိုက်ယှဉ်ပြိုင်ရမယ် ၊ Graphics တွေမိုက်တယ် ၊ Animations တွေကြွမယ် ၊ နောက်ခံအသံတွေ လန်းမယ် ဒီလောက်ပါပဲ။ Multiplayer Online Battle Arena ဂိမ်းတွေ ကြိုက်ရင်တော့ Free To Play ကစားလို့ရတဲ့ Honor of Kings မိုလ်ဘိုင်းဂိမ်း လေးက သေချာပေါက် Try ကြည့်သင့်တဲ့ List ထဲမှာ ပါပါတယ်။
(၄) GUNCHO
Source : Arnold Rauers
GUNCHO ဂိမ်းလေးကတော့ တော်တော်လေး အထာကျတဲ့ Western-Themed သေနတ်ပစ် ဂိမ်းအမိုက်စားလေး တစ်ခုပါ။ ပုံမှန်သေနတ်ပစ် Shooting ဂိမ်းတွေနဲ့ မတူပဲ တော်တော်လေး ထူးခြားကွဲထွက်နေပြီး နည်းဗျူဟာကျကျ သေချာတွက်ချက် ချိန်ဆကစားရမှာ ဖြစ်ပါတယ်။ ရင်ဆိုင်ရမယ့် ရန်သူတော်တွေအားလုံးမှာ မတူညီတဲ့ အားသာချက်တွေနဲ့ ခြိမ်းခြောက်မှုတွေရှိပြီး ဒါတွေကို ကွီးတို့အနေနဲ့ အကောင်းဆုံး ဗျူဟာချ တွေးတောကြံဆပြီး ရင်ဆိုင်ပစ်ခတ်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးကလည်း Free To Play ကစားလို့ ရပါတယ်။
Source : Android Authority
Featured Photo : Steam